ပလေးတိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၂ -
ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ပလေတိုသည် နိုင်ငံရပ်ခြားသို့ ၁၂နှစ်တိုင် လှည့်လှယ်သင်ယူပြီး ဘီစီ ၃၈၇ မှအေသင်သို့ပြန်ရောက်လာသည်။နောက် [[အကယ်ဒမီကျောင်း]] ကိုတည်ထောင်ပြီး အသက်၈၀ (ဘီစီ ၃၄၇)ထိ၊သက်ဆုံးတိုင် ပညာသင်ကြားပေးသွားခဲ့သည်။အသက် ၆၀တွင် နာမည်ကျော်တပည့် [[အရစ္စတိုတယ်]]လာရောက် ပညာသင်ကြားသည်။
 
ပလေတိုသည် အဓိကအားဖြင့် နိုင်ငံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ကျမ်းများကို အရေးများသည်။ တက္ကိတ နှင့် ဘာသာရေးဆိုင်ရာ များကိုလည်း ရေးလေ့ရှိသည်။စုစုပေါင်း ကျမ်း၃၆ ကျမ်းပြုစုခဲ့ပြီး၊နာမည်ကျော်မှာ '''သမ္မတနိုင်ငံ''' ဟူသောကျမ်းဖြစ်သည်။ဆရာ ဆိုကရေးတီးစ် ကို သတ်သည့် တရားခံမှာ [[ဒီမိုကရေစီ]] စနစ်ဖြစ်သည်ဟု အယူအစွဲရှိသည်ကြောင့်လားမသိ၊ပလေတိုက ရွေးကောက်တင်မြှောက်သည့် စနစ်ကိုပင် များစွာအားမပေးလှပေ။ထူးခြားချက်မှာ ယောကျာ်း၊မိန်းမယောကျာ်း
၊မိန်းမ တန်းတူအခွင့်အရေးပေးရန်တောင်းဆိုချက်ဖြစ်သည်။ထိုခေတ်အခါက ထိုသို့တောင်းဆိုရဲသူမှာ သူတစ်ဦးသာရှိသည် ဟုဆိုနိုင်သည်။
 
ပညာရေးအနေဖြင့် ကလေးများငယ်စဉ်ကပင် သင်တန်းကျောင်းဖြင့် တာဝန်များကို သင်ကြားပေးပြီး အချိန်တန်၊ပညာစုံလျှင် စာမေးပွဲကျင်းပကာ ထူးချွန်သူများအား နိုင်ငံတာဝန်များကို ထမ်းဆောင်စေရမည် ဟူသောသဘောမျိုးကို အားပေးသည်။ ထိုထူးချွန်သူများအား ရွေးကောက်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးကာ အုပ်ချုပ်သူတစ်ဦးအား ရွှေးချယ်တာဝန်ထမ်းစေသည့် စနစ်မျိုးကို ပလေတိုက ပုံဖော်ရေးသားသည်။ သို့သော် နှစ်ပေါင်း ၂၃၀၀ ကျော်သည့်တိုင် ပလေတို၏ စိတ်ကူး သမ္မတနိုင်ငံ စနစ်မျိုးကို မည်သည့် တိုင်းပြည်ကမှ ဖော်ဆောင်ကျင့်သုံးခြင်းမရှိသည်ကို တွေ့ရသည်။
Line ၃၆ ⟶ ၃၇:
 
စံပြနိုင်ငံတွင် လူတိုင်းသည် မိမိနှင့်အသင့်လျော်သော အလုပ်အကိုင်မျိုးကိုသာ ပြုလုပ်သင့်ကြောင်း၊ ယင်းနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူပြည်သားများ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစား၊ စစ်ဘက်ဆိုင်ရာ လူတန်းစားနှင့် ကုန်စည်ထုတ် လုပ်သမား လူတန်းစားဟူ၍ သုံးမျိုးသုံးစားခွဲခြါးထားသင့်ကြောင်း၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ လူတန်းစားသည် ဉာဏ်အမြော်အမြင် ရှိသင့်၍၊ စစ်သားများသည် ရဲစွမ်းသတ္တိ ရှိသင့်ကာ၊ အလုပ်သမားများသည် စည်းကမ်းသေဝပ်မှု ရှိသင့်ကြောင်း စသည်ဖြင့် ပလေးတိုက ပြဆိုထားလေသည်။
ပလေးတို၏ ယထာဘူတ ပညာဆိုင်ရာ အယူအဆများသည် ဂရိယထာဘူတပညာရှင်ကြီးများ၏ အတွေး အခေါ်များ အနက် ဂရိအဆန်ဆုံးသော အတွေးအခေါ်များ ဖြစ်၏။ သို့သော် ပလေးတို ထုတ်ဖော်ရေးသားခဲ့သော အယူအဆများသည် ဖြစ်နိုင်သည်ထက် စိတ်ကူးကွန့်မြူးမှုတို့က များလေသည်။ များလေသည်။oo
 
စိတ်၌ ဖြစ်ပေါ်သော အယူအဆသည် မျက်စိဖြင့်တွေ့မြင်ရသော အရာဝတ္ထုထက် ပို၍ မှန်ကန်တည်မြဲသည်ဟု ပလေးတိုက ယုံကြည်သည်။ လူ၊ သစ်ပင်၊ ပန်းမန်ပင်တို့သည် သေကြေပျက်စီး ပြောင်းလဲသွားမည် ဖြစ်သော်လည်း၊ ယင်းသည့် သစ်ပင်၊ ပန်းမန်၊ လူတို့နှင့် စပ်လျဉ်းသည့် ယေဘုယျ သဘောထားသည်။ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိဟု ဆိုလေသည်။
Line ၄၂ ⟶ ၄၃:
ပလေးတို၏ကြံဆချက် တွေးခေါ်ချက်များကို နှစ်သက်သော အတွေးအခေါ်သမားများနှင့် စာပေပညာရှင်များ အတော်များများ
ပေါ်ပေါက်ခဲ့သည်။ တပည့်တပန်းများလည်း အတော်ပေါ်ခဲ့ သည်။ ယင်းတို့အနက် အယ်ရစ္စတိုတယ်သည် ထင်ရှားလေသည်။
 
 
==ကိုးကား==