နာဂစ်မုန်တိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၁၁ -
 
၂၀၀၈ ခုနှစ် မေလ ၈ ရက် နေ့တွင် ဆန္ဒပြသူ ၃၀ ခန့်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာ ရှိ မြန်မာသံရုံးရှေ့တွင် စုရုံးပြီး စစ်အစိုးရ အား ဆန္ဒခံယူပွဲအတွက် မဲပေးခြင်းကို ရွှေ့ဆိုင်းပေးရန်နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို ချက်ချင်းလက်ခံရန် တောင်းဆိုခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် ဆန္ဒပြသူများမှ "ဤအချိန်သည် နိုင်ငံရေးအတွက် အချိန်မဟုတ်ပါ၊ သို့သော် လူများ ကို ကယ်ဆယ်ရန် အချိန်ဖြစ်သည်" ဟု ဖော်ပြသော ကြေညာချက်ကို ထုတ်ပြန် ဝေငှခဲ့သည်။ အမေရိကန် ပြည်ထောင်စု အစိုးရ မှလည်း ကုလသမဂ္ဂ အား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မထောက်ခံရန် တောင်းဆိုခဲ့သည်။ မြန်မာ အတိုက်အခံ ခေါင်း ဆောင် အောင်ဆန်းစုကြည် မှလည်း ဘေးအန္တရာယ် ကျရောက်နေစဉ် အတွင်း ဆန္ဒခံယူပွဲကျင်းပခြင်းသည် မည်သို့မျှ လက်မခံနိုင်သော လုပ်ရပ် ဖြစ်ကြောင်း ကြေညာခဲ့သည်။ မေလ ၁၀ ရက် နေ့ တွင် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူ ၅၀၀ ခန့် သည် ဆန္ဒပြခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေခဲ့သော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားခဲ့သော်လည်း မြန်မာစစ်အစိုးရအနေဖြင့် ၎င်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အား မဲဆန္ဒပေးခြင်းကို စတင်စေခဲ့ပြီးဖြစ်လင့်ကစား ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့သည်။
မြန်မာ သတင်းအေဂျင်စီ တစ်ခုဖြစ်သော မဇ္စျိမ မှ မြန်မာ တစ်ပြည်လုံးတွင် ၂၀၀၈ ခုနှစ် မေလ ၉ ရက် နေ့တွင် ကောက်ခံခဲ့ သော လူထုဆန္ဒ စစ်တမ်းကောက်ယူခြင်း၌ ဖော်ပြသည်မှာ၊ စစ်တမ်းကောက်ယူခဲ့သူများ၏ ၆၄ ရာခိုင်နှုန်းသည် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲထည့်ရန် ဆန္ဒရှိနေဆဲဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ရ၁ ရာခိုင်နှုန်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ မည်သည့်အရာ ဖြစ်ကြောင်းကို မသိကြပဲ ၅၂ ရာခိုင်နှုန်းမှာ ၎င်းတို့ ထိုအရာကို ထောက်ခံရမည် သို့မဟုတ် ကန့်ကွက်ရ မည်ကို မဆုံးဖြတ်ရသေးပဲရှိသည်။
 
==အကူအညီ ဝေငှရေးဝိဝါဒများ==