မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

Replacing Flag_of_Mon_State.svg with File:Flag_of_Mon_State_(old).svg (by CommonsDelinker because: File renamed: Criterion 6 (maintenance or bug fix) · Outdated).
အရေးမကြီးNo edit summary
စာကြောင်း ၁၅၉ -
[[ကိုလိုနီခေတ်]]တွင် မော်လမြိုင်မြို့၌ အင်္ဂလိပ်-ဗမာ လူမျိုးစပ်များဖြင့် ပြည့်နှက်နေပြီး ထို အင်္ဂလိပ်-မြန်မာအဖွဲ့အစည်းများ အများအပြား ရှိနေမှုကြောင့် ''Little-England'' အင်္ဂလိပ်နိုင်ငံငယ်ဟူ၍ပင် အမည်တွင်ခဲ့ရလေသည်။ ထိုသူတို့သည် ရော်ဘာစိုက်ပျိုးရေးအတွက် မအားရအောင်ပင် ဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယနေ့ခေတ်တွင်မူ ထိုသူတို့သည် မရှိသလောက်ပင် ရှားပါးသွားပြီဖြစ်သည်။ [[File:Moulmein-and-river.jpg|thumb|250px|left|သံလွင်မြစ်ဝပေါ်တွင် တည်ရှိနေသော မော်လမြိုင်မြို့( ၁၉၀⁠၀ခုနှစ် အစောပိုင်းကာလ)]]
 
မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်းအပါအသင်ရေဝန်ဆိပ်ကမ်းအပါအဝင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင်သာယာမှုကို စီမံအုပ်ချုပ်သည်။ မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် [[ကျိုက်သံလန်စေတီ|ကျိုက်သလ္လံစေတီတော်]]၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။ မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်းတလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။ မော်လမြိုင်မြို့ တောင်ဖက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
[[File:Mawlamyine Prison.jpg|thumb|မော်လမြိုင်ထောင် (၂၀၁၅ ခုနှစ်)|alt=]]
ဗြိတိသျှအစိုးရပိုင်အထက်တန်းကျောင်း ၂ကျောင်းရှိသည့်ပြင် [[အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်|ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း]]၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနှင့် နိုင်ငံခြားသာသနာပြု အထက်တန်းကျောင်းများ အတော်များ⁠များရှိသည်။ မူလတန်းနှင့် အလယ်တန်းကျောင်းများလည်းရှိ၏။ တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ အမေရိကန်သာသနာပြုဆေးရုံ(''Ellen Mitchell Hospital'')၊ ဗြိတိသျှအစိုးရပိုင်ဆေးရုံကြီး၊ ဗဟိုစာတိုက်ကြီးနှင့် စာတိုက်ငယ်များ၊ မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း၊ မျက်မမြင်ကျောင်း၊ ''Wellesley Bailey'' တည်ထောင်သော အခမဲ့ကုဋ္ဌနူနာဆေးရုံ တို့ရှိခဲ့ကြသည်။ [[ဒုတိယ ကမ္ဘာစစ်]] မတိုင်မီက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး [[အောင်ဆန်း|ဗိုလ်ချုပ်အောင်ဆန်း]]၏ဇနီး [[ခင်ကြည်၊ ဒေါ်|ဒေါ်ခင်ကြည်]]သည် [[စကော့တလန်နိုင်ငံ|စကော့]]လူမျိုး အမျိုးသမီးများအုပ်ချုပ်သော မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း(ABM ကျောင်း)၌ ပညာသင်ခဲ့သည်။<ref>[https://web.archive.org/web/20120502091420/http://mainichi.jp/english/english/features/news/20120427p2a00m0na020000c.html Letter from Burma: Flowers in her hair- 毎日jp(毎日新聞)<!-- Bot generated title -->]</ref>