ဥပဒေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by 103.73.237.51 (talk) to last revision by MM-Swe. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:JMR-Memphis1.jpg|thumb|right|တရားတစ်ဘက် ဓားတစ်လက်နှင့် တရားမျှတမှု နတ်မိမယ် ရုပ်တု]]
 
ဥပဒေဆိုသည်မှာ'''ဥပဒေ'''ဆိုသည်မှာ လူတို့ အချင်းချင်း ဆက်ဆံပေါင်းသင်းရာ၌ တရားမျှတခြင်း ရှိစေရန်နှင့် အကွပ်အကဲ အထိန်းအကျောင်း သဖွယ် ဖြစ်စေရန် အုပ်စိုးသူ [[အစိုးရ]]တို့က သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းစုပင်ဖြစ်သည်။ မည်သည့်အမူအကျင့်သည် ကောင်းသည်၊ မည်သည့်အမူ အကျင့်သည် မကောင်းဟူသော အများက ယူဆ ထင်မြင်သော စည်းကမ်းချက်များကို စုပေါင်း၍ အာဏာပိုင်အစိုးရတို့က ပြည်သူအများ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့်တို့ကို ဥပဒေဟုခေါ်သည်။ ကမ္ဘာလောကကြီးတွင် တရားဥပဒေသာ မရှိပါက လူတို့၏နေရေးထိုင်ရေးသည် ဘေးအန္တရာယ် ကင်းရှင်းမည် မဟုတ်ချေ။ လုံခြုံမှု ငြိမ်ဝပ်ပိပြားမှု များသည်လည်း ရှိတော့မည် မဟုတ်ချေ။ တရားဥပဒေသည် [[နိုင်ငံ]] တစ်ခု တည်မြဲရေးတွင် အခရာ ဖြစ်သည်။ ဥပဒေ မရှိသော နိုင်ငံတွင် တည်မြဲသော အစိုးရမရှိနိုင်ချေ။ ယဉ်ကျေးသော နိုင်ငံတိုင်းတွင် မိမိနိုင်ငံနှင့် သင့်တင့်လျောက်ပတ်သော ဥပဒေများကို အများသဘောတူ ပြဋ္ဌာန်းထားကြသည်။ ဥပဒေကို ဖောက်ဖျက်သူများအား အထိုက်အလျောက် အပြစ်ဒဏ် ပေးကြရလေသည်။
 
ယဉ်ကျေးမှု မပြည့်စုံသေးမီ ရှေးခေတ်က လူများသည် မိမိတို့ နေထိုင်သော အဖွဲ့အစည်းတွင် လူအများ လိုက်နာကျင့်သုံးရန် စည်းကမ်းများ ဥပဒေများကို သတ်မှတ် ထားခြင်း မရှိချေ။ သို့ရာတွင် နှစ်ကာလကြာ မြင့်သော်၊ လူတို့၏နေရေးထိုင်ရေး၊ သာယာမှု၊ ငြိမ်းချမ်းမှုအတွက် အိမ်နားနီးချင်းများသည် တစ်ဦး၏ အလိုကို တစ်ဦးက လေးစားရန် လိုအပ်ကြောင်းကို သိလာကြသည်။ ဤသို့အားဖြင့် ဓလေ့ထုံးစံများ ပေါ်လာ သည်။ သို့ရာတွင် [[ဓလေ့ထုံးစံ]]များမှာ ပုံသေမဟုတ်၊ ရေးမှတ်ထားခြင်း လည်း မရှိ၊ ယင်းတို့ကို အမြဲတမ်းလည်း မလိုက်နာကြချေ။ ဓလေ့ထုံးစံများကို မလိုက်နာသူများအား ကဲ့ရဲ့သင်္ဂြိုဟ်ခြင်း၊ အပေါင်းအသင်း အဖြစ်မှ ရပ်စဲခြင်းကိုသာ ပြုလုပ်၍ မအောင်မြင်သောအခါမှသာလျှင် အုပ်ချုပ်သူ အစိုးရများက ဝင်ရောက် စွက်ဖက်၍ လူများလိုက်နာရန် ဥပဒေများကို ပြဋ္ဌာန်းပေးလေတော့သည်။ ယခု အခါတွင် ဥပဒေဆိုသည်မှာ လူများ လိုက်နာကျင့်သုံးရန်အတွက် အာဏာပိုင်များ ပြဋ္ဌာန်းထားသော စည်းကမ်းများဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ကြသည်။ ဥပဒေဟု ဆိုရာ၌ ဥပဒေအမျိုးမျိုးရှိသည်ကို သတိထားသင့်သည်။ ရှေးဟောင်း[[ရောမ]]ဥပဒေ၊ [[အင်္ဂလိပ်]]မိရိုးဖလာဥပဒေ၊ ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေ (ဝါ) အက်ဥပဒေ၊ အယူဝါဒဆိုင်ရာဥပဒေ၊ အက်ကွီတီခေါ် သာတူညီမျှ ဥပဒေ စသည်ဖြင့် ခြားနားလေသည်။ ယခု ကျွန်ုပ်တို့ လက်ထက်တိုင်အောင် တည်ရှိနေ သော ဥပဒေများထဲတွင် ရှေးအကျဆုံးသော ဥပဒေမှာ [[ဘီစီ]] ၂၁ဝဝ ခန့်တွင် နန်းစံခဲ့သော [[ဗက်ဗီးလုံးနီးယားနိုင်ငံ|ဗက်ဗီလုံးနီးယား]] ပြည့်ရှင် [[ဟမ္မူရာဗီ]] ပြုလုပ်ခဲ့သော ဥပဒေများဖြစ်သည်။
"https://my.wikipedia.org/wiki/ဥပဒေ" မှ ရယူရန်