ရှောလူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
 
====အမေရိကန်သို့ ရောက်ရှိခြင်း ====
သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် အမေရိကန်ပြည်သို့ သွားမည့် သင်္ဘောတစ်စင်းသည် ကာလကတ္တား သင်္ဘောဆိပ်သို့ ခေတ္တဝင်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ သုံးဆယ်မြို့၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့် ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလူးတို့ တွေ့ကြသည်။ မောင်ရှောလူးက သူကို အကြောင်းစုံ ပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ကရုဏာ သက်သွားသည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ ၄ လခန့် ကြာမှသာ အမေရိကန်ပြည် နယူးယောက်မြို့သို့ ရောက်ရှိလေသည်။ ၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ ဆရာမကြီး၏ ဆောင်ရွက်ပေးချက် အရ နယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် လူဝီစဗတ်ရှိ တက္ကသိုလ် ( ယခု ဗတ်ကနဲ တက္ကသိုလ်) မှ သီအိုလိုဂျီ ပါမောက္ခ တစ်ဦးက မောင်ရှောလူးကို ကူညီထောက်ပံ့ပေးကြသည်။ မောင်ရှောလူးသည် ပညာရပ်များကို ဆည်းပူးနိုင်ရန် ကြိုးပမ်းရာ ၁၈၅၉ ခုနှစ်တွင် လူဝီစဗတ်ရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။ ထိုတက္ကသိုလ်တွင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဖီလိုဆိုဖီ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ နက္ခတ္တဗေဒအမေရိကန်နက္ခတ္တဗေဒ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စသည်တို့ကို မောင်ရှောလူး လေ့လာ ဆည်းပူးသည်။ သူသည် ထိုခေတ်အမေရိကန် ကျောင်းသားများနည်းတူ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်သည်။ ပါမောက္ခတစ်ဦးအိမ်တွင် တစ်နာရီ ၁၀ ဆင့်နှုန်းဖြင့် အလုပ်ဝင်လုပ်ခဲ့သည်။ မောင်ရှောလူးသည် ကျောင်းပိတ်ရက်များတွင် အခြားမြို့နယ်များသို့ လှည့်လည် သွားကာ မြန်မာနိုင်ငံအကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများအကြောင်း တရားဟောပြောသည်။ ထိုအတွက် ဉာဏ်ပူဇော်က ငွေများ ရသေးသည်။ ဤသို့ ပညာသင်နေစဉ်အတွင်း မောင်ရှောလူးသည် အမေရိကန်ပြည်တွင်းစစ်နှင့် ကြုံတွေ့ရပြန်သည်။ ငွေဝယ်ကျွန် ပြဿနာနှင့် စပ်လျဉ်း၍ လင်ကွန်း ဦးဆောင်သော မြောက်ပိုင်းသားများနှင့် တောင်ပိုင်းသားများ တိုက်ခိုက်ကြသည်။ တိုက်ပွဲများ အနှံ့အပြား အပြင်းအထန် ဖြစ်ပွားသည်။ မည်သို့ပင် ဖြစ်စေ မောင်ရှောလူးကား မတုန်လှုပ်၊ အားမလျှော့ဘဲ ပညာကို ကြိုးစားသင်ယူခဲ့သည်။ သို့ဖြင့် ၅ နှစ်အကြာ၊ ၁၈၆၄ ခုနှစ်တွင် ထိုတက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့လေသည်။ ဘီအေ အောင်သော်လည်း မောင်ရှောလူးသည် မရပ်တန့်သေးချေ။ ဆေးပညာကို ဆက်လက်ဆည်းပူး၍ရန် ကြိုးပမ်းပြန်သည်။
[[File:Bucknell University, 1870s.jpg|thumb|၁၈၇ဝ ခုနှစ်ကာလ ဗက်ကနဲ တက္ကသိုလ် (Bucknell University)|alt=]]
ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေးရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃ နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီ(Doctor of Medicine)ဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။ မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူး ဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု သမ္မတကြီး [[အင်ဒရူး ဂျက်ဆန်|အင်ဒရူးဂျွန်ဆင်]]နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ [[အေဘရာဟမ် လင်ကွန်း|လင်ကွန်း]]ကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသားပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက [[မင်းတုန်းမင်း]]ထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။