သီးနှံကာကွယ်ရေးဌာနခွဲ: တည်းဖြတ်မှု မူကွဲများ

"နောက်ခံသမိုင်း..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၆:၃၆၊ ၂၈ ဒီဇင်ဘာ ၂၀၁၈ ရက်နေ့က မူ

နောက်ခံသမိုင်း

ဌာနခွဲ (၁၅)ခုအနက် တစ်ခုဖြစ်သော သီးနှံကာကွယ်ရေးဌာနခွဲအား ၁၉၇၉ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း၊ တိုးချဲ့ပညာပေးရေးဌာနခွဲ လက်အောက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

ကုလသမ္မဂ္ဂစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့(FAO)၊ ဂျာမနီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(GTZ)စသည့် ပြည်ပအ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ အင်အား၊ ငွေကြေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးပစ္စည်း အထောက်အပံ့များဖြင့် လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၅ခုနှစ်မှ စတင်၍ မြန်မာစိုက်ပျိုးရေးလုပ်ငန်းလက်အောက်တွင် သီးနှံကာကွယ်ရေးဌာနခွဲ အဖြစ် ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါတွင် စိုက်ပျိုးသီးနှံများ ပိုးမွှားရောဂါကာကွယ်ရေး၊ ပိုးသတ်ဆေးဆိုင်ရာ သုတေသန လုပ်ငန်းများ၊ သီးနှံပိုးမွှားရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများ၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပိုးသတ်ဆေး တင်သွင်းတင်ပို့ခြင်းဆိုင်ရာကြီးကြပ် ကွပ်ကွဲခြင်းလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိပါသည်