အမ်မီ နိုသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added some bio and a summary of research contributions
အရေးမကြီး →‎သုတေသန: fixed link
စာကြောင်း ၄၃ -
ဒုတိယပိုင်းကို ၁၉၂၀မှ ၁၉၂၆ အထိ သတ်မှတ်လေ့ရှိပြီး၊ သဘောတရားရေးရာ အက္ခရာသင်္ချာကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကာလဖြစ်သည်။ ပတ်လည်ညီ ကွင်းများ ([[:en:Commutative ring|commutative rings]]) အတွင်းရှိ အိုင်ဒီးလ် ([[:en:Ideal (ring theory)|ideals]]) ခေါ် အထူးကွင်းငယ်များနှင့် သက်ဆိုင်သည့် သီအိုရီကို ဖော်ထုတ်သည့် ''ကွင်းဒိုမိန်များ အတွင်းရှိ အိုင်ဒီးလ်သီအိုရီ'' အမည်ရ ''Idealtheorie in Ringbereichen (Theory of Ideals in Ring Domains)'' ဂန္ဓဝင်စာတမ်းကို ဤကာလအတွင်း ရေးသားခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် [[:en:Ascending chain condition|ascending chain condition (ACC)]] ခေါ် ဆင့်ပွားတိုးတက်သည့် ကွင်းဆက်ဂုဏ်သတ္တိ သဘောကို အမ်မီနိုသာက ရိုးရှင်းလှပစွာ အသုံးပြုနိုင်ခဲ့ပြီး၊ သူ့ကို ဂုဏ်ပြုသည့် အနေဖြင့် ၎င်း ဆင့်ပွားတိုးတက် ကွင်းဆက် ဂုဏ်သတ္တိပါ သင်္ချာအရာဝတ္ထုများကို နိုသာရီယန် ([[:en:Noetherian|noetherian]]) ဟု ခေါ်ဝေါ်ကြသည်။
 
တတိယပိုင်းကို ၁၉၂၇မှ ၁၉၃၅ အထိ သတ်မှတ်လေ့ရှိပြီး၊ ပတ်လည်ညီစရာ မလိုသည့် အက္ခရာသင်္ချာ ([[:en:Noncommutative ring|noncommutative algebra]]) ဘာသာရပ်နှင့် ကွန်ပလက်လွန်ကိန်းများ ([[:en:ypercomplexHypercomplex number|ypercomplexhypercomplex numbers]]) ကို လေ့လာခဲ့ပြီး၊ အုပ်စုများ (groups) နှင့် ပတ်သက်သည့် ရီပရယ်စန်တေးရှင်း သီအိုရီ ([[:en:Representation theory|Representation theory]]) ကို အခြား သင်္ချာအရာဝတ္ထုများဖြစ်သည့် မော်ဂျူးများ ([[:en:Module (mathematics)|modules]]) နှင့် အိုင်ဒီးလ်များနှင့် ပတ်သက်သည့် သီအိုရီနှင့် ပေါင်းစပ်ပေးနိုင်ခဲ့သည်။
 
နိုသာမှ သူ၏ သုတေသန စိတ်ကူးအမြင်များကို ရက်ရက်ရောရော ဝေမျှတတ်သူဖြစ်ရာ သူ၏ အထက်ပါ ပင်မသုတေသန လုပ်ငန်းများအပြင် ၎င်းတို့နှင့် တိုက်ရိုက် မသက်ဆိုင်သည့် အခြားနယ်ပယ်များ၊ သာဓကအားဖြင့် အက္ခရာသင်္ချာဆိုင်ရာ တိုပေါ်လော်ဂျီ၊ ရှိ သုတေသန စာတမ်းအချို့တွင်လည်း သူ့ကို အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။