ထန်းပင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး rm deleted photo
စာကြောင်း ၇၆ -
== ထန်းမျိုးစိတ် ==
ထန်းသည် ရုက္ခဗေဒအလိုအားဖြင့် '''ပါလမေစီအေး''' [http://en.wikipedia.org/wiki/Palmaceae (Palmaceae)] သို့မဟုတ် '''ပါမီ''' (Palmy) မျိုးရင်းတွင် ပါဝင်သည်။ ထိုမျိုးရင်းတွင် ထန်းပင်အပြင် အပင်မျိုးပေါင်း ၁၅၀၀ ကျော် ရှိလေသည်။ ပေပင်၊ အုန်းပင်၊ [[ကွမ်းသီးပင်]]၊ ဓနိပင်၊ စလူပင်၊ စွန်ပလွန်ပင်၊ ဆပ်သားဖူးပင် စသည်တို့သည် ထန်းပင်နှင့် မျိုးချင်းစပ်အပင်များ ဖြစ်ကြသည်။
[[File: Borassus flabellifer Asian Palmyra palm 3.jpg|thumb|ထန်းပင်မှ ထန်းသီးများ]]
== ပုံပန်းသဏ္ဌာန် ==
ထန်းအမျိုးဝင်အပင်တို့အား အရွက်ကိုလိုက်၍ နှစ်မျိုးခွဲခြားထားသည်။ တစ်မျိုးမှာ ငှက်မွေးပုံဖြစ်ပြီး ကျန်တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်လေသည်။ အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွန်ပင်တို့သည် ငှက်မွေးပုံအရွက်ရှိသော အပင်မျိုးများဖြစ်ကြ၏။ ပေပင်နှင့် ထန်းပင်တို့မှာမူ ယပ်တောင်ပုံအရွက်များ ရှိကြလေသည်။ ထိုယပ်တောင်ပုံအရွက်ရှိသော ထန်းတို့ကို ကော်ရီဖာ ထန်း (Corypha Palm) နှင့် တော့ဒီ ထန်း [http://en.wikipedia.org/wiki/Toddy_palm (Toddy Palm)] ဟူ၍ ခေါ်သည်။