စိုက်ပျိုးရေးဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၂၄ -
 
၁။      သီးနှံအလိုက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရာတွင်ဌာနမှသာမကတောင်သူလယ် သမားများပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ(Seed grower Association)ဖွဲ့စညဆောင်ရွက်ရန်၊
 
၂။         တောင်သူလယ်သမားများပါဝင်သော သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် စံချိန်စံညွှန်းပြည့်မီသောသွင်းအားစုများအား အချိန်ကိုက်ထည့်သွင်းနိုင်ရေးနည်း            ပညာနှင့် စိုက်ပျိုးနည်းပညာအကူအညီ များကို  ဌာနမှ ပံ့ပိုးကူညီ  ဆောင်ရွက်ပေးပြီး ထုတ်လုပ်သူ လယ်သမားများအတွက် စီးပွားရေး
တွက်ချေကိုက်မည့် သင့်တော်သော မျိုးစေ့နှုန်းသတ်မှတ်ကာ ဝယ်ယူသိုလှောင် ဖြန့်ဖြူးမည့်သူ နှင့်ချိတ်ဆက်အကောင်အထည်ဖော်ရန်၊
 
၃။      သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက  ကဏ္ဍမှပိုမိုပါဝင်ဆောင်ရွက်နိုင်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီပေးရန်၊
 
၄။        ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ၊ ပြောင်းလဲချမှတ်နိုင်ရေး  သုတေသနလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊
 
၅။      တောင်သူလယ်သမားများ အတွက်  အကျိုးအမြတ် ရရှိနိုင်စေမည့် မျိုး၊   စိုက်စနစ်၊  သီးနှံပုံစံစသည့်သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော(Farmer Participatory Approach)     ပုံစံဖြင့်ဆောင်ရွက်ပြီးနည်းပညာပြန့်ပွားစေရေး ဆောင်ရွက်ရန်၊
 
၆။      တောင်သူလယ်သမား အစုအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ရေးသာမကပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် ( Contract Farming)ပေါ်ပေါက် လာရန်နှင့် အစုအဖွဲ့အခြေခံ၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ( Community  Integrated Farming System) ပေါ်ထွန်းလာရန်၊
 
၇။      စားသုံးသူ လုပ်သားပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံပြီး  လုံခြုံစိတ်ချစေရေးအတွက်သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices) ကိုတောင်သူများ လိုက်နာကျင့်သုံးလာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်၊
 
၈။      တောင်သူလယ်သမားများ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့်   မျိုး၊   ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးစသည့် သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ဖောက်ကား သုံးစွဲနိုင်ရေး အတွက် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊
 
၉။ တောင်သူလယ်သမားများစိုက်ပျိုးရေးနည်းပညာများအလွယ်တကူလေ့လာသိရှိနိုင်ရန်တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) အပါအဝင် ပုဂ္ဂလိကမီဒီယာများနှင့် ဆက်စပ် ဆောင်ရွက်ရန်၊
 
၁၀။      ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်ရေး( Capacity  Building )  ဆောင်ရွက်ရန်၊