မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၂၁ -
မော်လမြိုင်မြို့၏ အမည်ဖြစ်ပေါ်လာပုံကို သမိုင်း၌ ဤသို့ဆိုလေသည်။
 
ယခင်က မော်လမြိုင်မြို့နေရာတွင် ဘုရင်တစ်ပါးအုပ်စိုးခဲ့သည်။ ထိုဘုရင်သည် သူတစ်ပါးနှင့်မတူဘဲ ပုံမှန် မျက်လုံးနှစ်လုံးအပြင် နှဖူးအလယ်တည့်⁠တည့်တွင် မျက်လုံးအပိုတစ်လုံး ရှိပါသည်။ ထိုမျက်လုံးတန်ခိုးနှင့် ဘုရင်ကြီးသည် သူ့တိုင်းပြည်နယ်နိမိတ်အတွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အကုန်သိနေလေသည်။ တနေ့သောအခါ ယိုးဒယားရှမ်းများ စစ်မက်ပြုဖို့ရောက်လာကြသည်။ [[မွန်လူမျိုး]]များသည် [[ထိုင်းလူမျိုး]]များကို ရှမ်းဟုခေါ်ကြသည်။ ရှမ်းဘုရင်တပ်များ၏ လှုပ်ရှားမှု မှန်သမျှကို မွန်ဘုရင်က သူ့၏ မျက်လုံးတန်းခိုးဖြင့်မျက်လုံးတန်ခိုးဖြင့် အကုန်လုံးမြင်နေရလေတော့ ရှမ်းတို့၏ အစီအစဉ် အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ ထို့ကြောင့် ရှမ်းများသည် သူတို့၏ တပ်တွင်းမှာ သစ္စာဖောက် ရှိသည်ဟု ယူဆလာကြသည်။ ရှမ်းဘုရင်သည် သူ့၏ မှူးမတ်များကို မေးမြန်းသောအခါ အကြောင်းစုံကို သိရှိလာပါတော့သည်။ ရှမ်းများသည် ပြဿနာကို ဖြေရှင်းရန်အတွက် ညီလာခံကျင်းပခဲ့ကြသည်။ ထိုညီလာခံမှ နေပြီး သူတို့သည် မွန်ဘုရင်၏ တတိယမျက်လုံးကို ဖျက်စီးပစ်ဖို့အတွက် သူတို့၏ သမီးတော်ကို လက်ဆောင်ပဏ္ဍာဆက်သရန် သဘောတူညီလိုက်ကြပါသည်။ ရှမ်းများသည် သံအဖွဲ့စေလွှတ်ပြီး ဘုရင်မင်းကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် သမီးတော်ကို လာရောက်ဆက်သပါကြောင်း ပြောကြားသည်။ မင်းသမီး၏ လက်ချက်ကြောင့် ဘုရင်ကြီး၏ တတိယမျက်လုံးသည် ဖျက်ဆီးခြင်းခံလိုက်ရသည်။ ထိုမျက်လုံးတစ်လုံး ပျက်သွားခြင်းကို အစွဲပြုပြီး ရှေးမွန်များက ထိုဘုရင်ကြီး အုပ်ချုပ်သောမြို့ကို မွန်ဘာသာဖြင့် မတ်မွဲလို လို့ခေါ်ဆိုကြသည်။ မတ်- ဆိုသည်မှာ မျက်လုံးဖြစ်သည်။ မွဲ-ဆိုသည်မှာ တစ်၊ လို-ဆိုသည်မှာ ပျက်းစီးခြင်းဟုပျက်စီးခြင်းဟု အဓိပ္ပာယ်ရပါသည်။ မတ်မွဲလို ၏ မွန်လိုအသံထွက်က မွတ်မော်လုံမ် ဖြစ်သည်။ နောက်ပိုင်းတွင် အခြားသော တိုင်းရင်းသားများက တုပခေါ်ဝေါ် ပြောဆိုလာသော အခါ မတ်မွဲလို မှနေ မော်လမြိုင် ဖြစ်လာပါသည်။<ref>http://wikimyanmar.co.cc/wiki/index.php?title=%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%9C%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9</ref>
 
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည်နောက် သာသနာနှစ် ၁၅၇ ခုတွင် ရှမ်းမင်းဆက် ပြတ်၍ မွန်မင်းတို့လက်ထက်သို့ကျရောက်သောအခါ ရာမညရာဇာမင်းသည် မူလမြို့တည်ရာမှ သံလွင်မြင်၊ [[ဂျိုင်းမြစ်]]၊ [[အတ္တရံမြစ်]]နှင့် [[သောင်ရင်းမြစ်]]တို့၏ မြစ်လေးမြွာဆုံရာ ယခုမော်လမြိုင်မြို့ တည်ရှိရာသို့ ပြောင်းရွှေ့ပြီးလျှင် မြို့သစ် နန်းသစ် တည်ထောင်စိုးစံတော်မူ၏။ မြို့၏အမည်ကို ရမ္မာပူရ၊ ရမ္မာဝတီဟူ၍ပင် ဘွဲ့ချည်သတ်မှတ်တော်မူသည်။ ရာမညရာဇမင်းသည်၄ နှစ်မျှ မင်းပြုပြီးသည်နောက် သာသနာနှစ် ၁၆၁ ခုတွင် နတ်ရွာစံသည်။ ထိုအခါ သားတော်ကြီး အိမ်ရှေ့မင်းသည်မွတ်ပိရာဇဟူသော ဘွဲ့ဖြင့် ထီးနန်းဆက်ခံ စိုးစံလေသည်။ မွတ်ပိရာဇမင်း၏ မျက်မှောင် နှစ်ခုအလယ်တွင် တင့်တယ်လှပသော မှဲ့ရှင်တလုံးပါသောကြောင့် မျက်စိ သုံးလုံးထင်ရလောက်အောင် ထူးခြားတော်မူရကား မွန်ဘာသာဖြင့် ''မွတ်ပိရာဇာ''၊ မြန်မာဘာသာဖြင့် မျက်စိသုံးလုံး ဘုရင်ဟုခေါ်တွင်သည်။ ထိုမင်းလက်ထက် မြို့ပြ စည်ပင်သာယာဝပြော၍ ထင်ရှားကျော်ကြားလာ၏။ နောင်အခါ အကြောင်းမသင့်သောကြောင့် မှဲ့ရှင်မျက်လုံး ကွယ်ပျောက်သွားရလေသည်။ယင်းကို အစွဲပြု၍ မွတ်ပိရာဇမင်းကို မွန်ဘာသာဖြင့် ''မွတ်မယ်လိန်း''ဟုခေါ်တွင်သည်။