မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၇ -
 
== မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ==
[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင်မော်လမြိုင်မြို့ ]]
[[File:Earl Amherst.JPG|thumb|တနင်္သာရီဘုရင်ခံ လော့ဒ်အင်းမှတ်စ် (Lord Amherst)]]
အင်္ဂလိပ်တို့ကလည်း ဦးထော်လေးအား လေးစားလာသဖြင့် တနင်္သာရီ ဒုတိယဘုရင်ခံ လော့ဒ်အင်းမှတ်စ်က မော်လမြိုင်မြို့တွင် ဦးထော်လေးအား ခရစ်သက္ကရာဇ် ၁၈၃၅ ခုနှစ် ၊ ဇူလိုင်လဆန်းမှ စ၍ အင်္ဂလိပ်အစိုးရက စစ်ကဲ ခန့်အပ်လိုက်သည်။ ထိုခန့်အပ်လွှာ အတိုင်းဆိုလျှင် စ၍ ခန့်သည့်အခါက လစာငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့လေသည်။ ထို့နောက်မှ လစာတိုးမြှင့်ခဲ့သည်။ ထိုအခါက စစ်ကဲ ဦးထော်လေးသည် ရုံးထိုင်အရာရှိ တရားသူကြီးအဖြစ် သက်ဆိုင်ရာအမှုများကို စီရင်စစ်ဆေးရ၏။ မြို့ဝန်ဖြစ်လာသူ ဖြစ်သဖြင့် တရားမမှု၊ မြို့မှု၊ ရွာမှု၊ အမွေမှုများကို ပိုင်နိုင်စွာ စစ်ဆေးနိုင်ခဲ့သည် ဆို၏။ ထိုအခါက သီးခြားရုံး အဆောက်အအုံ မဖွင့်နိုင်သေးသဖြင့် မိမိပိုင် နေအိမ်ကြီး၏ တစ်ဝက်ကို ရုံးခန်း အဖြစ်ဖြင့် အသုံးပြုခဲ့ရသည်။ ဦးထော်လေး ရုံးစိုက်ရာ နေရာ အရပ်ကို ယခုတိုင် မော်လမြိုင်မြို့တွင် စစ်ကဲကုန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် ရွှေကျင်မြို့ဝန် ဦးမြတ်ဖြူသည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပြေးဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုးရတို့က ဦးမြတ်ဖြူအား ဒိုင်းဝန်ကွင်းအရပ်တွင် နေရာချထားပြီး မြောက်ပိုင်းစစ်ကဲဟု သတ်မှတ်ခန့်အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦးထော်လေးသည် တောင်ပိုင်းစစ်ကဲ တရားသူကြီး ဖြစ်လာသည်။ ဦးထော်လေး၏ လက်အောက်တွင် သူကြီးများ၊ အရပ်အုပ်များ၊ သမာဓိမြို့ဝန် တရားသူကြီးများ ခန့်ထားရာ ဦးထော်လေးသည် တပည့်များ ဖြစ်သော မောင်ငန်၊ မောင်ဘိုးစောနှင့် မောင်သာယာတို့အား ရာထူးပေး အုပ်ချုပ်စေ၏။ ထိုတပည့်များ အုပ်ချုပ်ရာ အရပ်များသည် ယခုတိုင် မောင်ငန်ရပ်၊ ဘိုးစောကုန်းရပ်၊ သာယာကုန်းရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့သည်။ ထိုစဉ်က တရားစီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပဒေများ မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ဦးထော်လေးသည် မြန်မာ့အုပ်ချုပ်ရေး ထုံးတမ်းစဉ်လာဖြစ်သည့် ဓမ္မသတ်၊ ရာဇသတ်တို့ဖြင့် အုပ်ချုပ်၍ တရားစီရင်ခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရကလည်း စစ်ကဲခန့်စာ၌ မိမိကျွမ်းကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြားထားလေသည်။
Line ၅၅ ⟶ ၅၄:
စစ်ကဲ ဦးထော်လေးသည် မော်လမြိုင်တွင် နေထိုင်စဉ်က တစ်ချိန်က မြူနီစပါယ်ရုံးနှင့် သစ်တောရုံးတည် အကြားရှိ ဘုရင်မ ပန်းခြံထောင့်နေရာတွင် အိမ်ဆောက်နေထိုင်ခဲ့သည်။
အင်္ဂလိပ် ြ မြန်မာ စစ်ပြီးသော်လည်း မကြာခဏ အချင်းများလျက် နိုင်ငံရေး ရှုပ်ထွေးနေလေရာ အင်္ဂလိပ်တို့သည် တနင်္သာရီနှင့် ပတ်သက်၍ အကြံအိုက်လျက် ရှိသည်။ ထိုအခါတွင် ဦးထော်လေးက အကယ်၍ မြန်မာအစိုးရက တန်ရာတန်ဖိုးပေးလျက် ဝယ်ယူလျင် တနင်္သာရီနယ်ကို ပြန်ပေးမည်လောဟု အင်္ဂလိပ်အစိုးရအား စကားကမ်းလှမ်းလိုက်၏။ ထိုကိစ္စကို အိန္ဒိယဘုရင်ခံချုပ် ဘော့ဒ်အင်းမှတ်စ်အား တင်ပြရာ မကြာမီ သဘောတူပြီး အင်းဝသို့ ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်တွင် ကိုယ်စားလှယ်အဖြစ် မေဂျာဘားနေးအား စကားဆိုစေသည်။ စကားဆိုနေစဉ် အိန္ဒိယ အစိုးရက မြန်မာပိုင် ကလေးတောင်ကြားကို သိမ်းယူသဖြင့် တနင်္သာရီနှင့်ပတ်သက်သော စေ့စပ်မှု ပျက်ပြယ်သွားခဲ့ရလေသည်။
 
