မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၀ -
=== ကိုလိုနီခေတ် မော်လမြိုင်မြို့ (၁၈၂၄ မှ ၁၉၄၈) ===
[[File:Htaw Lay.jpg|thumb|မော်လမြိုင် စစ်ကဲ တရားသူကြီး [[မောင်ထော်လေး၊ စစ်ကဲ|မောင်ထော်လေး]] (ခရစ်နှစ် ၁၇၇၄ - ၁၈၆၇)]]
ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော [[ပထမအင်္ဂလိပ်မြန်မာစစ်|ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ]] အပြီး ခရစ် ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှလက်အောင်သို့ [[ရန္တပိုစာချုပ်]]အရ မြန်မာနိုင်ငံပေးလိုက်ရသောအောက်မြန်မာနိုင်ငံကို အခါပေးလိုက်ရသောအခါ မော်လမြိုင်မြို့သည် အောက်မြန်မာပြည်၏ '''ပထမဆုံး မြို့တော်''' ဖြစ်လာခဲ့သည်။ ထိုစဉ် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် သတ္တမမြောက် ဖြစ်သော မြန်မာဘုရင် [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား]]၏ အထင်မှားခြင်းကို ခံရသောအတွက်ကြောင့် ဒလမြို့စား (မင်းကျော်သီဟဘွဲ့ခံ) စစ်ကဲ [[မောင်ထော်လေး၊ စစ်ကဲ|မောင်​ထော်​လေး]] သည် အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် လှေကြီး လှေငယ်ပေါင်း ၂ဝ⁠ဝ ကျော်တွင် မွန်လူကြီး လူငယ်ပေါင်း တသောင်းကျော် ၂ သောင်းခန့်ကို တင်၍ ရေကြောင်းကူးလာရာ မော်လမြိုင်မြို့ဟောင်းသို့ ဆိုက်ရောက်လျှင် တအိမ်မျှမရှိ၊ တောခုတ်ရှင်းလင်း၍ အိမ်ရာအသီးသီး ဆောက်လုပ်နေထိုင်ကြသည်။ ထိုမှ တစတစ လူမျိုးခြားတို့နှင့် ဆက်ဆံလာခဲ့ရာမှ စည်ကားခဲ့လေသည်။
 
၁၈၃၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ [[မြန်မာနိုင်ငံ သတင်းစာများ|ပထမဦးဆုံးသတင်းစာ]] ဖြစ်သော "[[မော်လမြိုင်ခရော်နီကယ်]] သတင်းစာ(''The Maulmain Chronicle)''"ကို ဗြိတိသျှတို့သည် မော်လမြိုင်၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။<ref>Banerjee, I. & Logan, S. ''Asian Communication Handbook 2008.'' AMIC, 2008. <nowiki>ISBN 978-981-4136-10-5</nowiki>.</ref> အမေရိကန် နှစ်ခြင်းကို စတင် တည်ထောင်သူ အဒိုနီရမ် ဂျပ်ဆင် '''('''[[ယုဒသန်]])သည် သူ ပြန်ဆိုသော မြန်မာ့ပထမဆုံးဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ်တွင် မော်လမြိုင်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ယုဒသန်၏ လက်ငုတ် ဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အင်္ဂလိပ်- မြန်မာအဘိဓာန်ကို ဆရာ အီး၊ အေး၊ စတီဗင်က ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ်နိုင်ခဲ့လေ သည်။