မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၁၇ -
'''မော်လမြိုင်မြို့''' ({{lang-mnw|မတ်မလီု}}) သည် [[မွန်ပြည်နယ်]]၏ မြို့တော်ဖြစ်သည်။ [[ရန်ကုန်မြို့]]မှ ကီလိုမီတာ ၃၀၀ ကွာဝေးပြီး [[သထုံမြို့]]မှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် [[သံလွင်မြစ်|သံလွင်မြစ်ဝ]]၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောင်းဝယ်ဖောက်ကားရန် အဓိကနေရာကြီးဖြစ်သည်။ မော်လမြိုင်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တမြို့ဖြစ်ခဲ့လေသည်။
 
[[File:ShampooIsland.jpg|thumb|250px|မော်လမြိုင်မြို့၊ သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်း]]
== ပထဝီအနေအထား ==
မော်လမြိုင်မြို့သည် သံလွင်မြစ်ဝကျွန်းပေါ်တွင် တည်ရှိသော ဒေသတစ်ခု ဖြစ်သည်။ မြစ်ပါးစပ်တွင် ဘီလူးကျွန်းသည် သံလွင်မြစ်ကို ခွပိတ်ထားပြီး မုတ္တမပင်လယ်ကွေ့ အတွင်းသို့ စီးဝင်စေသည်။ ထိုကျွန်း၏အရှေ့မြောက်ဘက်တွင် ထင်ရှားသော ခေါင်းဆေးကျွန်းရှိလေသည်။ ပင်လယ်မှ ၂၈ မိုင်ဝေး၏။ မြို့သည် အနောက်ဖက်နှင့် မြောက်ဖက်ရှိ သံလွင်မြစ်နှင့် အတ္ထရံမြစ် ကမ်းရိုးတလျှောက်နှင့် အရှေ့ဖက် တောင်တန်းအကြားတွင် တည်ထားသောမြို့ဖြစ်ရကား အလျားရှည်၍ အနံတို၏။ မြို့၏အလျားမှာ ၇ မိုင်ခန့်ရှိ၍ တထောင်ဆစ်ကွေး သဏ္ဌာန်ရှိ၏။ မြို့သည် အရှေ့မှ အနောက်သို့ ဆင်ခြေလျှော ရှိပြီးလျှင် အရှေ့ဖက်တောင်တန်းတလျှောက်ပေါ်၌ စေတီများ တည်ထားသည့်ပြင် ကမ်းရိုးတလျှောက်၌လည်း သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိမ်းလန်းလန်း စို⁠စိုပြည်ပြည် ရှိရကား အလွန်သာယာသော ရှုမျှော်ခင်းကောင်း ဆိပ်ကမ်းမြို့တမြို့အဖြစ် ထင်ရှားကျော်ကြားသည်။ ပြည်တွင်းပြည်ပ ခရီးသည်များသည် မော်လမြိုင်သို့ မီးသင်္ဘောဖြင့်ဖြစ်စေ၊ မီးရထားဖြင့်ဖြစ်စေ လာရောက်ကြသည့်အခါ မြို့၏သာယာလှသည့် ရှုမျှော်ခင်းကို အဝေးကပင် မြင်ကြရသည်။
 
