နန်းမတော်မယ်နု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၀ -
၁၁၇၀ ပြည့်၊ တန်ခူးလပြည့်ကျော် ၇ ရက်တွင် စစ်ကိုင်းမင်းသား (မောင်မောင်စိန်) အိမ်ရှေ့စံအရာ ရသည်။ ရင်းနှီးသော အပျိုတော် ခင်ဖြူစင်အား မယ်နုနှင့်စပ်လျဉ်းကာ တိုးတီးတိုင်ပင်သည်။ မယ်ဖြူစင် အကြံပေးသည့်အတိုင်း [https://en.wikisource.org/wiki/%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%85%E1%80%B6_%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80% သဖြန်]ရေးပို့သည်။ ပတ္တမြားလက်စွပ် ဆုချထားရာ အကြောင်းသင့်သလို တောင်နန်းသို့သွား၍ မယ်ဖြူစင်က မယ်နုအား နှဲ့သည်။ အတန်တန်စဉ်းစားပြီးနောက် အရီးတော် <ref group="fn">မယ်နု၏ အဘွား မယ်မွန်နှင့် ညီအစ်မတစ်ဝမ်းကွဲဖြစ်၍ အဘွားဝမ်းကွဲသာ ဖြစ်သည်။ သို့သော် အရီးဟုပင် ခေါ်သည်။ ပြည်မင်းသားကြီး သီရိမဟာဓမ္မရာဇာ၏ ကိုယ်လုပ်တော် သီရိသုနန္ဒာဝတီ (မယ်ပု) ဖြစ်သည်။</ref> ထံ ချဉ်းကပ်တောင်းယူပါဟု စကားပြန်လိုက်သည်။ မကြာမီပင် အိမ်ရှေ့မင်း၏ ကောက်ယူခြင်း ခံရသည်။
 
အိမ်ရှေ့မင်း၌ မင်းသားဘဝက လက်ဆက်ပေးထားသော အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ် ရှိနှင့်ပြီဖြစ်သည်။ ဆင်ဖြူရှင်မယ်မှာ [[ညောင်ရမ်းမင်းသား]]အား မြင်ပြီး ၇ ရက်အကြာတွင် ကံကုန်သည်။ သို့ဖြင့် မယ်နုမှာ အိမ်ရှေ့မိဖုရားအရာ ရောက်လာသည်။ အိမ်ရှေ့မိဖုရားအတွက် ရွာ ၄ ရွာ၊ မြင်း အစီး ၃၀၊ ပယ် ၃၀၀၀ နှင့် ဆားတောင်မ ၅ဆားတောင်မငါး ရွာ၊ အိတ်တည်ပွဲကင်း ကူးတို့ခွန်များကို ဗဒုံမင်းက စားစေသည်။
 
မယ်နုမှာ မင်းရိုးမဟုတ်၍ အိမ်ရှေ့စံအား ပန်းတောင်းထိပ်ခေါင်တင် <ref group="fn">ဗဒုံမင်းနှင့် ဒုတိယမြောက်နန်းမိဖုရား သီရိမဟာရတနာဒေဝီ တို့မှ မက္ခရာမင်းသား မွေးသည်။ ဗဒုံမင်းနှင့် စကုမြို့စား သီရိလောကဒေဝီ မိဖုရား တို့မှ ကြံညှပ်မင်းသမီး မွေးသည်။ အဆိုပါ မင်းသား မင်းသမီးတို့ ပေါင်းဖက်၍ ၁၁၇၁ ခုတွင် မွေးသော သမီးဖြစ်သည်။ အိမ်ရှေ့မင်းနှင့် စုံဖက်စဉ်က ပန်းတောင်းမင်းသမီး သီရိဝိမလ္လာ မှာ အသက် ၇ နှစ်သာ ရှိသေးသည်။</ref> နှင့် ၁၁၇၇ ခု၊ နယုန်လဆန်း ၇ ရက်တွင် ဘိုးတော်ကိုယ်တိုင် လက်ထပ်ပေးသည်။