ဘန်ကောက်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၀၃ -
== လူဦးရေနှင့် လူမျိုးများ ==
 
ဘန်ကောက်မြို့သည် ၁၀ စတုရန်းမိုင်ကျယ်ဝန်း၍ [[လူဦးရေ]]( ၁၉၅၈ ခုနှစ် ခန့်မှန်းချက်အရ) ၁.၇ သန်းခန့် ရှိသည်။ ထိုင်း[[ဘုရင်]]မင်းမြတ် စံမြန်းရာ နန်းတော်ကြီးရှိသော နန်းမြို့သည် စတုရန် ၁ မိုင်ခန့် ကျယ်ဝန်း၍ မြို့ရိုးပတ်လည် ဝိုင်းရံထားသည်။ ဘန်ကောက်မြို့သည် မူလက ခံတပ်မြို့ဟောင်းနေရာဖြစ်၍ ၁၇၈၂ ခုတွင်မှ ထိုင်းနိုင်ငံ၏ မြို့တော်အဖြစ် ထားရှိပြီးလျှင် တိုးချဲ့ဆောက်လုပ် စည်ကားလာလေသည်။ ၁၇၉၂ ခုနှစ်မတိုင်မီက နန်းမြို့နေရာတွင် တရုတ်ကုန်သည်များ နေထိုင်ခဲ့သည်။ ပထမရာမဘုရင်မင်းမြတ် လက်ထက်တွင် ထိုနေရာ၌ နန်းတော်ဆောင်များ ဆောက်လုပ်ခဲ့ရာ နန်းတော် ၂ ဆောင်သာ ရှိတော့သည်။ နန်းမြို့အတွင်း မြောက်ဖက်၌ ယိုးဒယားမင်း အဆက်ဆက်တို့ ကိုးကွယ်သော ထင်ရှားကျော်ကြားသည့် မြသားဆင်းတုတော် တည်ရှိရာ မြဘုရားတန်ဆောင်း[[မြဘုရား]]တန်ဆောင်း ရှိသည်။ မြဘုရား၏ တန်ဆောင်းနံရံတို့တွင် နိပါတ်တော်လာ [[ပန်းချီ]]များနှင့် ရာမဇာတ်တော်လာ ပန်းချီခန်းများကို ယိုးဒယား အနုပညာဖြင့် ရှုမငြီးစရာ သရုပ်ဖော်ထားသည်။ ထိုနန်းမြို့တွင်း၌ပင် [[အမျိုးသားပြတိုက်]]၊ အမျိုးသားပိဋကတ်တိုက်၊ နန်းတွင်းသူ နန်းတွင်းသားတို့ နေထိုင်ရာအဆောက်အဦးများ ရှိလေသည်။
 
== မြို့၏ဖွဲ့စည်းပုံ ==