မြားပစ်အားကစား: တည်းဖြတ်မှု မူကွဲများ
merged
အရေးမကြီး (suggest to merge) |
(merged) |
||
'''မြားပစ်အားကစား''' (Archery Sport)သည် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများ၌ဉီးစားပေးထည့် သွင်းကျင်းပသောအားကစားနည်းတစ်ရပ်ဖြစ်သည်။ ကမာဘ့အိုလံပစ်အားကစားပြိုင်ပွဲ၌မြားပစ်အားကစား နည်းကို ၁၉ဝဝပြည့်နှစ်တွင် စတင်ထည့်သွင်းကျင်းပခဲ့သည်။ ၁၉ဝ၄၊ ၁၉ဝ၈နှင့် ၁၉၂ဝအိုလံပစ်ပြိုင်ပွဲတို့၌ လည်း မြားပစ်အားကစားပါဎင်ခဲ့သည်။ သို့သော် ၁၉၂ဝ နောက်ပိုင်းတွင်မူမြားပစ်အားကစားနည်းသည် အိုလံပစ်ပြိုင်ပွဲ၌နှစ်ပေါင်းအတန်ကြာပျောက်ကွယ်နေခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ကျင်းပသော မြူးနစ်အိုလံပစ်မှစ၍ ပြီးခဲ့သည့်၂ဝ၁၂လန်ဒန်အိုလံပစ်အထိ အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားပါဎင်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲ(Asian Games)၌လည်း မြားပစ်အားကစားနည်းကို ၁၉၇၈ခုနှစ်မှစတင်ထည့်သွင်းကျင်းပခဲ့သည်။အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(Sea Games)၌ ၁၉၇၇ ခုနှစ်တွင် မြားပစ်အားကစားနည်း စတင်ထည့်သွင်းခဲ့သည်။ယင်းနောက် ၁၉၉၉ခုနှစ်မှလွဲ၍ ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားနည်းပါဝင်ခဲ့သည်။
နိုင်ငံတကာမြားပစ်ပြိုင်ပွဲများတွင် ပွဲစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်သူများ၏ အဆင့်သတ်မှတ်သောပွဲစဉ်ကို စတင်ကျင်းပသည်။ ( မှတ်ချက် တံခွန်စိုက်မြားပစ်ပြိုင်ပွဲများ၌ အဆင့်သတ်မှတ်မှုမှ ရမှတ်များအပေါ် ရွေ၊ငွေ၊ကြေး ဆုတံဆိပ်ချီးမြှင့်သော်လည်း အိုလံပစ်နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲတို့တွင်မူ ဆုချီးမြှင့်မှုမရှိပေ။) ယင်းပွဲ စဉ်မှာ ပါဝင်ယှဉ်ပြိုင်သူ ပြိုင်ပွဲဝင်များအနေဖြင့် မြား(၇၂) ချောင်းစီယှဉ်ပြိုင်ရပြီး ရရှိသော ရမှတ်အလိုက်အဆင့်သတ်မှတ်သည်။ ပေါ်ထွက်လာသော အဆင့်သတ်မှတ်ချက်များအရ အကောင်းဆုံးရ မှတ်ရရှိသူနှင့် အနိမ့်ဆုံးရမှတ်ရရှိသူတို့ကို အတွဲများတွဲပေးကာ ရှုံးထွက်စနစ်ဖြင့်ပြိုင်ပွဲကို ဆက်လက်ကျင်း ပသည်။ အိုလံပစ်ပြိုင်ပွဲများတွင် ပွဲစဉ်တစ်ခု၌ ပြိုင်ပွဲဝင် (၆၄) ဦးသတ်မှတ်ထားပြီး ယင်း (၆၄) ဦးကို အဆင့် သတ်မှတ်မှုယှဉ်ပြိုင်စေပြီးနောက် အဆင့် (၁) ရရှိသူကို