ဉာဏ်သစ် အရေးတော်ပုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ဉာဏ်သစ်အရေးတော်ပုံ''' ဟူသည်မှာ ၁၃ နှင့် ၁၄ ရာစုနှစ်အတွင်း [[အီတလီနိုင်ငံ]]တွင် စတင်ထွန်းကား၍၊ [[ဥရောပ]]နိုင်ငံများသို့
ပျံ့နှံ့သွားသော ရီနေဆွန်းခေတ်၏ အခြင်းအရာဖြစ်သည်။ ခရစ် ၁၈၃ဝ- ၆ဝ ပြည့်နှစ် အတွင်း၌ထင်ရှားသော စာပေပညာရှင်
တို့သည် အဆိုပါ အီတလီနိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့သော ခေတ်၏သဘောကို ဆင်ခြင်သုံးသပ်သည့်အခါ ထိုခေတ်၌
စာကြောင်း ၄၄ -
အနုပညာယဉ်ကျေးမှုတို့တွင် စူးစမ်းရှာဖွေလာကြသည်။ ဤတွင် ဂရိနှင့်ရောမ ရှေးဟောင်းစံပြစာပေနှင့် အနုပညာယဉ်ကျေးမှုတို့
၌ မိမိတို့လိုရာကို တွေ့ရှိလာကြသည်။ ထိုကြောင့် ထိုခေတ် တွင် အထက်ကပြဆိုခဲ့သော လောကတ္ထစရိယလမ်းစဉ် ထွန်းကားလာသည့်အပြင်၊ ရှေးဟောင်းစာပေ လေ့လာခြင်းသည်လည်း ခေတ်၏သဘောဖြစ်လာလေသည်။ ရီနေဆွန်းခေတ်မတိုင်းမီက ဥရောပတိုက်ရှိ တိုင်းပြည်တို့ သည် လက်တင်ဘာသာဖြင့်ရေးသားသော စာပေကိုမှ စာပေမြောက်သည်ဟု ယူဆကြသည်။ ထိုကြောင့် စာပေပြုစုရာ၌ တိုင်းရင်းဘာသာဖြင့် မပြုစုဘဲ၊ လက်တင်ဘာသာဖြင့်သာ ပြုစုလေ့ရှိသည်။ ထိုကဲ့သို့သော အခြေတွင် အီတာလျံလူမျိုး ကဗျာ ဆရာကြီး ဒန်တီ (ခရစ် ၁၂၆၅-၁၃၂၁)သည် 'ဒီဗိုင်းကော်မီဒီ' လင်္ကာကို အီတာလျံဘာသာဖြင့် စီကုံးရေးသားလေသည်။ ဤ
အတွက်ကြောင့် ဒန်တီကို ဉာဏ်သစ်အရေးပုံ၏ ရှေ့ပြေးပုဂ္ဂိုလ် ဟုခေါ်ဆိုကြသည်။ [[ဒန်တီ၊ အလီဂျာရီ]]
 
သို့ရာတွင် စာပေ လောက၌ ဉာဏ်သစ်အရေးပုံကို စတင်ခဲ့သူကား ပီးထရတ် (ခရစ် ၁၃ဝ၄-၇၄)ဖြစ်သည်ဟု စာပေပညာရှင်တို့ကဆိုကြ
စာကြောင်း ၆၅ -
 
စာပေဖွံ့ဖြိုးတိုးတက်သည့်နည်းတူ ပန်းချီ၊ ရုပ်ထု၊ ပိသု ကာစသော အနုပညာတို့သည်လည်း ဖွံ့ဖြိုးတိုးတက်လာလေ
သည်။ ၁၅ ရာစုနှစ်နှင့် ၁၆ ရာစုနှစ်အကြားတွင် [[ရာဖယ်|ရက်ဖီအယ်]]၊ [[လီယိုနာဒိုဒါဗင်ချီ|လီယိုနာဒို ဒါဗင်းချိ]]၊ [[မိုက်ကယ်အိန်ဂျလို|မိုက်ကယ်အန် ဂျလို]]၊ [[တစ်ရှန်]]တို့၏
ပန်းချီလက်ရာတို့သည် ဉာဏ်သစ်အရေးပုံ ထိပ်ဆုံးသို့ ရောက်ခဲ့သည်ကိုပြလေသည်။
ဖလန်းဒါး၊ ဟော်လန်၊ ဂျာမနီနိုင်ငံတို့တွင် ဗန်အိုက်၊ ဒူရာဟောလဗိုင်းစသော ပန်းချီ ပညာရှင်တို့သည် သူတို့နှင့်ဆိုင်ရာ တိုင်းပြည်တွင် ဉာဏ်သစ် အရေးပုံကို တည်ထောင်ခဲ့ကြသည်။
 
အသစ်တည်ထောင်သော သဘောတို့ကိုပြရလျှင်၊ [[ပြင်သစ်]]နိုင်ငံတွင် ရက်ဗီလေး အက်(ဖ)၊ ( ရက်ဗီလေး အက်(ဖ)။) [[စပိန်နိုင်ငံ]]တွင် [[သာဗင်တေး]]၊ အင်္ဂလန်ပြည် တွင် [[ရှိတ်စပီးယား]]ဟူသော ပုဂ္ဂိုလ်တို့၏ အရေးအသားကို ပြရမည် ဖြစ်၏။
[[သိပ္ပံ]]ပညာရပ်တို့၌ အသိဉာဏ်ဆန်းသစ်ထွန်းကားလာပုံကို မူကား [[နီကိုလာ့စ် ကော်ပါးနိကပ်စ်|ကော့ပါးနီကပ်]]၊ [[အန်းဒရိယ ဗီဆေးလိယပ်|ဗိဆေးလိယပ်]]၊ [[ဂယ်လီလေအို]]ဟူသော ပညာရှင်တို့၏ ရှာဖွေစမ်းသပ်ချက်တို့၌ တွေ့မြင်နိုင်သည်။
ဒီးအတ်၊ ဗတ်ရှကူးသဂါမ၊ [[ခရစ္စတိုဖာ ကိုလံဘတ်|ကိုလံဗပ်]]၊ မဂျဲလန်စသော ခရီးသည် တို့၏ စူးစမ်းရှာဖွေမှုတို့သည်လည်း ဉာဏ်သစ်အရေးပုံတည်
ဆောက်ရာ၌ အကျုံးဝင်လေသည်။
ဥရောပသမိုင်း အလိုအားဖြင့်၊ ထိုဉာဏ်သစ်အရေးပုံသည် အင်္ဂလန်ပြည် အယ်လစ်ဇဗက်ဘုရင်မကွယ်လွန်သော ခရစ် ၁၆ဝ၃ ခုနှစ်မှ
စာကြောင်း ၈၀ -
<references/>
 
[[Category:အနောက်တိုင်း ယဉ်ကျေးမှုး]]
[[Category:ကမ္ဘာ့သမိုင်း]]