ထို့ကြောင့် [[ကင်းဝန်မင်းကြီး]]သည် သံအရာရှိကြီးအဖြစ်ဖြင့် [[ပြင်သစ်နိုင်ငံ]] [[ပါရီမြို့|ပါရီမြို့တော်]]သို့အသွား မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တန်ခူးလ (ခရစ်နှစ် ၁၈၇၃ ခုနှစ်)၌ မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်၌ ''ကို⁠ကိုနာဒ၊ သာစွမည်တွင်၊ စက်ယာဉ်ညင်နှင့်၊ ရေပင်လယ်ချက်၊ စခန်းသို့ထွက်ခဲ့၍၊ တရက်နှင့်တည၊ ကာလမကြာ၊ ရှုလေရာပင်၊ နတ်ရွာတပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင်ဝင်ဆိုက၊ တွေ့ကြုံကြိုက်ရသည်၊ မျှော်လိုက်တိုင်း လွန်ပျိုနု၏။''ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။[[File:ShampooIsland.jpg|thumb|250px|မော်လမြိုင်မြို့၊ သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်း]]
== ဝေါဟာရရင်းမြစ် ==
မော်လမြိုင်မြို့၏ အမည်ဖြစ်ပေါ်လာပုံကို သမိုင်း၌ ဤသို့ဆိုလေသည်။
Line ၁၄၆ ⟶ ၁၄၃:
၁၈၃၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ [[မြန်မာနိုင်ငံ သတင်းစာများ|ပထမဦးဆုံးသတင်းစာ]] "''The Maulmain Chronicle''"ကို ဗြိတိသျှတို့သည် မော်လမြိုင်၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။<ref>Banerjee, I. & Logan, S. ''Asian Communication Handbook 2008.'' AMIC, 2008. <nowiki>ISBN 978-981-4136-10-5</nowiki>.</ref> အမေရိကန် နှစ်ခြင်းကို စတင် တည်ထောင်သူ အဒိုနီရမ် ဂျပ်ဆင် '''('''[[ယုဒသန်]])သည် သူ ပြန်ဆိုသော မြန်မာ့ပထမဆုံးဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ်တွင် မော်လမြိုင်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ယုဒသန်၏ လက်ငုတ် ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ကို ဆရာ အီး၊ အေး၊ စတီဗင်က ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ်နိုင်ခဲ့လေ သည်။
[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ မော်လမြိုင်မြို့]]
ခရစ်နှစ် ၁၈၂၆ မှ ၁၈၆၂ အကြားတွင်, ကိုလိုနီခေတ်မော်လမြိုင်မြို့သည် ဗြိတိသျှမြန်မာနိုင်ငံ၏ဗဟို ဖြစ်လာခဲ့ပါသည်။<ref>McPherson, Kenneth (2002). ''Port Cities as Nodal Points of Change''. Columbia University Press. pp. 75–95.</ref> [[ဒုတိယအင်္ဂလိပ်မြန်မာစစ်]] ပြီးသော ဗြိတိသျှတို့ သည် အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်သို့ ၁၈၆၂ ခုနှစ်တွင် တရားဝင်ပြောင်းရွေ့ခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် ဒဿမ​မြောက် ဖြစ်သော မြန်မာဘုရင် [[မင်းတုန်းမင်း]] စေလွှတ်သောသံအဖွဲ့ကို [[ကောင်း၊ ဦး (ကင်းဝန်မင်းကြီး)|ကင်းဝန်မင်းကြီးဦးကောင်း]] ဦးဆောင်၍ ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား၌ ဗြိတိသျှပိုင်မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်ဖွဲ့ဆိုခဲ့လေသည်။
 
ခရစ်နှစ် ၁၈၇၈ ပြည့်နှစ်တွင် [[မင်းတုန်းမင်း]] နတ်ရွာစံပြီးနောက် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ [[စိန်တုံးမိဖုရား]] သည် ဗြိတိသျှပိုင် အောက်ပြည်ကို စုန်ဆင်းကာ [[မော်လမြိုင်|မော်လမြိုင်မြို့]] သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။
Line ၁၅၄ ⟶ ၁၅၁:
Lookin' lazy at the sea
There's a Burma girl a-settin'
and I know she thinks o' me".</blockquote>
ထို့အပြင် ကမ္ဘာ့စာပေလောကတွင် လျှမ်း⁠လျှမ်းတောက်ကျော်ကြားခဲ့သော အင်္ဂလိပ် စာရေးဆရာ ဂျော့အိုဝယ်(George Orwell) ၁၉၂၆ ခုနှစ်တွင် နေထိုင်ခဲ့သည့်မြို့ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင်သူ၏ စာအုပ် ''[https://en.m.wikipedia.org/wiki/Shooting_an_Elephant Shooting an Elephant]'' ၌ ဤသို့ရေးသားထားလေသည်။
<blockquote>In Moulmein, in Lower Burma, I was hated by large numbers of people -- the only time in my life that I have been important enough for this to happen to me.</blockquote>
Line ၁၆၉ ⟶ ၁၆၇:
၁၉၅၃ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့သော မော်လမြိုင်ဥပစာကောလိပ်ကို ၁၉၆၃ ခုနှစ်မှ အစပြု၍ ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် ခန့်မှန်း သန်ကောင်စာရင်းအရ လူဦးရေ ၁⁠၁၅၉၃၁ ယောက်ရှိသည်။
မော်လမြိုင်မြို့သည် အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း ပင်လယ်ကမ်းခြေနှင့် နီးခြင်း၊ တောင်အခံရှိခြင်း၊ မြစ်လေးမြွာတို့၏ဆုံရာ၌ တည်ထားခြင်းတို့ကြောင့် ရာသီဥတုမျှတ၍ မြေဩဇာကောင်းမွန်သည်။ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၁၈၈ လက်မရှိ၍ ပျမ်းမျှအပူချိန်မှာ ဒီဂရီ ၈ဝ ခန့်ရှိသည်။ မော်လမြိုင်မြို့သည် မြို့တော်အသစ် [[နေပြည်တော်မြို့]] မတည်ထောင်ချိန်ထိ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်ခဲ့သည်။
 
