ဝိပလ္လာသ: တည်းဖြတ်မှု မူကွဲများ

→‎သညာဝိပလ္လာသ၌ တောသမင် ဥပမာ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎စိတ္တဝိပလ္လာသ၌ မျက်လှည့်ခြင်း ဥပမာ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၂ -
မျက်လှည်ကြီး ပညာမျိုးသည် ရှိ၏။ ထိုပညာဖြင့် ပြုလုပ်၍ ပြသည်ရှိသော် ကြည့်မြင်သူလူအများတို့သည် မြေစိုင်ခဲ စသည်ကို ရွှေခဲ၊ ငွေခဲ စသည် ထင်မြင်ကြကုန်၏။ မျက်လှည့်ပညာ၏ အစွမ်းသည် လူတို့၏ ပကတိသော မျက်စိမြင်မှုကို ဖျက်၍ မျက်စိမြင်မှုတစ်မျိုး ပြောင်းလဲစေနိုင်၏။ တစ်ခဏအားဖြင့် စိတ်ကို ဖောက်ပြန်စေနိုင်၏။ ပကတိအခါ၌ မြေစိုင်မြေခဲကို မြေစိုင်မြေခဲအတိုင်း မြင်ကြကုန်၏။ ထိုအခါ မြေစိုင်မြေခဲကို ဝါဝါဝင်းဝင်း ရွှေအဆင်း၊ ဖြူဖြူလင်းလင်း ငွေအဆင်းအနေနှင့် မြင်ကြကုန်၏။ ရွှေဟူ၍၊ ငွေဟူ၍ ယုံကြည်ခြင်း မှားယွင်းကြကုန်၏။
 
ဤဥပမာနှင့်တူစွာ စိတ်သည် မဟုတ်သည်ကို အဟုတ်လုပ်ကြံ၍ လှည့်စားတတ်၏။ ညဉ့်အခါ သစ်ငုတ်ကို မြင်လေရာ လူဟူ၍ လှည့်စားတတ်၏။ တောချုံကို မြင်လေရာ တောဆင်ဟူ၍ လှည့်စား၏။ တော်ဆင်ကိုတောဆင်ကို မြင်လေရာ တောချုံဟူ၍ လှည့်စား၏။ လောက၌ ဒိဋ္ဌမျက်မြင်မျိုးထဲတွင် အထင်မှားသမျှသည် စိတ်၏ လှည့်စားမှုချည်း ဖြစ်သည်။ စိတ္တဝိပလ္လာသသည် မဟုတ်သည်ကို အဟုတ်လုပ်ကြံ၍ လှည့်စားတတ်သောကြောင့် သညာဝိပလ္လာသထက် နက်နဲ၏။ သို့ရာတွင် အကြောင်းယုတ္တိနှင့် ဖြေဖျောက်လျှင် ပြေပျောက်လွယ်၏။ သညာကဲ့သို့ မခိုင်မြဲတတ်ပေ။
<ref name="လယ်တီဒီပနီပေါင်းချုပ်"/>