 
 
Line ၆၃ ⟶ ၆၁:
 
== ဘဝနိဂုံး ==
အသက် ၇၇ နှစ် အရွယ်သို့ ရောက်သောအခါ ဇရာထောင်းလာသောကြောင့် ဦးထော်လေးသည် မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ဘဝမှ အငြိမ်းစားယူကာ ရန်ကုန်မြို့သို့ ရောက်လာနေထိုင်ခဲ့လေသည်။ ထိုမှ တစ်ဖန် ဒလ (တွံ့တေးမြို့ ) သို့ သွားရောက်နေထိုင်ကာ တွံတေး ရွှေဆံတော် စေတီတော်ကို လှူဒါန်းခဲ့ပြန်လေသည်။ ဦးထော်လေးအား [[ဝိတိုရိယ ဘုရင်မ]] မှ ကျက်သရေဆောင် ရွှေစလွယ်မင်းဘွဲ့ကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် ဦးထော်လေးသည် ဒလ (တွံတေး) မြို့၌နေစဉ် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊ (ခရစ် ၁၈၆၇ ခုနှစ် ) အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်သွားသည်ဟု ဘီအာရ်ပန်း၏ ရန်ကုန်ရာဇဝင်တွင် ဆိုလေသည်။[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင်မော်လမြိုင်မြို့ ]]အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။ ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော ဦးထော်လေးနှင့် ဦးခိုင်တို့ကိုလည်း အမည်ပေးရန် ပန်ကြားခဲ့ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း ဟု ခေါ်တွင်နေသော မောင်ထော်လေးလမ်းကို ဦးထော်လေးက သူ၏ အမည် မှည့်ခေါ်စေလိုခြင်းမှာ (၁) ထိုလမ်း၌ ရန်ကုန်မြို့တွင် ရှေးအကျဆုံးဖြစ်သော ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိ၏။ တည်ထောင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်မျှရှိပြီဖြစ်၏။ ထိုကျောင်းဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်ပွားသွားမည်စိုး၍ ဦးထော်လေးက အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထိုကျောင်းတွင် မြန်မာ့သမိုင်း၌ ထင်ရှားသော ဒေါက်တာမတ် ခေါ် ဆရာမှတ်ကြီး နေထိုင်သွားဖူးသည်ဟု ဆို၏။ သို့ကန့်ကွက်ခဲ့သည်ကို အကြောင်းပြု၍ လည်းကောင်း ၊ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦးထော်လေးသည် ကန္နားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ပေးခဲ့ဖူးသောကြောင့် တစ်ကြောင်း၊ ထို နှစ်ကြောင်းတို့ကြောင့် ၎င်းလမ်းကို သူ၏အမည် မှည့်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
 
အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။ ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော ဦးထော်လေးနှင့် ဦးခိုင်တို့ကိုလည်း အမည်ပေးရန် ပန်ကြားခဲ့ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း ဟု ခေါ်တွင်နေသော မောင်ထော်လေးလမ်းကို ဦးထော်လေးက သူ၏ အမည် မှည့်ခေါ်စေလိုခြင်းမှာ (၁) ထိုလမ်း၌ ရန်ကုန်မြို့တွင် ရှေးအကျဆုံးဖြစ်သော ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိ၏။ တည်ထောင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်မျှရှိပြီဖြစ်၏။ ထိုကျောင်းဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်ပွားသွားမည်စိုး၍ ဦးထော်လေးက အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထိုကျောင်းတွင် မြန်မာ့သမိုင်း၌ ထင်ရှားသော ဒေါက်တာမတ် ခေါ် ဆရာမှတ်ကြီး နေထိုင်သွားဖူးသည်ဟု ဆို၏။ သို့ကန့်ကွက်ခဲ့သည်ကို အကြောင်းပြု၍ လည်းကောင်း ၊ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦးထော်လေးသည် ကန္နားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ပေးခဲ့ဖူးသောကြောင့် တစ်ကြောင်း၊ ထို နှစ်ကြောင်းတို့ကြောင့် ၎င်းလမ်းကို သူ၏အမည် မှည့်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
 
== မျိုးဆက် ==