မောင်မောင်သိုက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး မောင်မောင်သိုက် ပန်းချီဆရာ စာမျက်နှာကို မောင်မောင်သိုက် သို့ Ninjastrikersက ရွှေ့ခဲ့သည်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၁ -
[[File:Maung-Maung-Thike.jpg|thumb|ပန်းချီ မောင်မောင်သိုက်]]
စာနယ်ဇင်း သရုပ်ဖော် ပန်းချီလက်ရာများဖြင့်ထင်ရှားခဲ့သူ '''ပန်းချီ မောင်မောင်သိုက်'''ကို ဦးလွင်၊ ဒေါ်မြတ်ညွန့်တို့က ၁၉၄၆ ခုနှစ်၊ မေလ ၁၆ ရက်တွင် [[ရန်ကုန်တိုင်းဒေသကြီး|ရန်ကုန်တိုင်း]]၊ [[ပုဇွန်တောင်မြို့နယ်]]၌ မွေးဖွားသည်။ မွေးချင်း ၆ ယောက်ရှိသည်။ ငယ်စဉ်က ရန်ကုန်မြို့ [[ဒဂုံမြို့နယ်]] ထန်းတောရပ်ကွက်မြူနီစီပါယ်ကျောင်းတွင် ပညာစတင် သင်ကြားသည်။ ယင်းအမကမှ ဗဟိုအမျိုးသား စံပြအထက်တန်းကျောင်း (စင်ထရယ်) သို့ ပြောင်းရွှေ့ကာ အလယ်တန်းနှင့် အထက်တန်းပညာများကို သင်ယူခဲ့သည်။ စင်ထရယ် (ယခု အထက-၁ လသာ) ကျောင်းမှ ပန်းချီဆရာ ဦးကြည်ထံမှ အခြေခံပန်းချီပညာရပ်များကို သင်ယူကာ ပန်းချီလောက၊ ကာတွန်းလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော [[ဘကြည်၊ ဦး (ပန်းချီ)|ပန်းချီ ဦးဘကြည်]]၊ [[ဘရင်ကလေး၊ ဦး |ဦးဘရင်ကလေး]]၊ [[သောင်းဟန်၊ ဦး|ဦးသောင်းဟန်]]၊ [[ညိုလှ၊ ဦး |ဦးညိုလှ]] တို့ ထံတွင် ပန်းချီပညာကို ဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၆၅ မှ စတင်ကာ ပန်းချီရေးဆွဲခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီဆရာအဖြစ် ပန်းချီလောကကို စတင်ဝင်ရောက်ခဲ့သည်။
 
==ပန်းချီလောကသို့==
စင်ထရယ် (ယခု အထက-၁ လသာ) ကျောင်းမှ ပန်းချီဆရာ ဦးကြည်ထံမှ အခြေခံပန်းချီပညာရပ်များကို သင်ယူကာ ပန်းချီလောက၊ ကာတွန်းလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော [[ဘကြည်၊ ဦး (ပန်းချီ)|ပန်းချီ ဦးဘကြည်]]၊ [[ဘရင်ကလေး၊ ဦး |ဦးဘရင်ကလေး]]၊ [[သောင်းဟန်၊ ဦး|ဦးသောင်းဟန်]]၊ [[ညိုလှ၊ ဦး |ဦးညိုလှ]] တို့ ထံတွင် ပန်းချီပညာကို ဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၆၅ မှ စတင်ကာ ပန်းချီရေးဆွဲခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီဆရာအဖြစ် ပန်းချီလောကကို စတင်ဝင်ရောက်ခဲ့သည်။
 
