ဥတ္တရရောင်ခြည်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Aurora Borealis and Australis Poster.jpg|thumb|ဥတ္တရာအလင်းတန်းများ]]
'''ဥတ္တရအလင်းတန်း''' (Northern Light) ဆိုသည်မှာ ညဉ့်ကောင်းကင်ယံတွင် လှပစွာ ဖြာထွက်သော ရောင်စုံ အလင်းတန်းများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းအလင်းတန်းများကို Aurora အလင်းတန်းများဟုလည်း ခေါ်ဆိုကြသေးသည်။ ဥတ္တရအလင်းတန်းများသည် လွန်စွာ ထူခြားဆန်းပြားသည်သာမက မှော်ပညာဖြင့် ဖန်တီးထားသည်ဟုပင် ထင်မှတ်မှားလောက်အောင် လှပပေသည်။ သို့သော် မြန်မာနိုင်ငံအတွင်း၌ အပြင်ဘက်တွင် မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဥတ္တရအလင်းတန်းများကို ကမ္ဘာ[[အာတိတ်|မြောက်ဘက်စွန်း]]နှင့် [[အန္တာတိက|တောင်ဘက်စွန်း]] ဒေသများတွင်သာ မြင်တွေ့ရလေ့ရှိသောကြောင့် ဖြစ်ပါသည်။
 
== ဥတ္တရအလင်းတန်း(Northen Light) ဖြစ်ပေါ်လာပုံ ==
စာကြောင်း ၂၀ -
== ဥတ္တရာအလင်းတန်းများနှင့် ပတ်သက်သည့် ဒဏ္ဍာရီလာများ ==
 
ကမ္ဘာမြောက်ဘက်ခြမ်းတွင် တွေ့ရသော အလင်းတန်း 'Aurora borealis' သည် 'မြောက်ဘက်ဒေသ၏ အရုဏ်ဦး' ဟု အဓိပ္ပါယ်ရလေသည်။ ရောမတို့၏ ဒဏ္ဍာရီလာ Aurora သည် အရုဏ်ဦးနတ်သမီးတစ်ပါး ဖြစ်လေသည်။ လူမျိုးစုအသီးသီးတွင် ရောင်စဉ်တန်းများနှင့် ပတ်သက်၍ ဒဏ္ဍာရီများရှိကြသည်။ အေဒီ ၁⁠၁၀၀ မှ ၁၄၀၀ ခန့်က ရောင်စဉ်တန်းများဖြစ်ပေါ်ခြင်းသည် စစ် သို့မဟုတ် အငတ်ဘေး၏ ရှေ့ပြေးနိမိတ်ဟု မှတ်ယူကြသည်။ နယူးဇီလန်ကျွန်းမှ Maori ဟုခေါ်သော ဒေသခံတိုင်းရင်းသားများနှင့် မြောက်အမေရိကတိုက် အပါအဝင် အချို့ ဥရောပတိုက်သားများသည် ဥတ္တရအလင်းတန်းများသည် မီးရှူးမီးတိုင် သို့မဟုတ် မီးပုံပွဲမှ ရောင်ပြန်ဟပ်သော အလင်းများဟုပင် ထင်မြင်ယူဆခဲ့ကြသည်။ Winconsin ဒေသရှိ Menominee အင်ဒီးယန်းမျိုးနွယ်စုတို့ကမူ အလင်းတန်းများသည် manbai'wok ဟုခေါ်သော မုဆိုးနှင့် တံငါသည်များ၏ ဝိဉာဉ်များ တည်နေရာကို ညွှန်ပြသည်ဟု ယုံကြည်ကြသည်။ အလာစကာဒေသရှိ Inuit လူမျိုးတို့ကလည်း အလင်းတန်းများသည် ၎င်းတို့ အမဲလိုက်ရာမှ ရရှိလာသော သားကောင်များ၏ ဝိဉာဉ်များဟု ယုံကြည်ကြသည်။ Aurora ရောင်စဉ်တန်းများသည် ၎င်းတို့လူမျိုးစု၏ စိတ်ဓာတ်ကို ဖော်ကြူးနေသည်ဟု ယုံကြည်သော မျိုးနွယ်များလည်းရှိကြပေသည်။<ref>Curiosity Science Magazine of Myanmar Issue 01.</ref>
 
== ကိုးကား ==
{{Reflist}}
၁။ Curiosity Science Magazine of Myanmar Issue 01.