ကုံကုမံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Safran-Weinviertel Niederreiter 2 Gramm 8285.jpg|thumb|ပန်းပွင့်မှ ခြွေ၍ အခြောက်ခံထားသော ကုံကုမံ ဝတ်ဆံ]]
'''ကုံကုမံ''' (Saffron) သည် အဖိုးတန်သော ပန်းဝတ်ဆံ တစ်မျိုးဖြစ်၍ ယင်းတို့ကို ရှေးရောမနှင့် ဂရိလူမျိုးတို့ လက်ထက်မှ အစပြုကာ လိမ္မော်ရောင် ဆိုးဆေးအဖြစ် သော်လည်းကောင်း၊ အမွှေးနံ့သာ အဖြစ်သော် လည်းကောင်း ဘယဆေး အဖြစ်သော် လည်းကောင်း၊ အစဉ်အဆက် အသုံးပြုလာခဲ့ကြသည်။ ရှေးခေတ်ဂရိနှင့် [[အိုင်ယာလန်နိုင်ငံ]]တို့တွင် ကုံကုမံသည် အထက်တန်းကျလှသော ထီးသုံးနန်းသုံး ဆိုးဆေးဖြစ်ခဲ့ဘူးသည်။ [[အိန္ဒိယ]]နှင့် [[မြန်မာနိုင်ငံ]]တွင် [[ဒန်ပေါက်ဒံပေါက်]]ထမင်း၌ ထည့်လေ့ရှိသဖြင့် လူသိများသည်။ ဤကဲ့သို့ ထမင်းဟင်းလျာများ၌ ထည့်သောအခါ ကုံကုမံတွင် အပူဓာတ် ပါဝင်သောကြောင့် အစာကြေသည်ဟု ဆိုသည်။
 
ကုံကုမံကို ကိတ်မုန့်၊ ချိုချဉ်သကြားလုံး စသည်များတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ ဆေးဖက်ဝင်သည် ဆိုသော်လည်း အမှန်စင်စစ် ကုံကုမံ၌ ရောဂါများကို ပျောက်ကင်းစေနိုင်သော သတ္တိမရှိဟု သိရသည်။ ကုံကုမံပင်များ ပေါက်ရာဒေသမှာ ဥရောပအနောက်တောင်ပိုင်း၊ ဂရိနိုင်ငံနှင့် အီရန်(ပါရှား)နိုင်ငံများ ပါဝင်သော မြေထဲပင်လယ် အရှေ့ဒေသ တဝိုက်ဖြစ်သည်။ နောင်သော် ကုံကုမံ၏ အဖိုးတန်မှုကြောင့် ကုံကုမံပင်များကို [[စပိန်နိုင်ငံ]]၊ [[အင်္ဂလန်နိုင်ငံ]]၊ [[ပင်ဆယ်ဗေးနီးယားပြည်နယ်]] (အမေရိကန်) စသော အခြားနိုင်ငံများ၌ လည်း စိုက်ပျိုးလာကြသည်။