မြန်မာအက္ခရာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာကြောင်း ၁ -
[[File:Myanmar Akkayar.jpg|thumb|right|မြန်မာအက္ခရာဖြစ်ပေါ်လာပုံ]]
 
{{Translation incomplete}}
'''မြန်မာအက္ခရာ''' သည် ဗြာဟ္မီအုပ်စုတွင် ပါဝင်ပြီး [[မြန်မာဘာသာ]]၊ [[မွန်ဘာသာ]]၊ [[ရှမ်းဘာသာ]]၊ စကောနှင့် ပွဲကရင်ဘာသာများ ရေးသားရာတွင် အသုံးပြုသည်။ မူလပထမ ရှေးမြန်မာအက္ခရာသည် ထောင့်ချွန်းနှင့် လေးထောင့် အက္ခရာတို့သာ ဖြစ်ကြသည်။ [[သရေခေတ္တရာ|သရေခေတ္တရာပြည်]]နှင့် ရွှေဘိုနယ် [[ဟန်လင်းမြို့ဟောင်း|ဟန်လင်းကြီးမြို့]]များ ကောင်းစားစဉ် အခါကာလတို့က ရေးသားသုံးစွဲကြသော အက္ခရာတို့မှာ ထောင့်ချွန်းပုံ အက္ခရာမျိုးများ ဖြစ်ကြ၍ [[ပုဂံခေတ်]]မှ [[အင်းဝခေတ်]]အထိတွင် ရေးသားကြသော အက္ခရာများမှာမူကား လေးထောင့်ပုံသဏ္ဌာန်များသာ ဖြစ်ကြလေသည်။ [[ကုန်းဘောင်ဆက်]]သို့ ရောက်ရှိမှသာလျှင် အက္ခရာဝိုင်းဝန်းလာလေသည်။ အမရပူရ ပထမမြို့တည်နန်းတည် ဖြစ်တော်မူသော [[ဘိုးတော်ဘုရား|ဘိုးတော်မင်းတရားကြီး]] (၁၁၄၃-၁၁၈၁)၏ အမိန့်တော်ပြန်တမ်းတွင် "ငါ၏ ပိဋကတ်တော်များကို အက္ခရာစောက်ဖြင့် မသုံးရ။ အက္ခရာဝန်းဖြင့်သာ သုံးရမည်" ဟု ပါရှိသည်မှာ အက္ခရာဝန်းဝိုင်း လာခြင်း၏ ခိုင်မာသော အထောက်အထားပင် ဖြစ်သည်။