လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် (စာအုပ်): တည်းဖြတ်မှု မူကွဲများ

"{{infobox book | image = Win-Zaw-Latt_book..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁၂ -
လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဖြစ်တည်ခဲ့သော လူသားရှစ်ဦး၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာရေးဆရာ ဝင်းဇော်လတ်က တူးဆွဖော်ထုတ်တင်ပြထားသော စာအုပ်ဖြစ်သည်။ ဦးထွန်းလွင်၊ ဦးအုန်း၊ မသွဲ့သွဲ့ဝင်း၊ ဒေါ်မာမာအေး၊ ဦးခင်မောင်ရင်၊ ဒဂုန်တာရာ၊ ဟံသာ၀တီ ဦးဝင်းတင်နှင့်ကိုစောလင်းအောင်တို့၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာအုပ်တွင် ဖော်ပြထားသည်။
 
==ဦးထွန်းလွင်==
၁။ ဦးထွန်းလွင်သည် မိုးလေဝသပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ ဘ၀ဖြတ်သန်းမှုများအကြောင်းနှင့် ၂၀၀၇ ခုနှစ်က ကြုံတွေ့ခဲ့ရသော နာဂစ်မုန်တိုင်းအကြောင်းကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==ဦးအုန်း==
၂။ ဦးအုန်းသည် သစ်တောပညာရှင်တစ်ဦးဖြစ်ပြီး ပုပ္ပားတောင်ဒေသစိမ်းလန်းရေးအကြောင်းနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ထမ်းတစ်ဦးအနေဖြင့် ဖြတ်သန်းခဲ့ရသောအကြောင်းများကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==မသွဲ့သွဲ့ဝင်း==
၃။ မသွဲ့သွဲ့ဝင်းသည် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး သူမ၏ ဒေသအတွက် တိုက်ပွဲဝင်ရသည့်အကြောင်းများကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==ဒေါ်မာမာအေး==
၄။ ဒေါ်မာမာအေးသည် မြန်မာသံအဆိုတော်ကြီးတစ်ဦးဖြစ်ပြီး သူမ၏ ဂီတဘ၀ဖြတ်သန်းမှုနှင့်နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့ရသည့်အကြောင်းအရာများကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==ဦးခင်မောင်ရင်==
၅။ ဦးခင်မောင်ရင်သည် ဂျပန်နိုင်ငံသားတစ်ဦးဖြစ်ပြီး စစ်အတွင်းကာလက မြန်မာနိုင်ငံတွင် တာဝန်ကျခဲ့ကာ နှစ်စဉ်မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေသူဖြစ်သည်။ သူ၏ အကြောင်းများကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==ဒဂုန်တာရာ==
၆။ ဒဂုန်တာရာသည် မြန်မာစာဆိုတစ်ဦးဖြစ်ပြီး သူ၏ ဘ၀ဖြတ်သန်းမှုများအကြောင်းကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==ဟံသာ၀တီ ဦးဝင်းတင်==
၇။ ဟံသာ၀တီ ဦးဝင်းတင်သည် သတင်းစာဆရာ၊ စာရေးဆရာတစ်ဦးဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်းတစ်ဦးလည်းဖြစ်ခဲ့သည်။ သူ၏ ဘ၀ဖြတ်သန်းမှုများအကြောင်းကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==ကိုစောလင်းအောင်==
၈။ ကိုစောလင်းအောင်သည် သတင်းစာဆရာ၊ အယ်ဒီတာတစ်ဦးဖြစ်ပြီး သူ၏ ဘ၀ဖြတ်သန်းမှုများအကြောင်းကို တွေ့ဆုံမေးမြန်းဖော်ထုတ်ရေးသားထားသည်။
 
==သုံးသပ်ချက်==
“လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်တွင်ပါဝင်သူ ရှစ်ဦးအနက်အများစုသည် လူသိများသော လူသိထင်ရှားပုဂ္ဂိုလ်များဖြစ်ပါ သည်။ လူသိထင်ရှား လူပုဂ္ဂိုလ်များဖြစ်သည့်အလျောက် သူတို့၏အကြောင်းများကို အများစုက သိရှိကြပြီးဖြစ်ပါသည်။ သို့သော်လည်း လူသား တစ်ဦး သို့မဟုတ် စာအုပ်ထဲမှ လူရှစ်ဦး၏ လူသားဆန်ခြင်းအကြောင်းနှင့်ဘ၀၏ ဆန်းကြယ်သောအကြောင်းအရာများကိုတော့ ခရေစေ့တွင်းကျ သိသူနည်းပါလိမ့်မည်။ ဟိုတစ်ကွက် သည်တစ်စ ရိုးတိုးရိပ်တိတ်သိရှိမှုများ ရှိနိုင်သည့်တိုင်အောင် မှန်ကန်တိကျမှုကိုမူ တိုင်းတားရခက်ပါလိမ့် မည်။ စာအုပ်ပါ ဇာတ်လမ်းရှစ်ပုဒ်အတွက် ဝင်းဇော်လတ်သည် အတွေးစိတ်ကူးဖြင့် ရေးသားခဲ့သည်မဟုတ်ဘဲ သက်ဆိုင်ရာလူပုဂ္ဂိုလ်ကို တွေ့ဆုံ မေးမြန်းခြင်း၊ မှတ်သားခြင်း၊ လူပုဂ္ဂိုလ်အကိုးအကားနှင့် စာအကိုးအကားတို့ဖြင့် ရေးသားတင်ပြထားသည်ဖြစ်၍ ခိုင်လုံတိကျသောအဖြစ်အပျက် အကြောင်းအရာများအဖြစ် ခိုင်မာလှပါသည်” ဟု စာရေးဆရာ [http://www.hansann.com ဟန်ဆန်း]က [http://www.hansann.com/2018/10/05/%E1%80%9C%E1%80%B0%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%9A%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%87%E1%80%AC%E1%80%90%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%85/ “လူရှစ်ယောက် ဇာတ်လမ်းရှစ်ပုဒ်”]အမည်ဖြင့် စာအုပ်သုံးသပ်ချက်ရေးသားရာတွင် ထည့်သွင်းရေးသားခဲ့သည်။