== ပထဝီအနေအထား ==
မော်လမြိုင်မြို့သည် သံလွင်မြစ်ဝကျွန်းပေါ်တွင် တည်ရှိသော ဒေသတစ်ခု ဖြစ်သည်။ မြစ်ပါးစပ်တွင် ဘီလူးကျွန်းသည် သံလွင်မြစ်ကို ခွပိတ်ထားပြီး မုတ္တမပင်လယ်ကွေ့ အတွင်းသို့ စီးဝင်စေသည်။ ထိုကျွန်း၏အရှေ့မြောက်ဘက်တွင် ထင်ရှားသော ခေါင်းဆေးကျွန်းရှိလေသည်။ ပင်လယ်မှ ၂၈ မိုင်ဝေး၏။ မြို့သည် အနောက်ဖက်နှင့် မြောက်ဖက်ရှိ သံလွင်မြစ်နှင့် အတ္ထရံမြစ် ကမ်းရိုးတလျှောက်နှင့် အရှေ့ဖက် တောင်တန်းအကြားတွင် တည်ထားသောမြို့ဖြစ်ရကား အလျားရှည်၍ အနံတို၏။ မြို့၏အလျားမှာ ၇ မိုင်ခန့်ရှိ၍ တထောင်ဆစ်ကွေး သဏ္ဌာန်ရှိ၏။ မြို့သည် အရှေ့မှ အနောက်သို့ ဆင်ခြေလျှော ရှိပြီးလျှင် အရှေ့ဖက်တောင်တန်းတလျှောက်ပေါ်၌ စေတီများ တည်ထားသည့်ပြင် ကမ်းရိုးတလျှောက်၌လည်း သစ်ပင်အမျိုးမျိုးတို့ဖြင့် စိမ်းစိမ်းလန်းလန်း စို⁠စိုပြည်ပြည် ရှိရကား အလွန်သာယာသော ရှုမျှော်ခင်းကောင်း ဆိပ်ကမ်းမြို့တမြို့အဖြစ် ထင်ရှားကျော်ကြားသည်။ ပြည်တွင်းပြည်ပ ခရီးသည်များသည် မော်လမြိုင်သို့ မီးသင်္ဘောဖြင့်ဖြစ်စေ၊ မီးရထားဖြင့်ဖြစ်စေ လာရောက်ကြသည့်အခါ မြို့၏သာယာလှသည့် ရှုမျှော်ခင်းကို အဝေးကပင် မြင်ကြရသည်။
 
ထို့ကြောင့် [[ကင်းဝန်မင်းကြီး]]ကင်းဝန်မင်းကြီးဦးကောင်း သည် သံအရာရှိကြီးအဖြစ်ဖြင့် [[ပြင်သစ်နိုင်ငံ]] [[ပါရီမြို့|ပါရီမြို့တော်]]သို့အသွား မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တန်ခူးလ (ခရစ်နှစ် ၁၈၇၃ ခုနှစ်)၌ မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်၌ ''ကို⁠ကိုနာဒ၊ သာစွမည်တွင်၊ စက်ယာဉ်ညင်နှင့်၊ ရေပင်လယ်ချက်၊ စခန်းသို့ထွက်ခဲ့၍၊ တရက်နှင့်တည၊ ကာလမကြာ၊ ရှုလေရာပင်၊ နတ်ရွာတပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင်ဝင်ဆိုက၊ တွေ့ကြုံကြိုက်ရသည်၊ မျှော်လိုက်တိုင်း လွန်ပျိုနု၏။''ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။[[File:ShampooIsland.jpg|thumb|250px|မော်လမြိုင်မြို့၊ သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်း]]
 
== လမ်းပန်းဆက်သွယ်ရေး ==