ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၆ -
== ယိုးဒယား-မြန်မာ စစ်ပွဲ ==
[[File:Royal Palace of Ayutthaya.jpg|left|thumb|237x237px|အယုဒ္ဓယမြို့ပျက် (ခရစ်နှစ် ၂၀၁၀)|alt=]]
[[File:Burmese-Siamese war (1765-1767) map - EN - 001.jpg|thumb|ယိုးဒယား-မြန်မာစစ် (၁၇၆၅–၁၇၆၇)]]
ဆင်ဖြူရှင်မင်းသည် ခမည်းတော်လက်ထက်က အောင်တော်မမူသော ယိုးဒယားကို ချီတက် တိုက်ခိုက်စေ၏။ သက္ကရာဇ် ၁၁၂၅ ခုနှစ် (ခရစ် ၁၇၆၄ ခုနှစ်) တစ်ပေါင်းလတွင် တပ်ပေါင်း ၂၈ တပ်ကို [[နေမျိုးသီဟပတေ့]] အုပ်ချုပ်စေလျက် ဇင်းမယ်ကြောင်းချီစေသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ် နတ်တော်လတွင် မဟာနော်ရထာကို ဗိုလ်ချုပ်ခန့်၍ တပ်ပေါင်း ၃ဝ ကို ထားဝယ်ကြောင်းချီစေ၏။ ထိုတပ်အသီးသီးသည် ချီတက် တိုက်ခိုက်လာခဲ့ရာ၊ ၄ နှစ်အကြာတွင် အယုဒ္ဓယမြို့ ပြင်တွင် တပ်ကြီးနှစ်တပ်ပေါင်းမိကာ အယုဒ္ဓယမြို့ကို ၁၄ လ တိုင်တိုင် ဝန်းရံထားခဲ့လေသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ် တန်ခူးလဆန်း ၁၁ ရက် (ခရစ် ၁၇၆၇ ခုနှစ်၊ မတ်လ ၂၈ ရက်) နေ့တွင် အယုဒ္ဓယမြို့ကို အောင်မြင်၏။ ယိုးဒယားမင်းလည်း မြို့အပျက်တွင် လက်နက်ထိမှန်၍ ကျဆုံးလေသည်။
 
Line ၅၁ ⟶ ၅၂:
ပထမအကြိမ် တရုတ်စစ်သည်တို့သည် ကောင်းတုံမြို့ကို အထပ်ထပ်ဝန်းရံ လုပ်ကြံလာ၏။ ထိုသတင်းကိုကြားလျှင် ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေသည်။ ကောင်းတုံမြို့တွင်းကလည်း ထွက်တိုက်သည်နှင့် တရုတ်တို့မခံနိုင် ဆုတ်ခွါပြေးရလေသည်။ ထိုစစ်ပွဲတွင် တရုတ်တို့ဖက်မှ စစ်သည်ငါးသောင်း၊ မြင်းတစ်သောင်းဖြင့်ချီတက်လာရာ၊ တရုတ်စစ်သည် တစ်သောင်း ကျဆုံးခဲ့ရသည်ဟု ဆိုသည်။ ယင်းသို့ မရှုမလှ ဆုံးရှုံးခဲ့ရာ တရုတ် ဥတည်ဘွားမင်း (မန်ချူးဧကရာဇ် ချင်းလုံ အေဒီ ၁၇၃၆ - ၁၇၉၆) ညီ စစ်သူကြီး စူတာလောရဲသည် အရှက်ရကာ မိမိကိုယ်ကို အဆုံးစီရင် သွားရှာလေသည်။
===ဒုတိယ တရုတ်-မြန်မာ စစ်ပွဲ===
သည်ထို့နောက်တွင် နောင်တရုတ်အရေးကို မြော်တင်း၍ ဗလမင်းထင်ကို ကောင်းတုံသို့စေလွှတ်ကာ အခိုင်အလုံနေစေသည်။ သက္ကရာဇ် ၁၁၂၈ ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်စစ်သည် နှစ်သိန်းငါးသောင်း၊ မြင်းသည် နှစ်သောင်း ငါးထောင်ဖြင့် ဗန်းမော်ကြောင်း ချီလာပြန်၏။ ဆင်ဖြူရှင်မင်းကြားလျှင် နေမျိုးစည်သူကို ရေကြောင်းမှ ဗန်းမော်သို့ ချီတက် တိုက်ခိုက်စေ၍ မဟာစည်သူကို ဧရာဝတီမြစ်၏ အနောက်ဘက်မှ မိုးကောင်း၊ မိုးညှင်းကြောင်း ချီစေသည်။ ကောင်းတုံတွင် ရှိနေသော ဗလမင်းထင်၏ တပ်ကိုလည်း အင်အားဖြည့်ပေးလေသည်။ တရုတ်တပ်များသည် ကောင်းတုံမြို့ကို ဝန်းရံတိုက်ခိုက်သော်လည်း ဗလမင်းထင်၏ အစီအမံကောင်းသဖြင့် မြို့ပြခိုင်လုံ သောကြောင့် မအောင်မြင်ချေ။ ထိုအချိန်တွင် နေမျိုးစည်သူ၏ စစ်ကူများရောက်လာ၏။ သို့ဖြစ်၍ ၃ ရက်အတွင်း တရုတ်တပ်များ ဆုတ်ခွာသွားရလေသည်။
