ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၃၆ -
== ယိုးဒယား-မြန်မာ စစ်ပွဲ ==
[[File:Royal Palace of Ayutthaya.jpg|left|thumb|237x237px|အယုဒ္ဓယမြို့ပျက် (ခရစ်နှစ် ၂၀၁၀)|alt=]]
[[File:Burmese-Siamese war (1765-1767) map - EN - 001.jpg|thumb|ယိုးဒယား-မြန်မာစစ် (၁၇၆၅–၁၇၆၇)|239x239px]]
ဆင်ဖြူရှင်မင်းသည် ခမည်းတော်လက်ထက်က အောင်တော်မမူသော ယိုးဒယားကို ချီတက် တိုက်ခိုက်စေ၏။ သက္ကရာဇ် ၁၁၂၅ ခုနှစ် (ခရစ် ၁၇၆၄ ခုနှစ်) တစ်ပေါင်းလတွင် တပ်ပေါင်း ၂၈ တပ်ကို [[နေမျိုးသီဟပတေ့]] အုပ်ချုပ်စေလျက် ဇင်းမယ်ကြောင်းချီစေသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ် နတ်တော်လတွင် မဟာနော်ရထာကို ဗိုလ်ချုပ်ခန့်၍ တပ်ပေါင်း ၃ဝ ကို ထားဝယ်ကြောင်းချီစေ၏။ ထိုတပ်အသီးသီးသည် ချီတက် တိုက်ခိုက်လာခဲ့ရာ၊ ၄ နှစ်အကြာတွင် အယုဒ္ဓယမြို့ ပြင်တွင် တပ်ကြီးနှစ်တပ်ပေါင်းမိကာ အယုဒ္ဓယမြို့ကို ၁၄ လ တိုင်တိုင် ဝန်းရံထားခဲ့လေသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ် တန်ခူးလဆန်း ၁၁ ရက် (ခရစ် ၁၇၆၇ ခုနှစ်၊ မတ်လ ၂၈ ရက်) နေ့တွင် အယုဒ္ဓယမြို့ကို အောင်မြင်၏။ ယိုးဒယားမင်းလည်း မြို့အပျက်တွင် လက်နက်ထိမှန်၍ ကျဆုံးလေသည်။
 
စာကြောင်း ၄၉ -
=== ပထမ တရုတ်-မြန်မာ စစ်ပွဲ ===
[[File:Flag of the Alaungpaya Dynasty of Myanmar.svg|thumb|[[မြန်မာဘုရင့်တပ်မတော်]] အလံ|alt=|left]]
[[File:清 郎世宁绘《清高宗乾隆帝朝服像》.jpg|thumb|မန်ချူးဧကရာဇ် ချင်းလုံ (Qianlong Emperor) (ခရစ်နှစ် ၁၇၃၆)|244x244px]]
ပထမအကြိမ် တရုတ်စစ်သည်တို့သည် ကောင်းတုံမြို့ကို အထပ်ထပ်ဝန်းရံ လုပ်ကြံလာ၏။ ထိုသတင်းကိုကြားလျှင် ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေသည်။ ကောင်းတုံမြို့တွင်းကလည်း ထွက်တိုက်သည်နှင့် တရုတ်တို့မခံနိုင် ဆုတ်ခွါပြေးရလေသည်။ ထိုစစ်ပွဲတွင် တရုတ်တို့ဖက်မှ စစ်သည်ငါးသောင်း၊ မြင်းတစ်သောင်းဖြင့်ချီတက်လာရာ၊ တရုတ်စစ်သည် တစ်သောင်း ကျဆုံးခဲ့ရသည်ဟု ဆိုသည်။ ယင်းသို့ မရှုမလှ ဆုံးရှုံးခဲ့ရာ တရုတ် ဥတည်ဘွားမင်း (မန်ချူးဧကရာဇ် ချင်းလုံ အေဒီ ၁၇၃၆ - ၁၇၉၆) ညီ စစ်သူကြီး စူတာလောရဲသည် အရှက်ရကာ မိမိကိုယ်ကို အဆုံးစီရင် သွားရှာလေသည်။
===ဒုတိယ တရုတ်-မြန်မာ စစ်ပွဲ===
ထို့နောက်တွင် နောင်တရုတ်အရေးကို မြော်တင်း၍ ဗလမင်းထင်ကို ကောင်းတုံသို့စေလွှတ်ကာ အခိုင်အလုံနေစေသည်။ သက္ကရာဇ် ၁၁၂၈ ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်စစ်သည် နှစ်သိန်းငါးသောင်း၊ မြင်းသည် နှစ်သောင်း ငါးထောင်ဖြင့် ဗန်းမော်ကြောင်း ချီလာပြန်၏။ ဆင်ဖြူရှင်မင်းကြားလျှင် နေမျိုးစည်သူကို ရေကြောင်းမှ ဗန်းမော်သို့ ချီတက် တိုက်ခိုက်စေ၍ မဟာစည်သူကို ဧရာဝတီမြစ်၏ အနောက်ဘက်မှ မိုးကောင်း၊ မိုးညှင်းကြောင်း ချီစေသည်။ ကောင်းတုံတွင် ရှိနေသော ဗလမင်းထင်၏ တပ်ကိုလည်း အင်အားဖြည့်ပေးလေသည်။ တရုတ်တပ်များသည် ကောင်းတုံမြို့ကို ဝန်းရံတိုက်ခိုက်သော်လည်း ဗလမင်းထင်၏ အစီအမံကောင်းသဖြင့် မြို့ပြခိုင်လုံ သောကြောင့် မအောင်မြင်ချေ။ ထိုအချိန်တွင် နေမျိုးစည်သူ၏ စစ်ကူများရောက်လာ၏။ သို့ဖြစ်၍ ၃ ရက်အတွင်း တရုတ်တပ်များ ဆုတ်ခွာသွားရလေသည်။
