အန်ထော်နီ လဗွိုင်စီယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Modifying: it:Antoine-Laurent de Lavoisier; cosmetic changes
စာကြောင်း ၅ -
== ဖော်ထုတ်ချက်များ ==
၎င်း၏ ပထမဦးဆုံး ဓာတုဗေဒ အဆိုအမိန့်တွေ့ရှိချက်များကို ၁၇၆၄ ခုနှစ်တွင် ထုတ်ဝေသည်။ ၎င်း၏ အသက် ၂၅နှစ်အရွယ်တွင် ပြင်သစ် အကယ်ဒမီသိပ္ပံ အဖွဲ့ဝင်တစ်ဦးအဖြစ် အရွေးချယ်ခံရသည်။ ၁၇၆၉ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ပထမဆုံးသော ဘူမိဗေဒမြေပုံကို ဖော်ထုတ်ခဲ့သည်။ အသက် ၂၈နှစ်အရွယ်တွင် မာရီအင်နီပီယာရက်ပေါဇီနှင့် လက်ထပ်သည်။ ဇနီးဖြစ်သူ မာရီသည် ခင်ပွန်း၏ သိပ္ပံဆိုင်ရာ လုပ်ငန်းများတွင် များစွာ အထောက်အပံ့ပေးနိုင်သူဖြစ်သည်။
လဗွိုင်စီယာသည် ဓာတုပဟေဠိကွင်းဆက်ကလေးများကို အမှန်အကန်စုစည်းပေးပြီး ဓာတုသီအိုရီများကိုfhgilhasgloaisrhjwrthjskdfhgiaujb kserjgmwn
များကို စတင်ချမှတ်ပေးခဲ့သည်။ သူက ဖလိုဂျစ္စတန်သီအိုရီများကို မှားယွင်းကြောင်း၊ ဖလိုဂျစ္စတန်ကဲ့သို့ ပစ္စည်းဟူ၍ မရှိ၊ မီးလောင်ခြင်းမှာ ဓာတုပစ္စည်းများက အောင်ဆီဂျင်နှင့်ပေါင်းမိရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရှင်လင်းထားသည်။ ရေသည် ဒြပ်စင်တစ်ခုမဟုတ်၊ အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ ပေါင်းစပ်ပါဝင်သည့် ဒြပ်ရောတစ်ခုဖြစ်သည်ဟု ရှင်းလင်းဖော်ပြခဲ့သည်။ လေသည်လည်း ဒြပ်စင်တစ်ခုမဟုတ်ဘဲ အောက်စီဂျင်နှင့် နိုင်ထရိုဂျင်ဒြပ်ရောဖြစ်သည်ဟု ဆိုသည်။ ၁၇၈၉ခုနှစ်တွင် သူ၏ ဓာတုဗေဒ ကျမ်းကြီးတွင် ယင်းအဆိုများကို ရှင်းပြထားသည်။
 
== ရှင်းလင်းဖော်ထုတ်ချက်များ ==
တစ်ဖန် ဓာတုဓာတ်ပြုမှုတို့တွင် ဒြပ်ထု တည်မြဲမှုနိယာမကို ပထမဆုံး ရှင်းလင်းဖော်ထုတ်ပေးသည်။ ဓာတုဓာတ်ပြုမှုကြောင့် ဒြပ်စင်များအစီအစဉ်ပြောင်းလဲသွားသော်လည်း အလေးချိန်မပြောင်းလဲကြောင်း ၎င်းကရှင်းလင်းဖော်ထုတ်ပြနိုင်သည်။