အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
[[ဂျီစီဘီအေ]] မြန်မာအသင်းချုပ်ကြီး၏ ဥက္ကဋ္ဌ [[ချစ်လှိုင်|ဦးချစ်လှိုင်၏]] ဖခင် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်းက ကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။
 
ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း|ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း]] ကို စတင်တည်ထောင်သူ [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]] (၁၈၈ဝ - ၁၉၂၆)က ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ် အဖြစ် ၁၈၉၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး မြန်မာ ရာဇဝင် ရေးသော [[ဘသန်း၊ ဦး (ရာဇဝင်ဆရာ)|ရာဇဝင်ဆရာ ဦးဘသန်း]] သည် ရှင်မဟာဗုဒ္ဓဃောသ ကျောင်းအုပ်ဆရာကြီး အဖြစ် လုပ်ကိုင်စဉ် 'ဘီအေ မောင်ဘလွင်' ဝတ္ထုကို ရေးခဲ့သည်ဟုရေးခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်ဟု ဆိုသည်။
 
[[ခေတ်စမ်းစာပေ]]ကို ဦးဆောင်ခဲ့သူ [[သိပ္ပံမောင်ဝ]] သည် ၁၉၂ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းမှ မြန်မာဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ သိပ္ပံမောင်ဝ သည် ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးတွင် ပညာ သင်ကြားကာ နေသည့်အတွင်း၌လည်း မြန်မာဘာသာကို အထူးလေ့လာလျက် ဝါသနာအလျောက် "ဝဇီရာတင့်" ဟူသော အမည်နှင့် မြန်မာသတင်းစာများတွင် ဆောင်းပါးများ ရေးသား ထည့်သွင်းခြင်း ပြုလေ့ ရှိခဲ့သည်။ ထို့ပြင် ခေတ်စမ်း ကဗျာများရေးသားသူ [[ကုသ၊ စာရေးဆရာ|စာရေးဆရာ ကုသ]] သည် ၁၉၂၇ တွင် ရှင်မဟာဗုဒ္ဓဃောသကျောင်းမှ ဆယ်တန်း စာမေးပွဲ အောင်ခဲ့သည်။