ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၅၈ -
 
===စတုတ္ထ တရုတ်-မြန်မာ စစ်ပွဲ===
[[File:ChineseSoldierByWilliamAlexander1793Emperor qianlong blue banner.JPGjpg|alt=|thumb|မန်ချူးဧကရာဇ် ချင်းလုံ၏ စစ်သည်တော်တဦး (ခရစ်နှစ် ၁၇၉၃)စစ်သည်များ]]
သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ်တွင် တရုတ်တို့စတုတ္ထအကြိမ် လာပြန်၏။ ထိုအကြိမ်တွင် တရုတ်တို့သည် ခြေသည် ငါးသိန်းငါးသောင်းဖြင့်ချီလာကာ ဗန်းမော်မြို့ကို တိုက်ခိုက်သိမ်းပိုက် လိုက်လေသည်။ ထိုမှတစ်ဆင့် ကောင်းတုံမြို့အရှေ့ ၁၂ မိုင် အကွာ ရွှေညောင်ပင်အရပ်တွင် ခံတပ်အခိုင်အလုံဆောက်၍ ရပ်တည်နေ၏။ ဗန်းမော်ကို ချီခဲ့စဉ်က မြစ်ညာတွင်ထားခဲ့သော တရုတ်တပ်များကလည်း လှေသမ္ဗန်လုပ်ကာ ရေကြောင်းချီလာသည်။ ကောင်းတုံမြို့ကို တရုတ်တို့ ရေကြောင်း ကြည်းကြောင်းဖြင့် အထပ်ထပ်ဝန်းရံ လုပ်ကြံသော်လည်း၊ ဗလမင်းထင် အစီအမံအကွပ်အကဲ ကောင်း၍မရချေ။ အင်းဝမှ နေမျိုးသီဟသူရ၊ မဟာသီဟသူရ၊ လက်ဝဲဝင်းမှူးတို့ ချီတက်စေ၏။ တရုတ်တို့သည် ကောင်းတုံကို မသိမ်းပိုက်နိုင်ဘဲ သက္ကရာဇ် ၁၃၁၁ ခုနှစ်လောက်တွင် ရွှေညောင်ပင်ခံတပ်ကို လက်လွှတ်လိုက်ရလေသည်။ သို့အတွက် စစ်ပြေငြိမ်းရန် တရုတ်တို့ စကားကမ်းလှမ်းလာ၏။ အခြားစစ်ဗိုလ်များက သဘောမတူသော်လည်း၊ [[မဟာသီဟသူရ၊ ဝန်ကြီးဗိုလ်ချုပ်|ဗိုလ်ချုပ် မဟာသီဟသူရ]]သည် ရှေ့ရေးကို မြှော်တွေးလျက် ဘုရင်အမိန့်ကိုပင် မခံယူတော့ဘဲ စစ်ပြေငြိမ်းရေးကို [[ကောင်းတုံစာချုပ်]]ဖြင့် လက်ခံလိုက်လေသည်။ (ဝန်ကြီး ဗိုလ်ချုပ် မဟာသီဟသူရနှင့် ဆင်ဖြူရှင်မင်း (မြေဒူးမင်း) သည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်း တော်စပ်သည်။)