မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၂ -
ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော [[ပထမအင်္ဂလိပ်မြန်မာစစ်|ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ]] အပြီး ခရစ် ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှလက်အောင်သို့ [[ရန္တပိုစာချုပ်]]အရ မြန်မာနိုင်ငံပေးလိုက်ရသော အခါ မော်လမြိုင်မြို့သည် အောက်မြန်မာပြည်၏ '''ပထမဆုံး မြို့တော်''' ဖြစ်လာခဲ့သည်။ ထိုစဉ် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် သတ္တမမြောက် ဖြစ်သော မြန်မာဘုရင် [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား]]၏ အထင်မှားခြင်းကို ခံရသောအတွက်ကြောင့် ဒလမြို့စား (မင်းကျော်သီဟဘွဲ့ခံ) စစ်ကဲ [[မောင်ထော်လေး၊ စစ်ကဲ|မောင်​ထော်​လေး]] သည် အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် လှေကြီး လှေငယ်ပေါင်း ၂ဝ⁠ဝ ကျော်တွင် မွန်လူကြီး လူငယ်ပေါင်း တသောင်းကျော် ၂ သောင်းခန့်ကို တင်၍ ရေကြောင်းကူးလာရာ မော်လမြိုင်မြို့ဟောင်းသို့ ဆိုက်ရောက်လျှင် တအိမ်မျှမရှိ၊ တောခုတ်ရှင်းလင်း၍ အိမ်ရာအသီးသီး ဆောက်လုပ်နေထိုင်ကြသည်။ ထိုမှ တစတစ လူမျိုးခြားတို့နှင့် ဆက်ဆံလာခဲ့ရာမှ စည်ကားခဲ့လေသည်။
 
၁၈၃၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ [[မြန်မာနိုင်ငံ သတင်းစာများ|ပထမဦးဆုံးသတင်းစာ]] ဖြစ်သော "[[မော်လမြိုင်ခရော်နီကယ်]] သတင်းစာ(''The Maulmain Chronicle)''"ကို ဗြိတိသျှတို့သည် မော်လမြိုင်၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။<ref>Banerjee, I. & Logan, S. ''Asian Communication Handbook 2008.'' AMIC, 2008. <nowiki>ISBN 978-981-4136-10-5</nowiki>.</ref> အမေရိကန် နှစ်ခြင်းကို စတင် တည်ထောင်သူ အဒိုနီရမ် ဂျပ်ဆင် '''('''[[ယုဒသန်]])သည် သူ ပြန်ဆိုသော မြန်မာ့ပထမဆုံးဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ်တွင် မော်လမြိုင်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ယုဒသန်၏ လက်ငုတ် ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ကို ဆရာ အီး၊ အေး၊ စတီဗင်က ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ်နိုင်ခဲ့လေ သည်။
[[File:Moulmeinfromgreatpagoda.JPG|thumb|၁၈၇ဝ ခုနှစ်ကာလ မော်လမြိုင်မြို့]]
ခရစ်နှစ် ၁၈၂၆ မှ ၁၈၆၂ အကြားတွင်, ကိုလိုနီခေတ်မော်လမြိုင်မြို့သည် ဗြိတိသျှမြန်မာနိုင်ငံ၏ဗဟို ဖြစ်လာခဲ့ပါသည်။<ref>McPherson, Kenneth (2002). ''Port Cities as Nodal Points of Change''. Columbia University Press. pp. 75–95.</ref> [[ဒုတိယအင်္ဂလိပ်မြန်မာစစ်]] ပြီးသော ဗြိတိသျှတို့ သည် အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်သို့ ၁၈၆၂ ခုနှစ်တွင် တရားဝင်ပြောင်းရွေ့ခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် ဒဿမ​မြောက် ဖြစ်သော မြန်မာဘုရင် [[မင်းတုန်းမင်း]] စေလွှတ်သောသံအဖွဲ့ကို [[ကောင်း၊ ဦး (ကင်းဝန်မင်းကြီး)|ကင်းဝန်မင်းကြီးဦးကောင်း]] ဦးဆောင်၍ ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား၌ ဗြိတိသျှပိုင်မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်ဖွဲ့ဆိုခဲ့လေသည်။