ကော့သောင်းမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၈ -
 
[[File:Kawthoung.jpg|thumb|မြို့အဝင်]]
[[File:Kawthoung 8.jpg|thumb|​ကော့​သောင်းမြို့အဝင်(ညပိုင်း)]]
 
'''ကော့သောင်းမြို့'''သည် [[မြန်မာနိုင်ငံ]] [[တနင်္သာရီတိုင်းဒေသကြီး]]၊ [[ကော့သောင်းခရိုင်]]အတွင်း၌ ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သော [[ဝိတိုရိယအငူ]] ပင်လယ်ကမ်းစပ်၌ တည်ရှိသည်။ ဘင်္ဂလားအော် အတွင်းသို့ စီးဆင်းသော ပတ်ချန်မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးနှင့် ယိုးဒယားနိုင်ငံစပ်ကြားတွင် သဘာဝနယ်နိမိတ်အဖြစ်ဖြင့် တည်ရှိ၍၊ မြို့အရှေ့ဘက်ရှိ ပတ်ချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ် နိုင်၏။ ကော့သောင်းမြို့ အနောက်မြောက်ဘက်မိုင် ၃ဝ ခန့်အကွာတွင် ရွှေထွက်သည်ဟုကျော်ကြားသော ရွှေကျွန်းခေါ် ရပ်ဆဲကျွန်းသည်လည်း ကောင်း၊ မြို့အနောက်တောင်ဖက် ၄၅ မိုင်အကွာတွင် ဝူးဖရမ် (အဖြိုက်နက်)များထွက်သည့် သံကျွန်းခေါ် ဒေးဝစ်ကျွန်း သည်လည်းကောင်း တည်ရှိသည်။
စာကြောင်း ၄၅ -
မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး [[ပူတာအိုမြို့]]မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေး၍ [[ရန်ကုန်မြို့]]မှ ကော့သောင်းအထိ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှ ကွာဝေးလေသည်။ ကော့သောင်းမြို့သည် ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကို ထိန်းသိမ်းထားလျှက်ရှိသည်။ ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေသည့် ကော့သောင်းနှင့် [[ထိုင်းနိုင်ငံ]]မှ ရနောင်းမြို့သည် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ ရနောင်းဘက်မှ ကော့သောင်းကို လှမ်းမျှော်ကြည့်လိုက်ပါက ပင်လယ်အော်တစ်ဝိုက်ရှိ လူနေအိမ်ခြေများကို သစ်တောဖုံးလွမ်းနေသော တောင်ကုန်းများ နောက်ခံပြုလျက် တည်ရှိနေသည်ကို တွေ့ရှိနိုင်ပေသည်။ ကော့သောင်းမြို့ကို ရောက်ရှိပါက ဘုရင့်နောင်အငူ(Cape Bayin Naung)တွေ့ရမည်။
[[File:Kawthoung 2.jpg|thumb|မြို့အဝိုင်းပတ်]]
 
== အမည်ရင်းမြစ် ==
ကော့သောင်းမြို့အနီးတွင် ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ထိုင်းဘာသာစကားဖြင့် 'ကော့စွန်း'ကို မြန်မာများ ကော့သောင်းဟု ခေါ်ခြင်းဖြစ်သည်။ ကော့စွန်း၏အဓိပ္ပါယ်မှာ ကော့- ကျွန်း၊ စွန်း- နှစ်၊ 'ကျွန်းနှစ်ကျွန်း' ဖြစ်သည်။