ကျော်ရင်မြင့်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ကျော်ရင်မြင့်၊ စာရေးဆရာ မှ ကျော်ရင်မြင့် သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထားဘဲ Ninjastrikers က ရွှေ့ခဲ့သည်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
စာရေးဆရာ '''စာရေးဆရာ ကျော်ရင်မြင့်'''သည် အဖ ကျောင်းဆရာ ဦးဘရှိန်၊ အမိ တောင်သူကြီး ဒေါ်သိန်းရင် တို့မှ [[မန္တလေးတိုင်းဒေသကြီး]]၊ [[မတ္တရာမြို့နယ်]]၊ [[သုံးဆယ်ပေးရွာ]]တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးကျော်ဆန်းမြင့် ဖြစ်သည်။ [[မန္တလေးတက္ကသိုလ်]]မှ ရူပဗေဒ ဘာသာရပ်အဓိကဖြင့် ၁၉၇၂-ခုနှစ်တွင် ဘွဲ့ရသည်။ အင်္ဂလန်နိုင်ငံ ကားဒစ်တက္ကသိုလ်ရှိ Thomson Foundation ပေးသော သတင်းစာပညာ ဒီပလိုမာကို ၁၉၉၈-တွင် ရရှိသည်။ ၁၉၆၈-ခုနှစ် ဇန်နဝါရီလထုတ် ဒို့ကျောင်းသား စာစောင်တွင် ပထမဆုံး ပုံနှိပ်ကဗျာစာမူ ဖော်ပြခံရသည်။ ၁၉၉၁-ခုနှစ်မှ စတင်၍ ဓနစီးပွားရေး မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါးများ ရေးသားခဲ့ပြီး ကုမုဒြာနှင့် မော်ဒန်သတင်းဂျာနယ်၊ စံတော်ချိန်သတင်းစာ၊ မန္တလေးအလင်း သတင်းစာများတွင် ဘဝဇာတ်ခုံ လူမှုဘဝရှုခင်းခေတ်သစ်ပုံပြင် စသည့် ပင်တိုင်ကဏ္ဍများ ရေးသားလျက် ရှိသည်။
 
ဘဝဇာတ်ခုံ စာအုပ်ဖြင့် ၂၀၀၈-ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း၊ စာပေဆု ချီးမြှင့်ခံရသည်။ ဖေလင်းသစ် ကလောင်အမည်ဖြင့် လည်း စာများရေးသည်။ ၁၉၉၈-တွင် စာရေးဆရာမကြီး လူထုဒေါ်အမာ ဦးဆောင်ဖွဲ့စည်းသည့် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဖွဲ့စည်းရာတွင် ပါဝင်ပြီး ၂၀၁၂ အထိ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန် သတင်းစာပညာသင်တန်းကျောင်း၊ မန္တလေး သတင်းစာပညာသင်တန်းကျောင်းတို့၏ ဒါရိုက်တာ အဖွဲ့ဝင်လည်း ဖြစ်သည်။ လက်ရှိတွင် စာအုပ်ပေါင်း ၂၆-အုပ် ရေးသား ထုတ်ဝေပြီး ဖြစ်သည်။ <ref>စနေဝတ္ထုတိုများ စာအုပ်၊ ၂၀၁၈.ဒီဇင်ဘာ. ၂၅၊ စာ-၂</ref>
 
== ကိုးကား ==
{{Reflist}}
 
[[Category:မြန်မာ စာရေးဆရာများ]]