ပါကစ္စတန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅၂ -
'''ပါကစ္စတန်နိုင်ငံ''' (တရားဝင်အခေါ်အားဖြင့် ပါကစ္စတန် အစ္စလာမ်သမ္မတနိုင်ငံ) သည် တောင်အာရှတွင်ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၁၀၄၆ ကီလိုမီတာ (၆၅၀ မိုင်) ရှည်လျားသော ကမ်းရိုးတန်း ရှိပြီး တောင်ဘက်တွင် [[အာရေဘီယံပင်လယ်]] နှင့် [[အိုမန်ပင်လယ်ကွေ့]] တို့ရှိသည်။ အနောက်ဘက်တွင် [[အာဖဂန်နစ္စတန်နိုင်ငံ]] နှင့် [[အီရန်နိုင်ငံ]]တို့၊ အရှေ့ဘက်တွင် [[အိန္ဒိယနိုင်ငံ]]၊ အရှေ့မြောက်ဘက် အဖျားတွင် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ [[တာဂျစ်ကစ္စတန်နိုင်ငံ]]သည် ပါကစ္စတန်နိုင်ငံနှင့် အလွန်နီးစပ်စွာ တည်ရှိသော်လည်း ကျဉ်းမြောင်းသော ဝါ့ခ်ဟမ် ကုန်းမြောင်ဖြင့် ခြားနားထားသည်။ တည်နေရာအားဖြင့် တောင်အာရှ၊ အလယ်အာရှ နှင့် အရှေ့အလယ်ပိုင်းတို့ ကြားတွင် မဟာဗျူဟာကျစွာ တည်ရှိသည်။<br>
 
၁၉၄၇ ခုနှစ် အိန္ဒိယလွတ်လပ်ရေး အက်ဥပဒေအရ၊ အိန္ဒိယပြည်မကြီးကို ကိုးကွယ်ရာအယူဝါဒကိုလိုက်၍ နှစ်စုခွဲလိုက်ရာ၊ ၁၉၄၇ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့တွင် ဒိုမီနီယန်အဆင့်အတန်းရှိသော ပါကစ္စတန်နိုင်ငံသည် ‌ထွန်းပေါ်လာလေသည်။ ထို့နောက် ၁၉၅၆ ခု ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသည် အတည်ဖြစ်လာ၍၊ ထိုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံသည် အစ္စလာမ်အယူဝါဒကို အခြေခံပြုသော ပါကစ္စတန်သမ္မတနိုင်ငံဖြစ်ကြောင်း ကြေညာလေသည်။ သို့သော် ထိုနိုင်ငံသည် ဗြိတိသျှဓနသဟာယအဖွဲ့တွင် ပါဝင်၍၊ ဗြိတိသျှဘုရင်မကို လွတ်လပ်သောနိုင်ငံများ ပေါင်းစပ်ဖွဲ့စည်းခြင်း၏ အထိမ်းအမှတ်အဖြစ်ဖြင့် အသိအမှတ်ပြုလေသည်။ <br>
ပါကစ္စတန်နိုင်ငံသည် အစ္စလာမ်အယူဝါဒကို ယူကြသောနိုင်ငံတို့တွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ ထိုနိုင်ငံ၏ ထူးခြားချက်တစ်ရပ်မှာ နိုင်ငံ၏နယ်နိမိတ်သည် တစပ်တည်းမဟုတ်ဘဲ၊ အရှေ့ဘက်တွင် အရှေ့ပါကစ္စတန်နှင့် အနောက်ဘက်တွင် အနောက်ဘက်တွင် အနောက်ပါကစ္စတန်ဟု တခုနှင့် တခု မိုင်ပေါင်း ၉၀၀ မျှ ကွာဝေး၍ တည်နေခြင်းဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မွတ်စလင်အများဆုံးရှိသော ဒေသကိုရွေးချယ်၍ ပါကစ္စတန်နိုင်ငံ နှစ်ပိုင်းတို့၏စပ်ကြား၌ အိန္ဒိယသမ္မတနိုင်ငံတွင် ပါဝင်သော ပြည်နယ်များရှိသည်။ အနောက်ပါကစ္စတန်နိုင်ငံတွင် ဗလူချီစတန်၊ သိန္ဒုနယ်၊ ပန်ဂျပ်အနောက်ပိုင်းနှင့် အနောက်မြောက်နယ်ခြားဒေသတို့အပြင်၊ ပါကစ္စတန်နိုင်ငံထဲသို့ ဝင်လာသော ပဒေသရာဇ်ပြည်နယ်တို့ ပါဝင်ကြသည်။ အ‌ရှေ့ပါကစ္စတန်တွင်မူ ဘင်္ဂလားအရှေ့ပိုင်းနှင့် ယခင်က အာသံပြည်နယ်၏ ခရိုင်တစ်ခု ဖြစ်ခဲ့ဖူးသော စီလဟက်နယ်တို့ ပါဝင်ကြသည်။
[[Category:ပါကစ္စတန်နိုင်ငံ| ]]
[[Category:ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ]]