အဆင့် (၆၄ )နှင့်လည်းကောင်း၊ အဆင့် (၂) ရရှိသူ ကို အဆင့် (၆၃)ဖြင့်လည်းကောင်း စသည်ဖြင့် အတွဲများတွဲကာ ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ရှုံးထွက် အဆင့် ပွဲစဉ်များတွင်ပြိုင်ပွဲဝင်တစ်ဦးသည် တစ်ကြိမ်လှျင် မြား(၃)ချောင်းဖြင့် ပွဲငယ် (၆) ပွဲ(6 Ends ) ယှဉ်ပြိုင်ရသည်။ ပွဲငယ်အများဆုံးအနိုင်ရရှိသူမှာ နောက်တစ်ဆင့်သို့တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ် သည်။ ပွဲငယ်အနိုင်၊ အရှုံးရလဒ်တူညီနေပါက အရှုံး၊အနိုင်ပေါ်သည်အထိ မြားပိုတစ်ချောင်းစီထပ်မံယှဉ် ပြိုင်ရသည်။ မြား(၃)ချောင်းအတွက် သတ်မှတ်ခွင့်ပြုချိန်မှာ စကကန့်(၁၂ဝ) ဖြစ်သည်။ ကမာဘ့မြှားပစ်ပြိုင်ပွဲများ တွင် လွမ်းမိုးထားနိုင်သူများမှာ တောင်ကိုရီးယား မြားပစ်မောင်/မယ် တို့ဖြစ်သည်။ အရှေ့တောင်အာရှ အဆင့်တွင်မူ အင်ဒိုနီးရှား၊မြန်မာနှင့် ဗီယက်နမ်တို့က ထိပ်တန်းအဆင့်တွင်ရပ်တည်လျက်ရှိသည်။ လာမည့် ၂ဝ၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြားပစ်အားကစားနည်းပါဝင်မည်ဖြစ်ကာ စုစုပေါင်းရွေ့တံဆိပ် (၁ဝ)ခု ချီးမြှင့်ရန်စီစဉ်ထားကြောင်း သိရှိရသည်။
[[အဋ္ဌာရသ ၁၈ ရပ်|အဋ္ဌာရသတဆယ့်ရှစ်ရပ်]]ဝင် အတတ်တစ်မျိုး
ရှေးအခါက စစ်တိုက်၊ တောကစားထွက် စသည်တို့၌အလွန်အရေးပါခဲ့သော
လေးအတတ်သည် ယမ်းနှင့် သတ္တုလက်နက်များပေါ်သည့် အချိန်မှစ၍
အပျင်းပြေလေ့ကျင့်သော အတတ်မျှသာ ဖြစ်နေလေသည်။
==လေးအတတ်==
လေးအတတ်သည် ရှေးအခါက စစ်တိုက်ရာတွင်
လည်းကောင်း၊ အသက် အိုးအိမ် စည်းစိမ်ကာကွယ်ရာတွင်လည်းကောင်း၊
တောကစားထွက်ရာတွင်လည်းကောင်း အလွန်အရေးပါအရာရောက်ခဲ့သည်
အားလျော်စွာ ယောကျာ်းတိုင်းတတ်အပ်သော အတတ်ဖြစ်ခဲ့၍ အလွန်လည်း
ခေတ်စားခဲ့သည်။ သို့သော် ၁၄ ရာစုနှစ်သို့ရောက်၍ ယမ်းနှင့် သတ္တုလက်
နက်များ ပေါ်ပေါက်လာသောအခါ လေးအတတ်သည် တဖြည်းဖြည်း တိမ်
ကောပပျောက်လာရာ နောက်ဆုံး ယခုခေတ်တွင်ကား အပျင်းပြေပျော်ပွဲ
လောက်အတွက်သာ ထိုအတတ်ကို လေ့ကျင့်ကြတော့သည်။ လေးအတတ်
သည် ကျင့်သားများ၍ ကျွမ်းကျင်မှုရှိမှသာ လက်ဖြောင့်နိုင်သည်။ အချို့
လေးသမားတို့သည် လေးပစ်ရာ၌ အလွန်ကျင်လျင်ရကား မြားများကို အမျိုး
မျိုးပစ်ပြနိုင်ကြသည်။
ယခုခေတ်တွင် လေးပစ်ရာ၌ မြားများကို ကောက်ရိုးဖြင့် လုပ်