 
မောင်မောင်သိုက်သည် ပန်းချီမဆွဲမီက ထိပ်တန်းမဂ္ဂဇင်း ၂ စောင်ဖြစ်သော ငွေတာရီနှင့် မြဝတီမဂ္ဂဇင်းတို့တွင် ကာတွန်းနှင့် ရုပ်ပြရေးဆွဲခဲ့သည်။ အမျိုးသမီးများ၏ ကိုယ်နေဟန်ထား ကျနပြေပြစ်လှပပုံ ရေးဆွဲရာတွင် နာမည်ကြီးခဲ့သူ မောင်မောင်သိုက်သည် မဂ္ဂဇင်းစာစောင်တို့တွင်သာ ကျင်လည်ခဲ့သည် မဟုတ်ဘဲ ဆီဆေးပန်းချီ၊ ရေဆေးပန်းချီကားပေါင်းများစွာ ရေးဆွဲကာ ပန်းချီပြပွဲများစွာတွင် ထင်ရှားသူဖြစ်သည်။ ကမ္ဘာသိထင်ရှားသောလက်ရာများမှာ [[မလေးရှားနိုင်ငံ]] ပီနန်ကျွန်းရှိ ဓမ္မိကာရာမကျောင်း၌ ရေးဆွဲထားသော ဘိက္ခူနီသာသနာစတင်ပုံ ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ မေလတွင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် ၂၀ဝ၇ ခုနှစ်က ရေးဆွဲခဲ့သည့် မင်္ဂလာဒုံလေဆိပ်သစ်ကြီး ပြည်ပထွက်ခွာခန်းမတွင်ချိတ်ဆွဲထားသော ရွှေတိဂုံစေတီတော်နှင့် ကရဝိက်တို့ပါရှိသော ကန်တော်ကြီးရှုမျှော်ခင်းပုံကို ပန်းချီဆရာ ကျော်သောင်းနှင့် ပူးတွဲ၍လည်းကောင်း၊ နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် ချိတ်ဆွဲထားသော နိုင်ငံတော် ဖွံ့ဖြိုးမှုအရပ်ရပ်မြင်ကွင်း (၁၈x၃၆၁၈'x၃၆')၊ ဇေယျာသီရိခန်းမရှိ အပြည်ပြည်ဆိုင်ရာ စာချုပ်ခန်းမကြီးတွင် ရေးဆွဲထားသော ကျေးစေတမန်ပန်းချီကားကို ပန်းချီဆရာ ကျော်သောင်းနှင့်တွဲဖက်၍လည်းကောင်း ရေးဆွဲခဲ့သည်။
 
၁၉၇၀ နှစ်များတဝိုက်က ထွက်ခဲ့သော မဂ္ဂဇင်းများမှ ယနေ့ခေတ် မဂ္ဂဇင်းများအထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများဆွဲခြင်းဖြင့် ပန်းချီလောကတွင် အောင်မြင်ခဲ့သော ပန်းချီမောင်မောင်သိုက်သည် စာရေးဆရာပေါင်းများစွာ၏ ဝတ္ထုမျက်နှာဖုံးများ၊ သရုပ်ဖော်ပုံများကိုလည်း ရေးဆွဲခဲ့သည်။ ပြည်ပပြပွဲ အဖြစ် ၁၉၉၆ ဇွန်-ဇူလိုင် တွင် စင်ကာပူ စန်တိုဆာ၊ မလေးရှား နှင့် ထိုင်းတို့တွင် လှည့်လည် ပြသခဲ့သည်။ ကျော်ကြားသော ကားတွဲများမှာ ဓမ္မိကရာမ၊ မလေးရှားပီနန်း နှင့် ဘုန်းကြီးကျောင်း တို့ ဖြစ်သည်။ တကိုယ်တော် ပြပွဲအဖြစ် ပထမအကြိမ် ၁၉၉၁ အင်းလျားလိတ် ဟိုတယ်တွင်၎င်း ၊ ဒုတိယအကြိမ်အဖြစ် အမျိုးသမီး ဟူသော ခေါင်းစဉ်နှင့်၎င်း၊ ၁၁ဇွန် - ၁၀ ဇူလိုင် ၂၀၀၅ အထိ နယူးထရပ်ရှာအတ် ပြခန်းတွင်၎င်း၊ သမ္မတဟိုတယ်တွင် ၁၉၇၅ မှ ၂၀၀၈ အထိ မြန်မာ့အကနှင့်အလှ ခေါင်းစဉ်ဖြင့် ပြသခဲ့သည်။<ref> {{cite web
Line ၁၂ ⟶ ၁၅:
|accessyear= ၂၀၁၂
}} </ref>
==ဘဝနိဂုံး==
မောင်မောင်သိုက်သည် [[၂၀၁၁]] ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ရွှေဗဟိုဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ် ရှိပြီ ဖြစ်သည်။<ref>စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)</ref>
 
==ကိုးကား==
<references/>