ကျိုက်ထိုမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး oops
အရေးမကြီးNo edit summary
စာကြောင်း ၁၃၅ -
 
စစ်တောင်း-ကျိုက်ထို တူးမြောင်းသည် [[စစ်တောင်းမြစ်]]ဝရှိ ဝင်းပတောရွာနှင့် ကျိုက်ထိုမြို့ကို ဆက်သွယ်ပေးခဲ့လေသည်။ ဝင်းပတောရွာနှင့် ကျိုက်ထိုမြို့ ဘောဂနာရွာများတွင် ရေတံခါးများ ထားရှိခဲ့သည်။ဝင်းပတောရွာရှိ ရေတံခါးမှာ ပျက်စီးလာခဲ့သဖြင့် [[၁၈၉၇]] ခုနှစ်တွင် [[မုပ္ပလင်]]ရွာ၌ ရေတံခါးပြောင်းလဲ ဆောက်လုပ်ခဲ့လေသည်။ ပင်လယ်ကမ်းနှင့် ယှဉ်ပြိုင်ဖောက်ထားသော စစ်တောင်း-ကျိုက်ထိုတူးမြောင်းမှာ ပင်လယ်ရေ တိုက်စားသဖြင့် နှစ်အနည်းငယ်အတွင်း ပျက်စီးသွားလေသည်။ သို့ဖြင့် စစ်တောင်းမြစ်မှ မော်လမြိုင်အထိ တူးမြောင်းဖောက်လုပ်ရန် စီမံကိန်းမှာလည်း လက်လျှော့လိုက်ရလေသည်။ စစ်တောင်းမြစ်ဝရှိ ဝင်းပတောရွာမှာလည်း ကမ်းပြိုသဖြင့် လုံးဝ ပျက်စီးသွားခဲ့လေသည်။
ကျိုက်ထိုမြို့အလယ်တွင် ရွှေဘုံသာ စေတီတော်တည်ရှိ၍ မြို့၏ အရှေ့တောင်ယွန်းယွန်းတွင် [[ကျိုက်ပေါလော ရုပ်ပွားတော်]]တည်ရှိသည်။[[File:Kyaikpawlaw Buddha Image Kyaikhto.jpg|thumb|200px|ကျိုင်ပေါလောမှည့်ရှင်တော်ဘုရားကျိုက်ပေါလောမှည့်ရှင်တော်ဘုရား]]
ကျိုက်ပေါလော [[ရုပ်ပွားတော်]]ကို ပင်လယ်ထဲမှ ရရှိ၍ သီဟိုဠ်ကျွန်း ဒေဝါနံပိယတိဿမင်းက ပင်လယ်၌ မျှောလိုက်သော ရုပ်ပွားတော် ၄ ဆူအနက် ကျောက်ဘီးပေါ်တွင် သီတင်းသုံး၍ မျောပါလာသော ရုပ်ပွားတော်ဖြစ်သည်ဟု ယုံကြည်ကြသည်။ထိုကျောက်ဘီးကိုလည်း ဘုရားတန်ဆောင်းအတွင်းတွင် တွေ့မြင်နိုင်သည်။ ကျိုက်ပေါလောတန်ဆောင်းနှင့် မျက်နှာချင်းဆိုင်တွင် သွန်းဘုရားကြီးခေါ် ကြေးဆင်းတုတော်တစ်ဆူရှိသည်။ ထိုဆင်းတုတော်မှာ [[မန္တလေးမြို့]][[မဟာမြတ်မုနိ]]ရုပ်ပုံတော်၏ ပုံကိုယူ၍ သွန်းလုပ်ထားသော ရုပ်တုတော်ဖြစ်သည်။
ကျိုက်ထိုမြို့ပေါ်နှင့် မြို့အနီးတစ်ဝိုက်တွင် ကျောင်းသင်္ခမ်းများ၊ စာသင်တိုက်များ ရှိသည်။ ထင်ရှားသော စာသင်တိုင်များမှာ မဟာမေဃဝန်တိုက်၊ ဘုရားကြီးတိုင်၊ သစ်ချတောင်တိုက်နှင့် တက်တောင်ကျောင်းတိုက်တို့ဖြစ်သည်။ကျိုက်ထိုမြို့နယ်တွင် [[ဗမာ]]၊ [[ကရင်]]၊ [[မွန်]]၊ [[ရှမ်း]]၊ [[ထားဝယ်]]၊ စသော လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ မြို့၏ ကျောထောက်နောက်ခံ[[စီးပွားရေး]]မှာ ထင်သလောက် မကောင်းသောကြောင့် စည်ကားသင့်သလောက် စည်ကားမှုမရှိချေ။သို့သော် [[ကျိုက်ထီးရိုးဘုရား|ကျိုက်ထီးရိုးပွဲတော်]]ကာလများတွင် ပိုမိုစည်ကားသည်။