ဆင်ဖြူမရှင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီးNo edit summary
စာကြောင်း ၃၂ -
 
ဆင်ဖြူမရှင် မိဖုရားကြီးသည် ၁၈၈၇ ခုနှစ်၊ ဩဂုတ်လ ( ၂၀ ) ရက် နေ့စွဲဖြင့် အိန္ဒိယ ဘုရင်ခံချုပ်ထံ အောက်ပါအတိုင်း စာရေးသား ပေးပို့ခဲ့သည်။
“၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်နေ့ ( ၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ) နံနက်တွင် နိုင်ငံရေး အရာရှိချုပ် ဖြစ်သည့် [[အက်ဒွပ် ဘော့စ် ဆလေဒင်|ကာနယ် ဆလေဒင်]] ( ယခု ဆာအက်ဒွပ် ) နှင့် အဖွဲ့သည် နန်းတွင်းသို့ ဝင်လာကာ ကျွန်ုပ်တို့အား တောင်ဥယျာဉ်နန်းသို့ ပြောင်းရွှေ့စံတော်မူရန်ညွှန်ကြားခဲ့သည်။ ညွှန်ကြားချက်သည် ချက်ချင်း လက်ငင်းဖြစ်သဖြင့် ကျွန်ုပ်၏ အဖိုးတန် ရတနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ သိမ်းဆည်းသမှု ပြုလုပ်ရမည်ကို မတွေးနိုင်တော့ပေ။ အနာဂတ်တွင် ကျွန်ုပ်နှင့် ကျွန်ုပ်ကလေးများ၏ အရေးအတွက် ဆလေဒင်ကို ခေါ်ယူကာ ကျွန်ုပ်၏ မြောက်မြားစွာသော အဖိုးထိုက်ရတနာများ အနက်မှ အချို့ကိုသာ သယ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ အချို့ငွေထည်၊ ရွှေထည်၊ စိန်ထည်များကိုလည်း ပြသကာ မီးခံသေတ္တာခြောက်လုံးဖြင့် ထည့်သွင်း အပ်နှံခဲ့ပါသည်။ ဆလေဒင်က ဗြိတိသျှ အစိုးရ အနေနှင့် နန်းစဉ် ပစ္စည်းများကို ယူမည်မဟုတ်၊ ဘုရင်နှင့် နိုင်ငံကိုသာ အလိုရှိကြောင်း၊ သို့ကြောင့် ဤအဖိုးထိုက်ရတနာများမှာ ပျောက်ဆုံးမည် မဟုတ်ကြောင်း အာမခံပြီး မိဖုရားကြီး အလိုရှိသည့် အချိန်တွင် အချိန်မရွေး ပြန်၍ ရရှိနိုင်ကြောင်းပြောဆိုကာ နန်းစဉ်ရတနာများကို ထိန်းသိမ်းလိုက်ပါသည်။ ထိုစဉ်က မီးခံသေတ္တာသော့များမှာ ယခုအထိ ကျွန်ုပ်နှင့် အတူ ရှိနေပါသည်။ ကြွေထည်၊ ဖန်ထည်၊ နှင့် အဝတ်အထည်များကို အခန်းများတွင် လုံခြုံစွာ ပိတ်ထားကာ သော့များကို ကျွန်ုပ်အား အပ်ခဲ့၍ အချိန်မရွေး ထုတ်ယူနိုင်ကြောင်းလည်း ပြောခဲ့ပါသည်။ ကျွန်ုပ်၏ ရှေ့တွင်ပင် ကာနယ်ဆလေဒင်သည် ၎င်း၏ စာရေးကြီးနှင့် ကုလား လူမျိုး အခိုင်းအစေ နှစ်ဦးအား ပစ္စည်းများ ထိန်းသိမ်းရန် တာဝန်ပေးပါသည်။ ထို့နောက် ကျွန်ုပ်တို့အား တောင်ဥယျာဉ်နန်းသို့ ပြောင်းရွှေ့စံနေစေကာ ညနေ ( ၃ ) နာရီတွင် သင်္ဘောတော်သို့ စတင်ပို့ဆောင်ပါသည်။ ကျွန်ုပ်က နေခဲ့ချင်ကြောင်း တောင်းဆိုရာ ဆလေဒင်က ကျွန်ုပ်သာ မဟုတ်၊ ကျွန်ုပ်၏ သမီး စုဘုရားကြီးပါနေခဲ့နိုင်ကြောင်း ပြောဆိုပါသည်။ ကျွန်ုပ်သည် နေပြည်တော်တွင် နေခဲ့မည်ဟု ဆုံးဖြတ်သောအခါ ကျွန်ုပ်၏ ကလေးများက ရန်ကုန်အထိ အတူ လိုက်ပါရန် တောင်းဆိုခဲ့ကြပါသည်။ ကျွန်ုပ်သည် ဆလေဒင်အား ရန်ကုန်သို့ ရောက်သော အခါ နြေပည်တော်သို့ ပြန်လည်ပို့ပေးပါမည်လား ဟု မေးရာ ဆလေဒင်က ပို့ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်သာမက ကာလကတ္တားအထိ လိုက်ပါလျှင်လည်း ဘုရင်ခံချုပ်က ကျေနပ်စွာဖြင့် နေပြည်တော်သို့ ပြန်လည်ပို့ပေးမည် ဖြစ်ကြောင်း၊ ဗြိတိသျှလူမျိုးများသည် ကတိကို မပျက်စေကြောင်း ပြောကြားခဲ့ပါသည်။ သို့ကြောင့် ကျွန်ုပ်သည် ရန်ကုန်အထိလိုက်ပါခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက ထားဝယ်သို့ ပို့ဆောင်ခဲ့ပြီး တိုင်းပြည်ငြိမ်ဝပ်ပိပြားသည့် အချိန်အထိ နေထိုင်ရန် ညွှန်ကြားခဲ့ပါသည်။ ကျွန်ုပ်သည် ငြင်းဆန်ခြင်းမပြုဘဲ အရေးပိုင် နေရာချထားသည့် အိမ်တွင် နေထိုင်ခဲ့ပါသည်။ ကျွန်ုပ်၏ ဆွေတော်မျိုးတော် အစေခံများအတွက် မလုံလောက်ပါသဖြင့် ပါလာသည့် ပစ္စည်းအချို့ကို ရောင်းချသုံးစွဲနေခဲ့ရကြောင်း၊ ကျွန်ုပ်သည် ငြိုငြင်ခြင်း မရှိဘဲ ယခုကဲ့သို့ နေထိုင်လာခဲ့ရာ မန္တလေးတိုက်တွင် ဆလေဒင် လက်အပ်ခဲ့သည့် ကျွန်ုပ်၏ ပစ္စည်းများနှင့် ပတ်သက်၍ ကျွန်ုပ်နှင့် ဆွေတော်မျိုးတော် အခြံအရံများ ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ပြန်လည် ပေးအပ်စေလိုကြောင်း ။
မြောက်တံခါး အနောက်ဘက် ပေါင်းကုန်းအတွင်း တိုက်တော်တွင် ထားခဲ့သည့် ပစ္စည်းစာရင်း