အဇန္တလိုဏ်ဂူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed Category:ဂူ; added Category:ဂူများ using HotCat
အရေးမကြီးNo edit summary
စာကြောင်း ၁ -
 
==အဇန္တလိုဏ်ဂူ==
အိန္ဒိယသမ္မတနိုင်ငံ ယခင်ဟိုက်ဒရဗတ်ပြည်နယ်ယခု မဟာရဋ္ဌပြည်နယ်၏မြောက်ဘက် နယ်စပ်တွင်ရှိသော အဇန္တလိုဏ်ဂူသည် ဗိသုကာ၊ ပန်းတမော့နှင့် ပန်းချီ အတတ်တည်းဟူသော အနုပညာ သုံးရပ်၏ အကောင်းဆုံး လက်ရာများကို တစ်ပေါင်းတည်း တစ်ပြိုင်တည်း တွေ့ရှိရ သဖြင့် ထင်ရှားကျော်ကြားလေသည်။ အဇန္တလိုဏ်ဂူများရှိရာဒေသသည်ပင် သာယာကြည်နူးဖွယ်ရာကောင်းပေသည်။ ထိုဒေသသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းအစပ်၊ အညဒြီတောင်ကုန်းဒေသတွင် ပါဝင်၍၊ စိမ်းလန်းစိုပြည်သော သစ်ပင်တောအုပ်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိပြီးလျှင် လျှိုမြောင်ချောက်ကမ်းပါးတို့လည်း ပေါများသည်။ ဝါဂုရမြစ်သည် ဒက္ခိဏကုန်းပြင်မြင့်၏ မြောက်ဘက်ဆင်ခြေလျှောကို ဖြတ်သန်းလာရာ၊ ထိုအရပ်တွင် တံတောင်ဆစ်ချိုးကွေ့ လျက် ဗီရာနယ်နှင့်တပ္ပတိမြစ်ဝှမ်း မြေပြန့်ဒေသတို့ စီးဝင်လေသည်။