ထားသော ပစ်ကွင်းများသို့ ပစ်၍ကျင့်ကြသည်။ ဤပစ်ကွင်းများသည်
အချင်းလေးပေရှိ၍ ယင်းတို့အပေါ် အရောင်အမျိုးမျိုးရှိသော စက်ဝိုင်းများ
ရေးဆွဲထားသည်။ ထိုစက်ဝိုင်းများကာ လေးပစ်သူအတွက် အမှတ်တန်ဖိုး
အမျိုးမျိုးရှိသော စက်ဝိုင်းများဖြစ်ကြသည်။ ပစ်လိုက်သောမြားသည် အပြင်
ဆုံးဖြစ်သည့် အဖြူစက်ဝိုင်းကိုသာမှန်လျှင် ပစ်သူအတွက် တစ်မှတ်သာရ၏။
အဖြူအတွင်းဘက်ရှိ အမည်းစက်ဝိုင်းကို မှန်လျှင် သုံးမှတ်ရ၏။ တစ်ဖန်
အမည်းအတွင်းဘက်ရှိ အပြာစက်ဝိုင်းကိုမှန်လျှင် ငါးမှတ်ရ၏။ အပြာစက်
ဝိုင်းအတွင်းဖက်ရှိ နီနီစက်ဝိုင်းကိုမှန်လျှင် ခုနစ်မှတ်ရ၏။ ရွှေရောင်ရှိသော
အလယ်ဗဟိုချက်ကို မှန်လျှင်ကား ပစ်သူအတွက် ကိုးမှတ်ရတော့၏။
အကယ်၍ မြားသည် အရောင်နှစ်ခုစပ်ကြားတွင်မှန်လျှင် အတွင်းစက်ဝိုင်း
ကိုမှန်သည်ဟု ယူဆရလေသည်။
လေးသမားများသည် များသောအားဖြင့် ပြိုင်ပွဲတွင် ဝင်ရောက်
ယှဉ်ပြိုင်ပစ်ကြသည်။ ပစ်ကြရာ၌ အင်္ဂလန်ပြည်တွင် လေးသမားတစ်
ယောက်သည် စုစုပေါင်းမြားအစင်း ၁၄၄ စင်း ပစ်ခွင့်ရသည်။ ပထမ မြား
၇၂ စင်းဖြင့် ပစ်ကွင်းကို ကိုက် ၁ဝဝ အကွာမှလည်းကောင်း၊ ဒုတိယမြား
၄၈ စင်းဖြင့် ၈ဝ အကွာမှလည်းကောင်း၊ တတိယမြား ၂၄ စင်းဖြင့်ကိုက်
၆ဝ အကွာမှလည်းကောင်း ပစ်ရသည်။ [[အမေရိကန်နိုင်ငံ]]၌မူ လေးသမားတစ်
ယောက်သည် တစ်ချီလျှင် စုစုပေါင်း မြားအစင်း ၉ဝ ပစ်ခွင့်ရ၍ ပထမ
မြားအစင်း ၃ဝ ဖြင့် ပစ်ကွင်းကို ကိုက် ၄ဝ ကွာမှလည်းကောင်း၊ ဒုတိယ
မြားအစင်း ၃ဝ ဖြင့် ကိုက် ၅ဝ အကွာမှလည်းကောင်း၊ တတိယမြားအစင်း
၃ဝ ဖြင့် ကိုက် ၆ဝ အကွာမှလည်းကောင်း အသီးအသီးပစ်ရသည်။ မြို့
တော်ပြိုင်ပွဲတွင်ကား လေးသမားတစ်ယောက်သည် တစ်ချီလျှင် မြားအစင်း
စုစုပေါင်း ၁၅ဝ ပစ်ခွင့်ရရာ ပစ်ကွင်းကို ကိုက် ၁ဝဝ၊ ကိုက် ၈ဝ၊ ကိုက်
၆ဝ၊ ကိုက် ၅ဝ၊ ကိုက် ၄ဝ အကွာမှ မြားအစင်း ၃ဝ စီဖြင့် ပစ်ရလေ
သည်။
လေးပစ်ပြိုင်ပွဲတွင် အသုံးပြုသောလေးများသည် ငါးပေမှ ခြောက်
ပေအထိရှည်၍ ရှောက်သား၊ လိမ္မော်သား၊ ကျောက်ထင်းရှူးသား စသည့်
မာကျော ပျော့ပျောင်းသော သစ်သားများဖြင့် ပြုလုပ်ထားကြသည်။ အချို့
လေးများကိုမူ သံမဏိဖြင့် ပြုလုပ်ကြသည်။ လေးကြိုးများကို အလွန်ခိုင်မာ
သော လျှော်မျှင်များကို ကျစ်၍ပြုလုပ်သည်။ မြားတံများကို သစ်သားအမျိုး
မျိုးဖြင့် ပြုလုပ်ပြီးလျှင် မြားထိပ် များကိုမူ သံမဏိချွန်များဖြင့် တပ်ထားကြ
