ရှောလူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၁ -
 
== ငယ်ဘဝ ==
ဒေါက်တာရှောလူးကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် [[မော်လမြိုင်မြို့|မော်လမြိုင်]]တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ [[ခရစ်ယာန်ဘာသာ]]ဝင် [[မွန်လူမျိုး]]များ ဖြစ်ကြသည်။ မိခင်မှာ မွန်ဘုရင် ဗညားဒလ၏[[ဗညားဒလ]]၏ ညီတော် မြဝတီမြို့စား (ဗရဲ့ပတိုင်း) ၏ မြစ်တော်စပ်သူ ဖြစ်သည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ [[ယုဒသန်|ဂျဒ်ဆင်]] (Adoniram Judson)နှင့် အိမ်နီးချင်းဖြစ်သည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။ သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြပေးရသူ ဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။
 
== ပညာသင်ကြားခြင်း ==
စာကြောင်း ၃၁ -
ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေးရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃ နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီ(Doctor of Medicine)ဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။ မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူး ဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု သမ္မတကြီး [[အင်ဒရူး ဂျက်ဆန်|အင်ဒရူးဂျွန်ဆင်]]နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ [[အေဘရာဟမ် လင်ကွန်း|လင်ကွန်း]]ကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသားပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက [[မင်းတုန်းမင်း]]ထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။
== မြန်မာနိုင်ငံသို့ ပြန်လာခြင်း ==
၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒေါက်တာ ရှောလူးသည် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းခရီးတွင် လန်ဒန်တွင်[[လန်ဒန်မြို့|လန်ဒန်]]တွင် တစ်လ၊ ပဲရစ်တွင် တစ်ပတ် နားနေလေ့လာ၍၊ အေသင်၊ [[သီရိလင်္ကာနိုင်ငံ|သီဟိုဠ်]][[ကာလကတ္တားမြို့|ကာလကတ္တား]] စသည်တို့သို့ ခေတ္တ ဝင်ရောက်ခဲ့သေးသည်။ ထိုအချိန်က စူးအက်တူးမြောင်းလည်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် ဒေါက်တာရှောလူးသည် မြန်မာနိုင်ငံသို့ရောက်သော် အမေရိကန် သမ္မတကြီး၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် ရတနာပုံ မန္တလေးမြို့သို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်ဖြင့် မန္တလေးမြို့သို့ ခရီးဆက်ပြီး မင်းတုန်းမင်းကြီးထံမှောက် အခစားဝင်သည်။ မင်းတုန်းမင်းကြီးသည် သူ့ကို ကောင်းစွာလက်ခံ စကားပြောလေသည်။ သမ္မတ ဂျွန်ဆင်၏ ထောက်ခံစာကိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံယူသည်။ ထို့နောက် ဒေါက်တာ ရှောလူးကို သားတော်တစ်ပါးကဲ့သို့ ပြုစု စောင့်ရှောက်ကာ မြောက်ဥယျာဉ်၌ ထားတော်မူပြီး နန်းတွင်းစားတော်အုပ်ကို နေ့စဉ်ပို့စေသည်။ ဒေါက်တာရှောလူးသည် ရက်ပေါင်း ၂၀ ခန့် စည်းစိမ်ချမ်းသာ ခံစား၍ နေခဲ့သည်။ ထို့နောက် မင်းတုန်းမင်းကြီးအား သူ့ကို ဤသို့ ချီးမြှောက်သည်ကို ဝမ်းသာ ကျေးဇူးတင်ကြောင်း၊ သို့သော် သူသည် စည်းစိမ်ခံ၍ မနေလို၊ သူသင်ယူလာသော ပညာများကို အသုံးပြုလျက် ဆရာဝန်နှင့် ကျောင်းဆရာ အလုပ်ကို လုပ်လိုကြောင်း လျှောက်ထားသည်။ မင်းတုန်းမင်ကြီးကလည်း ကြည်သာစွာ ခွင့်ပေးသည်။ သူ့ကို လက်ဆောင်များပေးကာ အောက်မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်လေသည်။
 
ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်ကြီး၏ အမြှောက်စားခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည်ဟုဆိုကာ အလုပ်မပေးခြင်း ဖြစ်သည်။ သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်မြို့သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်း ဖွင့်လျက် ကျောင်းသား ၃၀ကို စာသင်ပေးသည်။ ထိုနောက် ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ် ကျောင်း၌ ဆရာဝင်လုပ်သည်။ ၁၀နှစ်ကြာသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သော အနေဖြင့် သုံးဆယ်မြို့ရှိ ဆရာမကြီးကျောင်းတွင် ၃ နှစ်တိတိ ဆရာဝင်လုပ်ပေးလေသည်။ ထိုနောက် ရန်ကုန် အစိုးရကျောင်း၌ တစ်နှစ် ဆရာဝင်လုပ်ပေးသည်။ အာဏာပိုင်တို့က သူ၏ အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကိုလည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဘက်တွင် အမှုထမ်းရန် ရာထူးကြီး ပေးသည်။ ဒေါက်တာရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ကိုင်ချင်နေသည်။ ဆေးဘက်တွင်ကား အင်္ဂလိပ်အစိုးရက နေရာမပေးပေ။ ဆေးဘက်၌ လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထံတွင် အကူဆရာဝန် အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။
 
== စာရေးသားခြင်း ==
ဒေါက်တာရှောလူးသည် ၁၈၇၈-ခုနှစ် ဖေဖေါ်ဝါရီလတွင် (ပိန်ကီလာ) Painkiller အမည်ရှိ ဆေးကျမ်းငယ် တစ်စောင်ကို ပြုစုပြီး မော်လမြိုင်ရှိ မော်လမြိုင်အဆွေ ပုံနှိပ်တိုက်မှ ဦးနီက ပုံနှိပ်ဖြန့်ချိခဲ့သည်။ နာခြင်းဝေဒနာကို သက်သာစေသောဆေး အသုံးပြုနည်း အညွှန်းစာအုပ် ဖြစ်သည်။ မော်လမြိုင်နယ်တစ်ခွင်တွင် အားကိုးအားထား ပြုနေရသော ဆေးဆရာကြီး (ဟကြာနွတ်) ဟူ၍ ကျော်ကြားခဲ့သည်။ ဒေါက်တာရှောလူးသည် မြဝတီမြို့စား၏ မြစ်တော်သည်ဟုလည်း မှတ်တမ်းတစ်ခုက ဆိုပေသည်။ ဒေါက်တာရှောလူးသည် အသက် ၇၄-နှစ်တိုင်အောင် ကျန်းမာသန်စွမ်းလျက် ဘာကနဲဗက်ကနဲ တက္ကသိုလ်နှင့် စာချင်းဆက်သွယ်နေတုန်းပင် ဖြစ်သည်။ <ref>စာပေဗိမာန်ထုတ် အောင်မင်းမြတ်၏ ကွယ်လွန်ထင်ရှား ဆရာ ၁၀၀၏ အားမာန်များ စာအုပ်မှ ၂၀၀၉-ခုနှစ်</ref>
 
== မိသားစု ==