သန်းစိန်၊ ဦး၊ သီရိပျံချီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး DisamAssist ကို အသုံးပြု၍ ဂရိ သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (ဂရိနိုင်ငံ သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
အရေးမကြီးNo edit summary
စာကြောင်း ၂၄ -
အခြေခံပညာကို ရန်ကုန်မြို့ ဗိုလ်တထောင်ရပ်ရှိ ခရစ်ယာန်သာသနာပြု [[စိန့်ဗားနဘတ်(စ)ကျောင်း]]တွင် စတင်သင်ကြားခဲ့သည်။ ထိုကျောင်း၌ ၄ တန်း တက်နေစဉ် ဖြစ်ပွားခဲ့သော [[ရန်ကုန်တက္ကသိုလ်]] ကျောင်းသားများသပိတ်တွင် ပါဝင်ခဲ့သည်။ ထို့နောက် ပုဇွန်တောင်ရပ် ဆားလမ်း ဘုန်းတော်ကြီးတိုက်တွင် အမျိုးသားပညာရေးကောင်စီက စတင်ကြီးမှူး ဖွင့်လှစ်သော [[အမျိုးသား (နေရှင်နယ်) ကျောင်း]]တွင် ဆက်လက် ပညာသင်ခဲ့သည်။ ထိုမှတဖန် ရန်ကုန် [[မက်သဒစ်]]အထက်တန်းကျောင်း၌ အင်္ဂလိပ် မြန်မာ ၁၀ တန်းအထိ ပညာသင်ကြားနေစဉ်၊ [[အိန္ဒိယနိုင်ငံ အထောက်အကူတပ်]]၏ ရန်ကုန်တပ်ရင်း ([[The Rangoon Battalion]], [[Auxiliary Force, India]]) တွင် အပျော်တမ်း ပါဝင်ခဲ့သည်။
 
ငယ်ရွယ်စဉ်အချိန်မှစ၍ မြန်မာ့လွတ်လပ်ရေးနှင့် ဗုဒ္ဓသာသနာတော်ရေးအတွက် မနားမနေ ကြိုးပမ်း ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်က [[လွတ်လပ်ရေးမော်ကွန်းဝင်]] (ပထမအဆင့်)နှင့် [[သီရိပျံချီ]] [[ဘွဲ့]][[တံဆိပ်]]များဖြင့်လည်းကောင်း၊ ထိုင်းဘုရင်မင်းမြတ် [[ဘူမိဘော အဒူလျာဒက်ဘူမိဗလအတုလျတေဇ]]က [[ဆင်ဖြူရှင်ဘွဲ့]]တံဆိပ်တော်ဖြင့်လည်းကောင်း ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ဦးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပေးအပ်ခဲ့သော [[နိုင်ငံ့ဂုဏ်ရည်]] ဘွဲ့ကိုမူ အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့သည်။
 
== နိုင်ငံရေးဆောင်ရွက်ချက်များ အကျဉ်းချုပ် ==