သည်။ အချို့သော မြားများသည် ပေါ့ပါးသော ခေါင်းပွသံ များဖြစ်ကြ
သည်။ ပစ်လိုက်သည့် မြားသည် ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်ရန် အမြီး
ဖျားတွင် ငှက်မွေးများတပ်ထားသည်။ မြားပစ်သည့်အခါ မြားသည် လေး
ကြိုးထဲ၌ အံကျရှိနေစေရန် ငှက်မွေးတပ်ထားသော အမြီးဖျားပိုင်း၌ အနည်း
ငယ်ဟိုက်ထားသည်။ မြားများထည့်သည့် မြားအိမ်ကား ရှည်ရှည်လုံးလုံး
ဖြစ်၍ ပခုံးတွင် ကြိုးတပ်၍ လွယ်ထားရသည်။ လေးပစ်ခြင်းကို 0x100သစတြေး
လီးယားတိုက်မှတစ်ပါး ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးအသီးတို့တွင် တွေ့ရ
သည်။ အချို့သော ဂူနံရံများတွင် ရှေးလေးသမားများ၏ပုံများကို တွေ့ရ
သည်။ ၁၅ ရာစုနှစ်နောက်ပိုင်းတွင်မှ စစ်တိုက်ကြရာတွင် လေးနှင့်မြား
အစား မီးပေါက်လက်နက်များကို အသုံးပြုလာကြသည်။ သို့ရာတွင် ပြိုင်ပွဲ၌
ပစ်ကွင်းဖြင့် ယှဉ်ပြိုင်ပစ်ခြင်းနှင့် တိရစ္ဆာန်ငယ်ကလေးများအား အမဲလိုက်
ခြင်းတို့၌ လေးနှင့်မြားကို ယခုတိုင်အောင် အသုံးပြုလျက်ရှိရာ လူကြိုက်
များသော ဖျော်ဖြေမှုတစ်ရပ်ဖြစ်နေပေသေးသည်။ အမေရိကန် အင်ဒီးယန်း
တို့သည် စစ်တိုက်ရာ၌လည်းကောင်း၊ အမဲလိုက်ရာ၌လည်းကောင်း လေးနှင့်
မြားကို အထူးအားကိုးအားထားပြုကြသည်။ တာတိုပစ်ရာ၌ ယင်းတို့သည်
အထူးလက်ဖြောင့်ကြသော်လည်း သိပ္ပံနည်း မကျမှုကြောင့် ယခုခေတ် လေး
သမားများ၏ လက်စွမ်းမှုကို လိုက်မမီနိုင်ကြချေ။
လေးအတတ်သည် သာသနာတော်ကျမ်းဂန်၊ လောကီကျမ်းဂန်တို့
၌လာသော တစ်ဆယ့်ရှစ်ရပ်သော ပညာမျိုးတွင် အပါအဝင်ဖြစ်၍ ထိုထို
ကျမ်းဂန်တို့ အလိုအားဖြင့် လေးအပြားသုံးပါးရှိ၏။ ယင်းတို့မှာ (၁) ပိုလ်
နှစ်ထောင်နိုင်သော ဒဠ|ဓနုခေါ် လေးတစ်မျိုး။ ကျမ်းဂန်တို့တွင် ပိုလ်နှစ်
ထောင်နိုင်သော ဒဠ|ဓနုလေးဟူသည်ကား ထန်းပင်အပေါ်သားကို လုပ်သော
လေးတည်း။ ထိုလေးကို ညို့တင်ပြီးလျှင် ညို့အလယ်၌ ပိုလ်နှစ်ထောင်ရှိ
သော (တပိုလ်လျှင် လေးကျပ်သားမျှရှိ၏။) ဝန်ကိုချည်၍လေးကိုင်းကို
ကိုင်ပြီး ချီကြွသောအခါ ပိုလ်နှစ်ထောင်ထုပ်မြေမှ လွတ်သည့်ကာလ လေး
ကိုင်းနှင့် လေးညို့မြား တစ်ပြန်ခန့်ကွာလျှင် ပိုလ်နှစ်ထောင်နိုင်သော လေး
မည်၏။ မြားတစ်ပြန်ထက်ကျယ်လျှင် လေးပျော့သည်။ ပိုလ်နှစ်ထောင်မနိုင်။
မြားတစ်ပြန်ရှိအောင်မကျယ်လျှင် လေးမာသည်ဟုသိရ၏။ (ဤထန်းသား