ထို့နောက်တွင် နောင်တရုတ်အရေးကို မြော်တင်း၍ ဗလမင်းထင်ကို ကောင်းတုံသို့စေလွှတ်ကာ အခိုင်အလုံနေစေသည်။ သက္ကရာဇ် ၁၁၂၈ ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်စစ်
သည် နှစ်သိန်းငါးသောင်း၊ မြင်းသည် နှစ်သောင်း ငါးထောင်ဖြင့် ဗန်းမော်ကြောင်း ချီလာပြန်၏။ ဆင်ဖြူရှင်မင်းကြားလျှင် နေမျိုးစည်သူကို ရေကြောင်းမှ ဗန်းမော်သို့ ချီတက် တိုက်ခိုက်စေ၍ မဟာစည်သူကို ဧရာဝတီမြစ်၏ အနောက်ဘက်မှ မိုးကောင်း၊ မိုးညှင်းကြောင်း ချီစေသည်။ ကောင်းတုံတွင် ရှိနေသော ဗလမင်းထင်၏ တပ်ကိုလည်း အင်အားဖြည့်ပေးလေသည်။ တရုတ်တပ်များသည် ကောင်းတုံမြို့ကို ဝန်းရံတိုက်ခိုက်သော်လည်း ဗလမင်းထင်၏ အစီအမံကောင်းသဖြင့် မြို့ပြခိုင်လုံ သောကြောင့် မအောင်မြင်ချေ။ ထိုအချိန်တွင် နေမျိုးစည်သူ၏ စစ်ကူများရောက်လာ၏။ သို့ဖြစ်၍ ၃ ရက်အတွင်း တရုတ်တပ်များ ဆုတ်ခွာသွားရလေသည်။
===တတိယ တရုတ်-မြန်မာ စစ်ပွဲ===
[[File:Third Qing Burmese war.PNG|thumb|တတိယ တရုတ်-မြန်မာ စစ်ပွဲ]]
စာကြောင်း ၅၈ -
 
===စတုတ္ထ တရုတ်-မြန်မာ စစ်ပွဲ===
[[File:ChineseSoldierByWilliamAlexander1793.JPG|thumb|မန်ချူးဧကရာဇ် ချင်းလုံ၏ စစ်သည်တော်တဦး (ခရစ်နှစ် ၁၇၉၃)]]
သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ်တွင် တရုတ်တို့စတုတ္ထအကြိမ် လာပြန်၏။ ထိုအကြိမ်တွင် တရုတ်တို့သည် ခြေသည် ငါးသိန်းငါးသောင်းဖြင့်ချီလာကာ ဗန်းမော်မြို့ကို တိုက်ခိုက်သိမ်းပိုက် လိုက်လေသည်။ ထိုမှတစ်ဆင့် ကောင်းတုံမြို့အရှေ့ ၁၂ မိုင် အကွာ ရွှေညောင်ပင်အရပ်တွင် ခံတပ်အခိုင်အလုံဆောက်၍ ရပ်တည်နေ၏။ ဗန်းမော်ကို ချီခဲ့စဉ်က မြစ်ညာတွင်ထားခဲ့သော တရုတ်တပ်များကလည်း လှေသမ္ဗန်လုပ်ကာ ရေကြောင်းချီလာသည်။ ကောင်းတုံမြို့ကို တရုတ်တို့ ရေကြောင်း ကြည်းကြောင်းဖြင့် အထပ်ထပ်ဝန်းရံ လုပ်ကြံသော်လည်း၊ ဗလမင်းထင် အစီအမံအကွပ်အကဲ ကောင်း၍မရချေ။ အင်းဝမှ နေမျိုးသီဟသူရ၊ မဟာသီဟသူရ၊ လက်ဝဲဝင်းမှူးတို့ ချီတက်စေ၏။ တရုတ်တို့သည် ကောင်းတုံကို မသိမ်းပိုက်နိုင်ဘဲ သက္ကရာဇ် ၁၃၁၁ ခုနှစ်လောက်တွင် ရွှေညောင်ပင်ခံတပ်ကို လက်လွှတ်လိုက်ရလေသည်။ သို့အတွက် စစ်ပြေငြိမ်းရန် တရုတ်တို့ စကားကမ်းလှမ်းလာ၏။ အခြားစစ်ဗိုလ်များက သဘောမတူသော်လည်း၊ [[မဟာသီဟသူရ၊ ဝန်ကြီးဗိုလ်ချုပ်|ဗိုလ်ချုပ် မဟာသီဟသူရ]]သည် ရှေ့ရေးကို မြှော်တွေးလျက် ဘုရင်အမိန့်ကိုပင် မခံယူတော့ဘဲ စစ်ပြေငြိမ်းရေးကို [[ကောင်းတုံစာချုပ်]]ဖြင့် လက်ခံလိုက်လေသည်။ (ဝန်ကြီး ဗိုလ်ချုပ် မဟာသီဟသူရနှင့် ဆင်ဖြူရှင်မင်း (မြေဒူးမင်း) သည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်း တော်စပ်သည်။)