ဓနုလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
များအား မြန်မာဓနုဟူ၍၎င်း ခွဲခြားခေါ်ဝေါ်၏။ ယင်းတို့ပြောသော မြန်မာစကားမှာမူ အသံဝဲ၏။ အဝတ်အစား ဝတ်ရာတွင်လည်း ရှမ်းတို့နှင့် နီးစပ်သူများက ရှမ်းအဝတ်အစားကို ဝတ်ဆင်၍၊ မြန်မာတို့နှင့် နီးစပ်သူများမှာ မြန်မာကဲ့သို့ပင် ဝတ်ဆင်သည်။ ရိုးရာယဉ်ကျေးမှု၊ အတီးအမှုတ်ဂီတ၊ ပွဲလမ်းသဘင်တို့ဖက်တွင် ရှမ်းဖက်နွယ်သည်။
 
များသောအားဖြင့် ရှမ်းတို့ကဲ့သို့ ခေါင်းတွင် အဝတ်ပတ်လေ့ရှိ၏။ [[ဗုဒ္ဓွအယူဝါဒ]]ကို၊နှင့် ခရစ်ယာန်ဘာသာကိုကို ကိုးကွယ်ကြသည်။ ဓနုလူမျိုးတို့၏ ဇာစ်မြစ်မှာ ဝိဝါဒ ကွဲပြားလျက်ရှိ၏။ [[မစ္စတာ အက်(ဖ)၊ အိပ်ချ၊ ဂျိုင်း]]ဆိုသူက ဓနုတို့သည် ဟံသာဝတီတောင်ဘက်မှ လာရောက်နေထိုင်ကြသော မြန်မာအုပ်စု တစ်စုမှ ပေါက်ဖွားလာကြသူများဟု ယူဆ၏။ [[မစ္စတာ စီ၊ အီး၊ ဗရောင်း]]ကမူ ဓနုတို့သည် ကရင်တောင်သူလူမျိုးများမှ ဆင်းသက်လာသည်ဟု ယူဆလေသည်။ အချို့နေရာများ၌ ရှမ်းမျိုး ၃ဝ တွင် ဓနုလူမျိုးသည်လည်း အပါအဝင်ဖြစ်၏ဟု ဆိုကြ၏။ သို့သော် ဓနုလူများစုသည် ရှမ်းစကားကို မပြောကြသဖြင့် ယင်းယူဆချက်မှာ မမှန်နိုင်ဟု [[မစ္စတာ ဂျေ၊ ဂျီ စကော့]]ဆို၏။
 
ဓနုလူမျိုးအများဆုံး နေထိုင်ရာဒေသများသည် ရှေးအခါက ရှမ်းနှင့်မြန်မာတို့ တွေ့ဆုံ၍ ကုန်ရောင်းကုန်ဝယ်ပြုကြရာ နေရာများဖြစ်၏။ ထိုကြောင့် ဓနုတို့သည် ရှမ်းနှင့်မြန်မာ နှစ်ဦးတို့မှ နွယ်၍ ဆင်းသက်လာသောသူများ ဖြစ်သည်ဟု ယူဆရ၏။ မြန်မာစကားပြော တိုင်းရင်းသားအုပ်စုထဲတွင် [[ရခိုင်]]၊ [[ယော]]၊ [[အင်းသား]]၊ [[ထားဝယ်သား]]တို့အတူ အုပ်စုတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ယခုအခါ [[ရွာငံမြို့|ရွာငံ]]၊ [[ပင်းတယမြို့|ပင်းတယ]]နှင့် [[ပွေးလှမြို့|ပွေးလှမြို့နယ်]]တို့ကိုပူးပေါင်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တည်ထောင်ထားပေးပြီး ဖြစ်သည်။