မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ
Content deleted Content added
→ဒလမြို့စား: added more information |
အရေးမကြီး →မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး |
||
စာကြောင်း ၅၇ -
မြန်မာသက္ကရာဇ် ၁၁၉၉ (ခရစ်နှစ် ၁၈၃၇) ခုနှစ်တွင် [[အင်းဝမြို့|အင်းဝ]]၌ [[သာယာဝတီမင်း]]နန်းတက်လာသည်။ သာယာဝတီမင်းသည် [[ရန္တပိုစာချုပ်|ရန္တပို]]စာချုပ်ကိုလည်း အတည်မပြု၊ အင်္ဂလိပ်အစိုးရက စေလွှတ်သော သံကိုယ်စားလှယ် ဘားနေးကို လည်း အသိအမှတ် မပြုဘဲ နေသဖြင့် ဦးထော်လေး၏ မျှော်လင့်ချက်မှာ အပြီးအပိုင် ပျက်ပြားသွားရရှာလေတော့သည်။ မြန်မာသက္ကရာဇ် ၁၂၀၈ (ခရစ်နှစ် ၁၈၄၆) ခုနှစ်တွင် ပုဂံမင်း နန်းတက်လာ၏။ ခရစ်နှစ် [[၁၈၅၂]]
ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၁၄ (ခရစ်နှစ် ၁၈၅၂ ခုနှစ်) ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။ တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ ပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။ [[ဆူးလေစေတီတော်|ဆူးလေစေတီတော်ကြီး]]ကိုလည်း ပြင်ဆင်သည်။
|