နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၃၈ -
၁၅။ နိုင်ငံရေးအဖွဲ့အစည်းတရပ်သည် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာရုံဖြင့် ဥပဒေပြုမှုအာဏာ၊စီမံခန့်ခွဲမှုအာဏာနှင့် တရားစီရင်မှုအာဏာဟူသော အချုပ်အခြာအာဏာ (၃) ရပ်ကို အလိုအလျောက်မရရှိပဲ အခြေခံဥပဒေတရပ်အပေါ် အခြေပြု၍သာရယူနိုင်ကြောင်း အထူးရှင်းလင်းရန်လိုမည်မဟုတ်ပါ။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ၁၉၄၇ ခုနှစ် စက်တင်ဘာ (၂၄) ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်ကလက်ခံ၍ ဥပဒေအဖြစ်အတည်ပြုခဲ့သည်။ သို့သော် ထိုအခြေခံဥပဒေအာဏာတည်ပြီး အမှန်တကယ်အကျိုးသက်ရောက်သည်မှာ မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံတော်ဖြစ်ကြောင်းကြေညာသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်မှဖြစ်သည်ကို ဥပဒေကြောင်းအရ အထင်အရှားတွေ့နိုင်သည်။ နိုင်ငံတခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်သည် လွတ်လပ်ရေးမရမီ ရေးသားထားသည့်ဥပဒေနှင့်လွတ်လပ်ရေးရရှိသည့်နောက်မှ ရေးသားထားသည့်ဥပဒေဟူ၍ (၂) မျိုးရှိသည်။ လွတ်လပ်ရေးရရှိခဲ့ကြသည့်ကမ္ဘာ့နိုင်ငံအသီးသီးတွင် အချုပ်အခြာအာဏာကို လက်ဆုပ်လက်ကိုင်ရပြီးမှသာ တိုင်းပြည်ပြုလွှတ်တော်ကိုခေါ်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြသည့် အစဉ်အလာရှိသည်။ မြန်မာနိုင်ငံတွင်မူ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီးမှ လွတ်လပ်ရေးကြေညာခဲ့ရသည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် ထိုအချိန်က နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ဗြိတိသျှတို့ထံမှ ငြိမ်းချမ်းသောနည်းဖြင့် လွတ်လပ်ရေးကိုအမြန်ရယူလိုသောဆန္ဒကြောင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းမှာ ထင်ရှားသည်။
 
၁၆။ ၁၉၄၇၁၉၇၄ ခုနှစ် အခြေခံဥပဒေကိုလေ့လာပါက လွတ်လပ်ရေးရရှိပြီးနောက် ရေးဆွဲခြင်းဖြစ်ပြီး ပြည်သူ့ဆန္ဒခံယူပွဲဖြင့်ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည်ကို မည်သူမျှငြင်းဆိုခြင်း ပြုနိုင်မည်မဟုတ်ပါ။
 
၁၇။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လွတ်လပ်ရေးမရမီရေးဆွဲသည့် ဥပဒေဖြစ်ပြီး၁၉၄၇ဥပဒေဖြစ်ပြီး၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်ရေးရပြီးမှရေးဆွဲသည့် ဥပဒေဖြစ်ကြောင်း ကွာခြားချက်ကို အထူးသတိပြုရန်လိုသည်။
 
၁၈။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီအများစု၏ဆန္ဒမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးဖြစ်ကြောင်း၊ ယင်းတို့၏ သဘောထားကြေညာချက်များအရ သိရှိနိုင်သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲစဉ်က တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပင်လုံညီလာခံတွင် ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုများနှင့်သာ ဆွေးနွေးညှိုနှိုင်းခဲ့ပြီး မွန်၊ ရခိုင်စသော လူမျိုးစုများနှင့် ဆွေးနွေး ညှိုနှိုင်းမှု မရှိကြောင်း တွေ့ကြရမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသား လူမျိုးများ အများအပြားရှိရာ ၎င်းတို့၏ ဆန္ဒသဘောထားများကို ညှိုနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်ကြောင်း ထင်ရှားနေသည်။