ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆၅ -
'''၁၉၆၁''' ခုနှစ်တွင် [[လန်ဒန်]][[တိရစ္ဆာန်ရုံ]]သို့ ရောက်ရှိလာခဲ့သည့် ပန်ဒါမလေး ချီချီ၏ လွှမ်းမိုးမှုမှတဆင့် WWF က ဖန်တီးယူခဲ့ခြင်း ဖြစ်သည်။
 
ဘာသာစကားဆိုင်ရာ အတားအဆီး အားလုံးကို ကျော်လွှားနိုင်လောက်မည့် ခိုင်မာပြီး သိရှိမှတ်မိလွယ်သော အမှတ်တံဆိပ် တစ်ခု ဖြစ်ရန်လိုသောကြောင့် အမွှေးပွပွ ခန္ဓာကိုယ်ကြီးရှိပြီး အနက်ရောင် အကွင်းအဝိုင်းလေးနဲ့ မျက်ဝန်းတွေက အလွန်ကောင်းသည့် အမှတ်တံဆိပ် ဖြစ်လိမ့်မည်ဟု WWF ၏ တည်ထောင်သူများက ရှုမြင်ခဲ့ကြသည်။ ပထမဆုံး ပန်ဒါအမှတ်တံဆိပ် ပုံကြမ်းကို ဗြိတိသျှလူမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှင့် အနုပညာရှင် ဂျရယ် ဝက်တာဆန် (Gerald Watterson) က ရေးဆွဲပေးခဲ့သည်။ ယင်းပုံကြမ်းအပေါ် အခြေခံ၍ အဖွဲ့တည်ထောင်သူ တစ်ဦးဖြစ်သည့် ဆာ ပီတာစကော့ (Sir Peter Scott) က ပထမဆုံး အမှတ်တံဆိပ်ကို ရေးဆွဲခဲ့ပြီး "ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်က ရှားပါးပြီး လှပလို့ လူအများက ချစ်ကြတဲ့ တိရစ္ဆာန်တစ်မျိုး ဖြစ်ဖို့လိုပြီး ပုံနှိပ်တဲ့အခါ ကုန်ကျစရိတ်ကို ခေျွတာနိုင်စေမယ့်ချွေတာနိုင်စေမယ့် အဖြူနဲ့ အနက်ရောင်ပဲ ပါတဲ့ အကောင်မျိုးကို ပို သဘောကျပါတယ်။" ဟု ပြောခဲ့သည်။
 
ထိုအချိန်မှစ၍ ပန်ဒါအမှတ်တံဆိပ်သည် ကမ္ဘာအဝှမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။