တက္ကသိုလ်တင်ခ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာသားပြင်ဆင်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃ -
၁၉၆၀ ပြည့်နှစ်တွင် ဝိဇ္ဇာအထွေထွေဂုဏ်ထူးဖြင့် (မြန်မာစာအဓိက)ဘွဲ့ ရခဲ့သည်။ ၁၉၆၀ − ၆၁ ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]]၌ မြန်မာစာနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် (၁၉၆၀ − ၆၄) ခုနှစ်အထိ အထက်တန်းနည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တပ်မတော်ဗိုလ်လောင်းသင်တန်း အမှတ် (၃၁) သို့ တက်ရောက်ခဲ့သည်။ (၁၉၆၅ − ၆၉) ခုနှစ်များတွင် အမှတ် (၉၇) ခြေလျင်တပ်ရင်း၌ တပ်စုမှူး၊ တပ်ခွဲမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။
 
၁၉၆၉ ခုနှစ်၊ ဇွန်လတွင် [[စစ်တက္ကသိုလ်]]သို့ ပြောင်းရွှေ့ရောက်ရှိပြီး နည်းပြဆရာ၊ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခ၊ လက်ထောက်စာပေညွန်ကြားရေးမှူးလက်ထောက်စာပေညွှန်ကြားရေးမှူး တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ − ၇၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ကုန်းဘောင်ခေတ် သုတစကားပြေကျမ်းများလေ့လာချက်စာတမ်း တင်သွင်းခဲ့သည်။ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ စန္ဒာ၊ သောင်းပြောင်းထွေလာ မဂ္ဂဇင်းများ၊ လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ကဗျာ၊ စာပေဆောင်းပါးများစွာ ရေးသားခဲ့သည်။
 
၁၉၉၃ ခုနှစ်၊ အမျိုးသားစာပေဆု၊ သုတပဒေသာ (ဝိဇ္ဇာပညာရပ်)ဆုအတွက် တက္ကသိုလ်တင်ခ၏ ''မြန်မာ့ဇာတိမာန်အဘိဓာန်'' စာအုပ်ကို ဂုဏ်ထူးတိုက်စာပေတိုက်က ဆွတ်ခူးရရှိခဲ့သည်။ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။