ဒုတိယ ကမ္ဘာစစ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး 37.111.13.21 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Thetoo ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၂၅ -
'''ဒုတိယကမ္ဘာစစ်''' (၁၉၃၉ - ၁၉၄၅) ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်း ခေါ်ကြပြီး ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများက မဟာမိတ် နှစ်ဖွဲ့အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၎င်းတို့မှာ မဟာမိတ်နိုင်ငံများနဲ့ ဝင်ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။ စစ်သားဦးရေ သန်း ၁၀ဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်တိုက်ခိုက်ကြသူများသည် ၎င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် သိပ္ပံနည်းပညာများကို သုံးစွဲကြကာ စစ်ပွဲအတွင်း အသာစီးရရန် ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်များအပြင် အရပ်ဖက်ပစ်မှတ်များကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ နီးပါး သေကြေပျက်စီးခဲ့ရာ အများစုမှာ အရပ်သားများဖြစ်သည်။ စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ( ၁,ဝ၀ဝ ဘီလီယံ၊ ၁,ဝ၀ဝ,ဝ၀ဝ မီလီယံ ) ( ဒေါ်လာသန်းပေါင်း တစ်သန်း ) ခန့်မျှ ကုန်ကျခဲ့ကာ စစ်စရိတ် အကြီးဆုံး စစ်ပွဲဖြစ်ခဲ့ရပါသည်။[[File:Second world war europe 1941-1942 map en.png|thumb|200px|right|alt= ဒုတိယ ကမ္ဘာစစ် (ဥရောပတိုက် ၁၉၄၁-၁၉၄၂) ၏ မြေပုံ| ဒုတိယ ကမ္ဘာစစ် (ဥရောပတိုက် ၁၉၄၁-၁၉၄၂) ၏ မြေပုံ]]
 
== ပထမကမ္ဘာစစ်ပွဲအပြီးအခြေအနေ ==
world war 2
[[ပထမ ကမ္ဘာစစ်]]အပြီးတွင် ကျင်းပသည့် ဗာဆိုင်းညီလာခံသည် အမှန်တစ်ကယ်တွင် စစ်နိုင်နိုင်ငံများက စစ်ရှုံးနိုင်ငံများထံမှ အကျိုးအမြတ်များကို တောင်းယူခြင်း၊ စစ်ရှုံးနိုင်ငံများကို စာချုပ်ပါအချက်အလက်များဖြင့် တားဆီးချုပ်ချယ်ရန် ကြိုးစားကြသည့် ညီလာခံသာဖြစ်သည်။ ထိုညီလာခံတွင် အကျိုးအများဆုံးအနေနှင့် [[အင်္ဂလိပ်]]နှင့် [[ဂျပန်]]၊ [[ပြင်သစ်]]တို့သည် စစ်ရှုံးနိုင်ငံများထံမှ ကိုလိုနီနယ်အများအပြားကို လွှဲပြောင်းရယူပိုင်ဆိုင်ခဲ့ကြသည်။ စစ်ရှုံးနိုင်ငံဖြစ်သည့် [[ဂျာမနီ]](ယခင်ဩစတီးယား)မှာ ကိုလိုနီနယ်များသာမက [[ဥရောပ]]တိုက်ပေါ်ရှိ နိုင်ငံ၏နယ်နိမိတ်များကိုပါ ခွဲဝေပေးခဲ့ရသည့်အတွက် အနစ်နာဆုံးဖြစ်ခဲ့ရသည်။ စစ်ရှုံးနိုင်ငံမဟုတ်သည့်တိုင် အီတလီမှာ မည်သည့်အကျိုးအမြတ်မှ မယ်မယ်ရရ မရရှိဘဲ တိုင်းပြည်အခြေအနေ ဆိုးရွားသည်သာ အဖတ်တင်ခဲ့သည်။ စစ်နိုင်သည့်ဂျပန်မှာလည်း ဝေစုများရသည့်တိုင် အစွန်းရောက် အမျိုးသားရေး စစ်ဝါဒီများက အုပ်ချုပ်လာသည့်အတွက် နယ်ချဲ့ခြင်းကို လိုလိုလားလားပင် ဆက်လက်လုပ်ရန် အားသန်နေခဲ့ပြန်သည်။ စစ်ရှုံးနိုင်ငံများအနေနှင့်လည်း အဖက်ဖက်မှ ဖိနှိပ်ခံရသည့်အတွက် တိုင်းပြည်အခြေအနေမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ရပြီး တိုင်းပြည်အတွင်း အစွန်းရောက်အမျိုးသားရေးဝါဒ ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေးနေခဲ့သကဲ့သို့ ရှိနေခဲ့ပြန်သည်။
 
== စစ်ဖြစ်ရသည့် အကြောင်းခံ ==