လေးကား အနောက်တိုင်းပြည် မဇ္ဈိမဒေသများတွင် ရှေးအခါက အများသုံးစွဲ
ကိုင်ဆောင်သော လေးဟုဆို၏။) (၂) ဗိုလ်တစ်ထောင်တင်လေးခေါ်
သဟဿထာမ လေးတစ်မျိုး။ ဇနကမင်းသား၊ သိဒ္ဓတ္ထမင်းသားတို့တင်၍ပစ်
သော လေးမူကားလက်နက်ကိုင် ဗိုလ်ခြေယောက်ျားတစ်ထောင်တင်မှ ချမှရ
သည်။ ထိုဗိုလ်တစ်ထောင်တင်မှ ရသောလေးဟုသိရာသည်။ (၃) သဟဿ
ဗာဟု လေးခေါ် လက်မောင်းတစ်ထောင်၊ လက်နက်ကိုင်ငါးရာတင်လေး
တစ်မျိုး။ ပဏ္ဍုမည်သော အိမ်ရှေ့မင်း၏ သားတော်ငါးယောက်တို့တွင် လေး
အတတ်၌ ကမ်းတစ်ဖက်သို့ရောက်သော အဇ္ဇုနမင်းသားကိုင်သော လေးကား
လက်နက်ကိုင် လူငါးရာ လက်မောင်းတစ်ထောင်တင်မှ ချမှရသော သဟ
ဿဗာဟု လေးဟူ၍ ဘူရိဒတ်ဇာတ်တော်တွင်ဆိုသည်။
ထို့ပြင် လေးပစ်အတတ် (ဝါ) မြားရေးတို့ကိုလည်း (၁) လျှပ်
တစ်ပြက်ကို အချက်အသောင်း အသိန်းပစ်ခြင်းတည်းဟူသော အက္ခဏဝေဓိ
အတတ်၊ (၂) ခါးရမ်သီးစသော အမှတ်ကို ချက်ရာမစပ်မှန်အောင်ပစ်ခြင်း၊
သားမြီးမွေးမျှင်ကိုလျက် ထက်ဝက်ထွင်းအောင် ပစ်ခြင်းတည်းဟူသော ဝါလ
ဝေဓိအတတ်၊ (၃) ရှေ့ပစ်လိုက်သောမြားကို နောက်မြားဖြင့် မှန်အောင်ပစ်
ခြင်းတည်းဟူသော သရဝေဓိအတတ်၊ (၄) မျက်စိဖြင့်မမြင်ဘဲ အသံကိုနား
ထောင်၍ မှန်အောင်ပစ်ခြင်းတည်းဟူသော သဒ္ဒဝေဓိအတတ်ဟူ၍ မြားရေး
ကြီးလေးပါး။ နွယ်တန်းကဲ့သို့ မြားတန်းမပြတ်အောင် ပစ်ခြင်းတည်းဟူသော
သရလဋ္ဌိအတတ်၊ ကြိုးအစဉ်ကဲ့သို့ ပစ်ခြင်းတည်းဟူသော သရရဇ္ဇုအတတ်၊
မြားပြာသာဒ်ဆင့် တက်အောင်ပစ်ခြင်းတည်းဟူသော သရပါသာဒအတတ်၊
မြားစောင်းတန်းဆင့် တက်အောင်ပစ်ခြင်းတည်းဟူသော သရသောပါန
အတတ်၊ မြားကို မြားဖြင့်ဆီးကာအောင် ပစ်ခြင်းတည်းဟူသော သရပ္ပဋိ
ဗာဟနအတတ်၊ မဏ္ဍပ်အုပ်သကဲ့သို့ ပစ်ခြင်းတည်းဟူသော သရမဏ္ဍပ
အတတ်၊ မြားတန်တိုင်းဝိုင်းအောင် ပစ်ခြင်းတည်းဟူသော သရပါကာရ
အတတ်၊ လေးထောင့်ကန်ကဲ့သို့ တည်အောင်ပစ်ခြင်းတည်းဟူသော သရ
ပေါက္ခရဏီအတတ်၊ ပဒုမာပွင့်ချပ်ကဲ့သို့ မြားထပ်အဆိုင်ဆိုင်တက်အောင်ပစ်
ခြင်းတည်းဟူသော သရပဒုမအတတ်၊ မြားမိုးရွာစေခြင်းတည်းဟူသော သရ
ဝဿအတတ်၊ မြားစက်ဝန်းသွားအောင် ပစ်ခြင်းတည်းဟူသော စက္ကဝိဓံသန
အတတ်၊ မြားရဟတ်လည်အောင် ပစ်ခြင်းတည်းဟူသော သရအဝဓအတတ်
ဟူ၍ မြားရေးငယ် တစ်ဆယ့်နှစ်ပါး စသည်ဖြင့်ဖော်ပြထားလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
==ကိုးကား==
{{Reflist}}
[[Category:အားကစား]]
|