မဏိပူရပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး link ချိတ်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:India Manipur locator map.svg|thumb|အိန္ဒိယနိုင်ငံ အတွင်း မဏိပူရပြည်နယ်ကို ပြထားပုံ]]
မဏိပူရပြည်နယ်သည်'''မဏိပူရပြည်နယ်'''သည် [[အိန္ဒိယနိုင်ငံ]] အရှေ့မြောက်ပိုင်းတွင် ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ မဏိပူရဆိုသော အဓိပ္ပာယ်မှာ ရတနာမြေဟု အဓိပ္ပာယ်ရသည်။ မဏိပူရပြည်နယ်၏ မြို့တော်မှာ [[အင်ဖာမြို့]] ဖြစ်သည်။ မြောက်ဘက်တွင် [[နာဂလန်းပြည်နယ်]]၊ တောင်ဘက်တွင် [[မီဇိုရမ်ပြည်နယ်]]နှင့် အနောက်ဘက်တွင် [[အာသံပြည်နယ်]]တို့က ဝန်းရံထားသည်။ အရှေ့ဘက်တွင် [[မြန်မာနိုင်ငံ]]နှင့် နယ်ခြားနယ်နိမိတ် ရှိသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၈,၆၂၈ မိုင် (၂၂,၃၄၇ စတုရန်း ကီလိုမီတာ) ရှိသည်။
 
မဏိပူရနယ်သည် အိန္ဒိယ ပြည်ထောင်စုတွင် ပါဝင်သော နယ်တစ်နယ်ဖြစ်သည်။ ရှေးဗြိတိသျှလက်ထက်က မဏိပူရနယ်သည် အာသံဘုရင်ခံ၏ အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး၍ နယ်နိမိတ်များကို ပြန်လည်သတ်မှတ်ပြီးသည့်နောက်တွင် သီးခြားနယ်ဖြစ်လာသည်။ မဏိပူရနယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်တွင် အာသံပြည်နယ်နှင့် မြန်မာနိုင်ငံတို့၏ အကြား၌ တည်ရှိ၍ အကျယ်အဝန်းအားဖြင့် ၈၄၅၆ စတုရန်းမိုင်မျှသာ ရှိသည်။ မြန်မာနိုင်ငံ၏ နယ်စပ်တွင် တည်ရှိခြင်းကြောင့် ရှေးမြန်မာမင်းများ အုပ်စိုးစဉ်အခါက မဏိပူရနယ်တွင် မြန်မာတို့အချင်းဖြစ်ပွားလျက် မဏိပူရနယ်သည် မြန်မာမင်းတို့၏ အာဏာစက် ပြန့်နှံ့ရာဒေသဖြစ်ခဲ့ဖူးသည်။ မြန်မာတို့က မဏိပူရကို ကသည်းပြည်ဟူ၍ လည်းကောင်း၊ မဏိပူရတွင် နေထိုင်သူတို့ကို [[ကသည်းလူမျိုး]]ဟူ၍ လည်းကောင်း ခေါ်ဝေါ်သည်။
စာကြောင်း ၂၃ -
==ကိုးကား==
<references/>
 
{{အိန္ဒိယနိုင်ငံ၏ ပြည်နယ်များ}}
 
[[Category:အိန္ဒိယနိုင်ငံ၏ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများ]]