နာဂစ်မုန်တိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂ -
 
[[File:Cyclone Nargis landfall.jpg|150px|thumb|left|ကုန်တွင်းပိုင်းရောက် နာဂစ်မုန်တိုင်း၏ ဂြိုလ်တုပုံရိပ်]]
 
 
 
ဧပြီလ ၂၈ ရက် တွင် နာဂစ်မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက်မှ ၎င်း၏ အနောက်မြောက် နှင့် အရှေ့တောင်ကြား ရှိနေစဉ်အတွင်း ငြိမ်သက်လုနီးပါး ရှိနေခဲ့သည်။ ထိုနေ့တွင် JTWC မှ လေပြင်းမုန်တိုင်း အဆင့်မှ ဆိုင်ကလုန်း အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြပြီး Saffir-Simpson hurricane scale ဆာဖာ-ဆင်မ်ဆန် ဟာရီကိန်း စကေး အရ အသေးငယ်ဆုံး ဟာရီကိန်း အဆင့်နှင့် ညီမျှသည်။ ထိုတစ်ချိန်တည်းတွင် IMD မှ နာဂစ်မုန်တိုင်းအား လေပွေလေပြင်းမုန်တိုင်းအကြီးစားတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ဆိုင်ကလုန်းသည်မုန်တိုင်း၏ပြင်းအားပိုမိုကောင်းမွန်စေ
ရန် အထောက် အကူပေးသည့် ရေနွေးများပါဝင်သော ဗဟိုတူ မျက်စိ အသွင်အပြင်ကို ဖြစ်ပေါ်စေပြီး ၎င်းသည် မုန်တိုင်း၏ အတွင်းဘက် အဓိကကျသော မျက်စိ်နံရံ အပြင်ဘက်တွင် ရှိသော မျက်စိနံရံ တစ်ခုဖြစ်သည် ဧပြီ ၂၉ ရက် အစောပိုင်းတွင် JTWC မှ ၎င်းအား ၁ နာရီ လျှင် ၁၆၀ ကီလိုမီတာ ( ၁ နာရီ လျှင် မိုင် ၁၀၀) လေတိုက် ခတ်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ပြီး တစ်ချိန်တည်း တွင် IMD မှလည်း အလွန်ပြင်းအားကြီးမည့် လေပွေမုန်တိုင်း ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။
 
 
 
 
အစတွင် ၎င်းမှာ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းအား ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းခဲ့သော်လည်းနောက်ပိုင်းတွင် ပို၍ ခြောက်သွေ့သော လေထုနှင့် ကျွံဝင်ခြင်း ကြောင့် ပြန့်ကျဲလာခဲ့ပြီး အားလျော့လာသည်။ အကျိုးဆက် အားဖြင့် ဗဟို တစ်ဝိုက်တွင် နက်ရှိုင်းသော အပူစီးကူးခြင်းသည် သိသိသာသာလျော့သွားခဲ့သည်။ ထိုတစ်ချိန်တည်းတွင် မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက် အဖျားပိုင်းတစ်ဝိုက်၏ အရှေ့မြောက်ဘက်မှ အရှေ့ တောင်ဘက်ဆီသို့ ရွေ့လျားမှု စတင်ဖြစ်ပွားခဲ့သည်။Dvorak technique ဒီဗိုရက်ခ် နည်းပညာ သုံးကာ ဂြိုလ်တုပြင်းအား တိုင်းတာမှုအရ လေပွေမုန်တိုင်းသည် အပူပိုင်းဒေသ မုန်တိုင်းအဆင့်သို့ လျော့ကျသွားကြောင်း ဖော်ပြခဲ့သော်လည်း အပူစီး ကူးခြင်း လျော့ နည်းသွားသည့်တိုင်အောင် မုန်တိုင်းမှာ ဆက်လက်၍ အားပြင်းနေဆဲဖြစ်သည်။ ဧပြီ၂၉ ရက် နောက်ပိုင်းတွင် ရုတ်တရက် မုန်တိုင်းပြင်းထန်မှုကို တိုးလာသော လေလမ်းကြောင်းများဖြင့် တားဆီး ထားသော်လည်း အပူစီးကူးခြင်း ပြန်လည် ဖြစ် ပေါ်လာခဲ့သည်။