လေးချိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - {{မြန်မာဘာသာစကား}}
အရေးမကြီး " လေးချိုး "။မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂ လာ - သနပ်။၁၀၉။ ရန်ကုန်၊ စာပေဗိမာန် ။ ၁၉၇၄။
စာကြောင်း ၂၉ -
 
ထို့ပြင် လေးချိုးသည် လေးချိုးငယ်၏ လေးချိုးလတ်၊ လေးချိုး ကြီးဟူ၍ သုံးမျိုးပြားပြန်၏။ ထိုသုံမျိုးတွင် လေးချိုးငယ်ကို လေးဆစ်သဖြန် ဟူ၍လည်းကောင်း၊ လေးဆစ်ကွန်းထောက် သဖြန်ဟူ၍လည်းကောင်း အထူး ပြု၍ခေါ်သည်။ လေးချိုးလတ်ကို လေးချိုးဟူ၍ပင် သာမညအားဖြင့်ခေါ် သည်။ လေးချိုးကြီးကို လေးချိုးကြီးဟူ၍လည်းကောင်း၊ အလွန်ကြီးက မဟာလေးချိုးကြီးဟူ၍လည်းကောင်း အထူးပြု၍ခေါ်သည်။ လေးချိုးကြီး သည်လည်း ကာလပေါ်လေးချိုးကြီး၊ ရှေးရိုးလေးချိုးကြီးဟူ၍ နှစ်မျိုးပြား၏။ ရှေးရိုးလေးချိုးကြီးကို သံချိုလေးကြီးဟူ၍လည်းခေါ်သည်။ တစ်နည်းအားဖြင့် စာပေဖြင့် လေးချိုးကြီး၊ စာထောင့်လေးချိုးကြီးဟူ၍လည်း နှစ်မျိုးပြားပြန်၏။ထိုမှတစ်ပါး ပုံကြီးသံ၊ စည်တော်သံ၊ တေးရိုးခေါ်သော သီချင်း
မျိုးမှာလည်း အခံအချိုး အအုပ်အချိုးကွပ်သိမ်းချက်ထား၍ ရေးသမျှသည် လေးဆစ်ချိုးသဘောမျိုးအရင်းခံတွင် အသံယူအသံထားသာ ကွဲပြားကြလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊" လေးချိုး "။''မြန်မာ့စွယ်စုံကျမ်း အတွဲ( ၁၂) လာ - သနပ်''။၁၀၉။ ရန်ကုန်၊ စာပေဗိမာန် ။ ၁၉၇၄။ </ref>