ကာကွယ်ရေးဝန်ကြီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး +ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး))
အရေးမကြီး စာကြောင်းထပ်နေသောကြောင့်
စာကြောင်း ၆၇ -
 
ခြေလျင်တပ်ရင်းများတွင် တောင်တန်းဒေသသားများကို အရာခံဗိုလ်များနှင့် စစ်သားများအဖြစ် ခန့်အပ်၍ မြန်မာလူမျိုး တစ်စုံတစ်ယောက်ကိုမှ ခန့်အပ်ခြင်း မပြုခဲ့ချေ။ သူတို့
အကြောင်းပြချက်မှာ မြန်မာ လူမျိုးများသည် ပျင်းရိခြင်း၊ စိတ်မြန်ခြင်းတို့ကြောင့် စစ်သားမပီသနိုင်ဟု ဆိုထားလေသည်။ နိုင်ငံရေး အခြေအနေအရ ၁၉၃၉ ခုနှစ်တွင် ခြေလျင်တပ်ရင်းများတွင် မြန်မာလူမျိုးများကိုလည်း ဝင်ခွင့်ပေးမည်ဟု ဆုံးဖြတ်ခဲ့၏။ သို့သော် ၁၉၄ဝ ပြည့်နှစ်လောက်တွင်မှ မြန်မာလူမျိုး များကိုလည်း ဝင်ခွင့်ပေးမည်ဟု ဆုံးဖြတ်ခဲ့၏။ သို့သော် ၁၉၄ဝ ပြည့်နှစ်လောက်တွင်မှ မြန်မာလူမျိုးများထဲမှ ဆာမောင်ကြီးကို အတိုင်ပင်ခံ အရာရှိကြီးအဖြစ် ခန့်ထားပြီးလျှင်၊ မြန်မာစစ်သားများသာ ပါဝင်သော မြန်မာတပ်စိပ်တစ်ခုလောက်ကို ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့၍ ထိုသူများကို အခြားတပ်ရင်းများတွင်လည်း အနည်းငယ်စီခွဲ၍ သွတ်သွင်း စမ်းသပ်ထားရန် မူအားဖြင့် သဘောတူသည်။ သို့ရာတွင် ထိုအချိန်နှင့် မရှေးမနှောင်း၌ပင် အရှေ့ဖျားမှ ဂျပန့်ရန်သည် နီးသည်ထက်နီးလာသဖြင့် ကြည်းတပ်မတော်ကို အပြင်းတိုးချဲ့ရန် ဆုံးဖြတ်ပြီးနောက် စစ်ရဲတပ်များ၊ နယ်ခြားတပ်များကို တပ်မတော် ခြေလျင်တပ်ရင်းများဖွဲ့၍ ရရှိနိုင်သမျှသော အရာရှိအရံ တပ်ဖွဲ့ ဝင်များကို ခေါ်ယူပြီးလျှင် ထိုတပ်များတွင် အရာရှိများ ခန့်ထားကာ တနင်္သာရီတိုင်းမှ ဂျပန့်ရန်ကို ခုခံစေခဲ့သည်။
 
မြန်မာလူမျိုးတစ်ဦးကို ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိကြီးအဖြစ် ခန့်အပ်သည့်နှစ်၌ပင် မြန်မာပြည် အပျော်တမ်း ရေတပ် အဖွဲ့နှင့် အပျော်တမ်းလေတပ်အဖွဲ့တို့ကို စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် လေတပ်အဖွဲ့တွင် လေယာဉ်ပျံဟူ၍ ကိုယ်ပိုင်မရှိသေးဘဲ ရေတပ်အဖွဲ့တွင်သာ ကမ်းစောင့်သင်္ဘောငယ်ကလေး အနည်းငယ် လောက်နှင့် စတင်တည်ထောင်ခဲ့လေသည်။ ဂျပန်တပ်မတော်နှင့် ပူးတွဲ၍ ဗမာ့လွတ်လပ်ရေး တပ်မတော် သည် ယိုးဒယားနိုင်ငံကိုဖြတ်ကာ တနင်္သာရီမှ ဒလကြမ်း ဝင်လာသောကြောင့် ရန်ကုန်နေပြည်တော်ရှိ ကာကွယ်ရေးဌာနနှင့်တကွ ကာကွယ်ရေးတပ်ဖွဲ့ အသီးအသီးတို့ကို ၁၉၄၂ ခု ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မေမြို့မှတစ်ဆင့် အိန္ဒိယသို့ ပြောင်းရွေ့ သွားလေသည်။ ထိုဌာနအောက်ရှိ တပ်ဖွဲ့အသီးသီးတို့ လည်း ဖရိုဖရဲ ပြိုကွဲပြီးသော် အချို့တပ်သားများ တပ်ဗိုလ် များမှာ အိန္ဒိယသို့ ပါသွားကြ၍ အချို့မှာ မိမိတို့နေရပ်များသို့ ပြန်သွားနေထိုင်ကြသည်။