မယား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၉ -
 
 
ဤကား ပဒုမပြဇာတ်လာ[[ပဒုမ ပြဇာတ်|ပဒုမပြဇာတ်]]လာ စကားဖြစ်၏။ အချုပ်အားဖြင့် "လင်ယောက်ျားကိုအယား ပျောက်အောင် ဖျောက်ပေးသူ"ဟုဆိုလိုသည်။ သာမန်အားဖြင့်ကြည့်သော် ယင်းဖွင့်ဆိုချက်မှာ ရိုင်းသည်ဟု ထင်ဖွယ်ရှိသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသောဖွင့်ဆိုချက်(ဗျူပ္ပတ်ရှုထောင့်မှကြည့်လျှင် အဓိပ္ပါယ်ပီပြင်သော ဖွင့်ဆိုချက်)သာဖြစ်၏။ မြန်မာမှု၌ "ယား"ဟုစကားလုံးသည် မငြိမ်မသက် ဖြစ်ခြင်းအနက်၊ လှုပ်ရှားခြင်းအနက်၊ ကြရွခြင်းအနက် ဖြစ်၏။ ယောကျာ်းသည် သားကျွေးမှု၊ မယားကျွေးမှုအတွက် အမြဲ ရုန်းကန် လှုပ်ရှားနေရသူ၊ နေ့တကုတ်ကုတ် ညတကုတ်ကုတ် နေပူမိုးရွာမရှောင် အလုပ်လုပ်နေရသော အလုပ်သမား ယားနေသူဖြစ်၏။ လှုပ်ရှားရဖန်များလျှင် အယားများ၏။ များများယား၏။ အလုပ်များ(အယားများ)လျှင် ပင်ပန်း၏။ နွမ်း၏။ မောဟိုက်၏။ ထိုအခါ လင်ယောကျာ်းခများ ပင်ပန်းနွမ်းဟိုက်သည်ကို မယားခမျာက မကြည့်ရက်နိုင်သဖြင့် အမောအပန်းပြေပျောက်အောင် အယားပြေသွားအောင် ပြုစုယုယမှုအသွယ်
သွယ်တို့ဖြင့် အယားဖြေပေးသည်။ လင်ယောကျာ်း အမောပြေအောင်၊ အယားပျောက်အောင် ဖျောက်ပေးသော ဗျူပ္ပတ်ကိုရှု၍ မယားဆိုသည်မှာ ယောကျာ်းကျိကျိ၊ ယားချိချိနှင့် ရှိသည့်ထိုအခါ၌ ဟူ၍ဆရာတော်ဆိုသတည်း။ ဆရာတော်သည် မယားကို အနက်နှစ်မျိုး ဖွင့်ဆိုထား၏။ လင်ကို အယားဖြေတတ်
သူ၊ ကိုယ်တိုင်လည်း ယားနေသူ၊ ယင်းနှစ်မျိုးတွင် ဒုတိယအနက်ကို ပဒုမပြဇာတ်၌ ဖွင့်ဆို ပြန်သည်ကား...
"https://my.wikipedia.org/wiki/မယား" မှ ရယူရန်