===တတိယ တရုတ်-မြန်မာ စစ်ပွဲ===
[[File:Third Qing Burmese war.PNG|thumb|တတိယ တရုတ်-မြန်မာ စစ်ပွဲ|186x186px]]
နောက်တစ်နှစ်ဖြစ်သော သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် တရုတ်တပ်တို့ တတိယအကြိမ် ချီလာပြန်၏။ ထိုအကြိမ်တွင် တရုတ်ဧကရာဇ်ဘုရင်၏ သားမက်တော် မြင်းခုံရဲ([[မင်းဂျူအီ]]) ကိုယ်တိုင်အုပ်ချုပ်လျက် မြင်းသည် သုံးသောင်း၊ ခြေသည် သုံးသိန်းဖြင့် ချီလာသည်။ တရုတ်တို့သည် သိန္နီမြို့ကိုတိုက်ခိုက်သိမ်းယူပြီးလျှင် ရိက္ခာထောက် အဆက်အလက်များနှင့်တကွ အခိုင်အမာပြုကာ သီပေါသို့စစ်တစ်ကြောင်း၊ ဗန်းမော်သို့ စစ်တစ်ကြောင်း ချီတက်တိုက်ခိုက်၏။ ထိုအခါ မဟာစည်သူ၏ တပ်သည် သီပေါကြောင်းချီလာသော တရုတ်တို့ကို ဆီးကြို တိုက်ခိုက်ရသည်။ မဟာသီဟသူရတပ်သည် တရုတ်တို့၏ ရိက္ခာထောက်တပ်များကို နောက်ကလှည့်တိုက်ရန် ဘော်ကြိုကြောင်းချီရသည်။ ဗန်းမော်ကြောင်း ချီသောတရုတ်တပ်တို့ကို လက်ဝဲဝင်းမှူးတပ်က ဆီးကြို တိုက်ခိုက်ရလေသည်။ မဟာစည်သူ၏ တပ်မှာမခံနိုင်၍ မြန်မာတပ်တော်များမှာ ကတိမ်းကပါး ကစီကရင်ရှိလေသည်။ မဟာစည်သူ၏ တပ်ကို အောင် မြင်လာခဲ့သော မြင်းခုံရဲသည် ဆက်လက်ချီတက်လာခဲ့ရာ၊ မေမြိုဒေသကို ဖြတ်ကျော်ပြီးနောက် မေမြို့နှင့် ၈ မိုင်ကွာ အင်းဝမှ မိုင် ၃ဝ ခန့်သာဝေးသော ဆင်ခေါင်းသို့ တပ်ဦး ရောက်လာခဲ့၏။ မြန်မာတို့ဖက်မှ မဟာသီဟသူရတို့တပ်သည် တရုတ်တို့၏ ရိက္ခာထောက် နောက်တပ်များကို တိုက်ခိုက် ပြီးနောက် လားရှိုးနှင့် သံလွင်မြစ်ပေါ်ရှိ ကွန်းလုံကူးတို့ဆိပ်ကို ချီတက် သိမ်းယူလိုက်ရာ တရုတ်ပြည်မှ ရိက္ခာထောက်တပ်များ မပေါက်ရောက်နိုင်ရှိလေသည်။ ထို့နောက် လက်ဝဲဝင်းမှူးတို့ တပ်နှင့် ပူးပေါင်းမိ၍ သိန္နီရှိ တရုတ်တပ်မကြီးကို တိုက်ခိုက်ရာ၊ တရုတ်တို့ ငတ်မွတ်လှသည်နှင့် ကောင်းစွာ မခံနိုင်ဘဲ တပ်လုံးပျက်ကာ ဆုတ်ခွာထွက်ပြေးလေသည်။ မြစ်ငယ်ကြောင်းချီ၍ ဆင်းခေါင်းသို့ရောက်နေသော မြင်းခုံရဲ၏ တပ်တို့ကိုလည်း မဟာစည်သူတပ်က ထပ်မံတိုက်ခိုက်ပြန်ရာ၊ တရုတ်တို့ ရိက္ခာပြတ်နေချိန် ဖြစ်သည့်အတွက် တပ်ပျက်ကာ ဆုတ်ခွာရသည်။ စစ်ဝိုင်းခံနေရချိန်၌ မြင်းခုံရဲသည် ကျစ်ဆံမြီးကို တရုတ် ဧကရာဇ်ဘုရင်ထံသို့ ဖြတ်၍ပို့ရန် မှာကြားလျက် မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားလေသည်။ မဟာစည်သူတပ်နှင့် မဟာသီဟသူတပ်တို့မှာ ပူးပေါင်းမိသွားကာ တရုတ်တို့ကို ထပ်မံ လိုက်တိုက်ပြန်ရာ တရုတ်တို့သည် တရုတ်ပြည် တိုင်အောင် ဆုတ်ခွာကြရလေသည်။ ဗန်းမော်ကြောင်းချီလာ၍ ဗန်းမော်မြို့ကို အထပ်ထပ်ဝန်းရံ လုပ်ကြံခဲ့သော်လည်း ဗလမင်းထင် အကွပ်အညှပ်နာ၍ မရနိုင်ရှိခဲ့သော တရုတ်တို့တပ်လည်း သီပေါ ကြောင်းချီ တပ်ကြီးပျက်ကြောင်းကြားလျှင် အရံဖြုတ်ကာ ထွက်ပြေးသွားလေသည်။