မြစိန်: တည်းဖြတ်မှု မူကွဲများ

a photo added
စာကြောင်း ၁၇ -
 
 
တတိယ ကော်မတီလို့ ခေါ်တဲ့ လူမှုရေး ကော်မတီ ပုံမှန် အစည်းအဝေးတွေမှာ သူပါသလို၊ စောစောက ပြောခဲ့တဲ့ ကန့်လန့်ကာ နောက်ကွယ်က ကျိတ်ဝိုင်း အသေးစိတ် ညှိနှိုင်းပွဲတွေ မှာလည်း ပါနိုင်တယ်။ သူ မပါရင် အစည်းအဝေး လုပ်လို့ မရဘူး။ သူ မရောက်မချင်း အားလုံး ထိုင်စောင့်ရတယ်။ အဲဒါ ကိုယ်တွေ့ပဲ။ တခြား တနေရာမှာ သူ အလုပ်များနေရင် သူလာမှ အစည်းအဝေး စနိုင်မှာမို့ သူ့ကို စောင့်ရတယ်။ လှမ်းခေါ်ရတယ်။ မကြာခဏ အသံချဲ့စက်က ကြေညာသံ ကြားရတယ်။ ရယ်စရာလည်း ကောင်းတယ်။ ‘မြန်မာ ကိုယ်စားလှယ် မစ္စတာ ဒေါ်မြစိန် (Mr. Daw Mya Sein) အစည်းအဝေးခန်း အမှတ် … ဒီလောက် ဒီလောက်ကို အမြန်လာပါ။ အစည်းအဝေး စပါတော့မယ်’ အဲဒီလို ကြေညာသံ မကြာခဏ ကြားရတဲ့ မြန်မာ ကိုယ်စားလှယ်တွေနဲ့ မြန်မာတို့ရဲ့ ထူးခြားတဲ့ ဦး … ဒေါ် စတဲ့ နာမည်ခေါ်ပုံကို နားလည်တဲ့ နိုင်ငံခြားသား ကိုယ်စားလှယ်တွေ ပြုံးကြ ရယ်ကြတယ်။ ဘယ်နေရာမှ သူ မပါရင် မပြီးတဲ့ ပုဂ္ဂိုလ်မျိုးပဲ။ အဲဒီလို အစည်းအဝေးတွေ ကြားထဲက အချိန် မရရအောင် ယူပြီး ကိုလံဘီယာလို[[ကိုလံဘီယာ တက္ကသိုလ်]] လို အမေရိကန် တက္ကသိုလ်တွေ သွားပြီး ဟောပြော ပို့ချလိုက်သေးတယ်” ဟု မှတ်တမ်း တင်ခဲ့ပါသည်။