နာဂစ်မုန်တိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
'''ဆိုင်ကလုန်း နာဂစ်'''
 
[[File:Cyclone Nargis landfall.jpg|150px|thumb|left|ကုန်တွင်းပိုင်းရောက် နာဂစ်မုန်တိုင်း၏ ဂြိုလ်တုပုံရိပ်]]
 
ဧပြီလ ၂၈ ရက် တွင် နာဂစ်မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက်မှ ၎င်း၏ အနောက်မြောက် နှင့် အရှေ့တောင်ကြား ရှိနေစဉ်အတွင်း ငြိမ်သက်လုနီးပါး ရှိနေခဲ့သည်။ ထိုနေ့တွင် JTWC မှ လေပြင်းမုန်တိုင်း အဆင့်မှ ဆိုင်ကလုန်း အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြပြီး Saffir-Simpson hurricane scale ဆာဖာ-ဆင်မ်ဆန် ဟာရီကိန်း စကေး အရ အသေးငယ်ဆုံး ဟာရီကိန်း အဆင့်နှင့် ညီမျှသည်။ ထိုတစ်ချိန်တည်းတွင် IMD မှ နာဂစ်မုန်တိုင်းအား လေပွေလေပြင်းမုန်တိုင်းအကြီးစားတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ဆိုင်ကလုန်းသည်မုန်တိုင်း၏ပြင်းအားပိုမိုကောင်းမွန်စေ
Line ၅ ⟶ ၇:
 
အစတွင် ၎င်းမှာ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းအား ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းခဲ့သော်လည်းနောက်ပိုင်းတွင် ပို၍ ခြောက်သွေ့သော လေထုနှင့် ကျွံဝင်ခြင်း ကြောင့် ပြန့်ကျဲလာခဲ့ပြီး အားလျော့လာသည်။ အကျိုးဆက် အားဖြင့် ဗဟို တစ်ဝိုက်တွင် နက်ရှိုင်းသော အပူစီးကူးခြင်းသည် သိသိသာသာလျော့သွားခဲ့သည်။ ထိုတစ်ချိန်တည်းတွင် မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက် အဖျားပိုင်းတစ်ဝိုက်၏ အရှေ့မြောက်ဘက်မှ အရှေ့ တောင်ဘက်ဆီသို့ ရွေ့လျားမှု စတင်ဖြစ်ပွားခဲ့သည်။Dvorak technique ဒီဗိုရက်ခ် နည်းပညာ သုံးကာ ဂြိုလ်တုပြင်းအား တိုင်းတာမှုအရ လေပွေမုန်တိုင်းသည် အပူပိုင်းဒေသ မုန်တိုင်းအဆင့်သို့ လျော့ကျသွားကြောင်း ဖော်ပြခဲ့သော်လည်း အပူစီး ကူးခြင်း လျော့ နည်းသွားသည့်တိုင်အောင် မုန်တိုင်းမှာ ဆက်လက်၍ အားပြင်းနေဆဲဖြစ်သည်။ ဧပြီ၂၉ ရက် နောက်ပိုင်းတွင် ရုတ်တရက် မုန်တိုင်းပြင်းထန်မှုကို တိုးလာသော လေလမ်းကြောင်းများဖြင့် တားဆီး ထားသော်လည်း အပူစီးကူးခြင်း ပြန်လည် ဖြစ် ပေါ်လာခဲ့သည်။
 
[[File:Cyclone Nargis landfall.jpg|150px|thumb|left|ကုန်တွင်းပိုင်းရောက် နာဂစ်မုန်တိုင်း၏ ဂြိုလ်တုပုံရိပ်]]
 
 
 
==နာဂစ်မုန်တိုင်း၀င်ရောက်လာပုံ==
Line ၁၇ ⟶ ၁၅:
 
==မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသောအခြေအနေများ==
 
[[File:MyanmarAyeyarwady.png|150px|thumb|left|မြန်မာနိုင်ငံ၏ ဘေးဒဏ်သင့် အခံရဆုံးနှင့် လူဦးရေ အထူထပ်ဆုံး တိုင်း၊ ဧရာဝတီ ။]]
 
ရန်ကုန်မြို့တော်မှ သံတမန်တစ်ဦးက အဖြစ်အပျက်ကို ရိုက်တာ သတင်းဋ္ဌာနသို့ ပြန်ပြောပြပါသည်။ မုန်တိုင်းသင့်ဒေသ တစ်ဝိုက်မှာ `စစ်မြေပြင်´ကဲ့သို့ ဖြစ်နေကြောင်းဖော်ပြထားခဲ့သည်။ မိလ္လာပိုက်လိုင်းများ ပေါက်ထွက်မှုကြောင့် မြေပြင်တစ်ခု လုံးတွင် အညစ်အကြေးမစင်များဖြင့် ပြည့်လျှံနေပြီး စပါးပင်များအား ပျက်စီးစေခဲ့သည်။ကုလသမဂ္ဂ အရာရှိ တစ်ဦးက လည်း အဖြစ်အပျက်ဖြစ်ပွားနေသည့် အခြေအနေတွင် အနေအထား နှင့်ပတ်သက်ပြီး ထင်မြင်ချက်ပေးခဲ့သည်။ " တကယ့် အခြေအနေဆိုးတစ်ရပ်ပါပဲ ။ အိမ်တွေအားလုံးနီးပါးလည်း ဖျက်ဆီးခံလိုက်ရတယ်။ လူတွေလည်း တကယ့်ကို ထိတ် လန့်စရာ အခြေအနေကို ရောက်နေပြီဗျာ" ဟု ပြောကြားခဲ့သည်။ အခြား ကုသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးကလည်း " ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသဟာ လေ၊ မိုး သာမကပဲ နှင့် မုန်တိုင်းလုုံးကြီး ဝင်ရောက်မှုကြောင့် တော်တော် ဒဏ်ခံလိုက်ရသည် " ဟု ပြောဆိုခဲ့သည်။ ယူကေ သတင်းစာ တစ်စောင်ဖြစ်သော ဒေးလီး တယ်လီဂရပ်(ဖ်) မှ လည်း ဤ ဘေးဒဏ် ဆိုးကြောင့် မြန်မာနိုင်ငံ၏ အစားအစာ စျေးနှုန်းကို ထိခိုက်နိုင်ကြောင်း ဖော်ပြထားခဲ့သည်။
 
ထိုင်းနိုင်ငံ သတင်းအချက်အလက် ဋ္ဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Woradet Wirawekhin (th: วรเดช วีระเวคิน) (ဝိုရာဒက် ဝေရာဝီခင်) က ၂၀၀၈ ခုနှစ် မေလ ရ ရက် တွင် ထုတ်ပြန်ကြေညာသည်မှာ ရန်ကုန်ရှိ ထိုင်း သံအမတ်ဖြစ်သူ Bansan Bunnak (th: บรรสาน บุนนาค) (ဘန်ဆန် ဘန်နတ်) တင်ပြသော အစီရင်ခံစာအရ မြို့တော် တွင် ရှိသော အခြေအနေများသည် လည်ပတ်မှုမရှိပဲ စီးပွားရေးလုပ်ငန်းအများစုနှင့် စျေးများ မှာ ပိတ်ထားရသည် ဟူ၍ ဖြစ်သည်။ ဒုတိယ ညွန်ကြားရေးမှူးချုပ်မှလည်း ဒေသခံများသည် အခြေခံ ဝမ်းရေး ဖူလုံမှုတွင် ပို၍ ဆိုးရွားသော အခြေအနေများကို တိုး၍ ရင်ဆိုင်ကြံုတွေ့နေရကြောင်း နှင့် ပြည်တွင်း အစားအစာ စျေးနှုန်းများသည် နှစ်ဆ သို့မဟုတ် သုံးဆ အထိ တက်ခဲ့ ကြောင်းကို အစီရင်ခံသည်။
 
 
[[File:MyanmarAyeyarwady.png|150px|thumb|left|မြန်မာနိုင်ငံ၏ ဘေးဒဏ်သင့် အခံရဆုံးနှင့် လူဦးရေ အထူထပ်ဆုံး တိုင်း၊ ဧရာဝတီ ။]]
 
 
 
==အီတလီ==